ဂူဂဲလ်ခရီးသည်မှနွေးထွေးစွာကြိုဆိုပါတယ်

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label ဗဟုသုတရ​စေမည့်​စာသား​လေးများ. Show all posts
Showing posts with label ဗဟုသုတရ​စေမည့်​စာသား​လေးများ. Show all posts

Sunday, August 2, 2015

မိန်းက​လေးနဲ့​ယောင်္ကျားဘယ်​သူပိုသစ္စာရှိလဲ

မိန်းမနဲ့ယောက်ျား ဘယ်သူပိုဖောက်ပြန်ကြသလဲ
-------------------------------------------------------

ဒီစာကို မိန်းကလေးတစ်ယောက်က ကိုယ်တိုင်ရေးထားခဲ့ပါတယ်။

အားလုံးမဆိုလိုပေမဲ့ ယေဘုယျတွက်မယ်ဆိုရင်တော့ဟုတ်ပါတယ်။
-
မဟုတ်ဘူးလို့တော့မငြင်းပါနဲ့တချို့အမိတို့
အတွဲတစ်တွဲရှိတယ်ထားနှစ်ယောက်စလုံးစိတ်ထိခိုက်နေချိန်
ကောင်လေးကိုသူ့ချစ်သူထက်
တခြားကောင်မလေးကအားပေးနှစ်သိမ့်
ဂရုစိုက်ကြင်နာပြတယ်ထားဦး
-
အဲ့ကောင်လေးကတခြားကောင်မလေးအပေါ်
သာယာတဲ့စိတ်က ၃၀ % ပဲရှိလိမ့်မယ်
ကောင်မလေးတွေကျတော့သူ့ချစ်သူထက်
တခြားကောင်လေးကအားပေးနှစ်သိမ့်
ဂရုစိုက်ကြင်နာပြတယ်ထားဦး
အဲ့ကောင်မလေးကတခြားကောင်လေးအပေါ်
သာယာတဲ့စိတ်က ၈၀ % ထိဲရှိလိမ့်မယ်
-
ယောက်ျားလေးနဲ့မိန်းကလေးလမ်းခွဲတယ်ထားဦး
မိန်းကလေးတွေကလမ်းခွဲတုန်းသာ
အသေငိုအသေလွမ်းကြခံစားကြတာ
၃ လ ၄ လဆိုရင်မေ့နိုင်ကြတာများပါတယ်
ယောက်ျားလေးတွေကျပြောင်းပြန်
လမ်းခွဲတုန်းကမိန်းကလေးတွေလောက်မခံစားရပေမယ့် အချိန်ကြာလာတာနဲ့အမျှအမှတ်တရတချို့နဲ့
ပိုပြီးခံစားရတက်တယ်
-
တချို့မိန်းကလေးတွေရှိသေးတယ်
အပြောပေါ့ထမင်းရည်သောက်ရသောက်ရ
ချစ်သူနဲ့အတူနေရရင်ဘဝကြီးပြည့်စုံပြီတဲ့
ဟားးးးးအဲ့ကောင်မလေးတွေမြန်မာကားတွေ
တော်တော်ကြည့်ပုံရတယ်
-
အဲ့ဒါမျိုးဆိုတာဇာတ်လမ်းတွေ ဝတ္ထုတွေထဲသာဖတ်လို့ကောင်းတာပါ
တကယ့်လက်တွေ့ဘဝမှာဘယ်မိန်းမမှ
အဲ့ဒီဘဝမှာမသာယာနိုင်ပါဘူး
ဘာလို့လဲဆိုတော့
-
ယောက်ျားတစ်ယောက်ကသူ့မှာချစ်သူရှိတယ်ထားဦး နောက်ထပ်သူကို ချစ်တဲ့ကောင်မလေးတွေရှိရင်တောင်
သူရွေးချယ်ထားတဲ့ချစ်သူဘက်ကိုပဲကြည့်တဲ့သူများတာပါ
မိန်းကလေးတွေကျတော့အဲ့လိုမဟုတ်ဘူး
သူ့မှာချစ်သူရှိလည်းနောက်ထပ်သူ့ကိုချစ်တဲ့
သူတွေရှိရင်အဲ့လူတွေကိုပါ
သူတို့ခေါင်းထဲထည့်တွက်ကျတယ် သာရင်သာသလိုနောက်ဆုံးဦးနှောက်နဲ့ရွေးသွားတဲ့သူတွေများတယ်
-
ယောက်ျားလေးအများစုက
ဦးနှောက်ကို 30 %
နှလုံးသားကို 70 %
-
မိန်းကလေးအများစုက
ဦးနှောက်ကို 70%
နှလုံးသားကို 30 % အဲ့လိုတွေရွေးတက်ကြတယ်
-
Credit To Myat Noe Chel


Posted via Blogaway

နှမချင်းစာတတ်​ပါ​စေ

…………….. “ ကိုယ်ချင်းစာတတ်ပါစေ”………………………
.
.. “ ကိုရန်နိုင် ကိုတခုလောက်မေးချင်လို့ပါ..ဟို ဟာ လေ တည်းခိုခန်းမဟုတ်ဘဲနဲ့
Section နဲ့နေလို့ရတဲ့အခန်းတွေ ရန်ကုန်ဘယ်နားတွေမှာရှိလဲလို့ သိချင်တာ”…..
ဒီကောင် စမေးကတည်းက ဘာကိုဆိုလိုချင်တယ် ဘာအတွက်လဲဆိုတာ
ကျွန်တော်သိလိုက်ပါတယ်.. ဒါပေမယ့် သိသိရက်နဲ့ သူ့ကိုမေးခွန်းပြန်ထုတ်လိုက်တယ်..
“ ညီလေး ဘာလုပ်ဖို့ရှိလို့လဲ” ဆိုတော့
“ဒီလိုပါ ကိုရန်နိုင်…. ဟိုတခါ အကို့ကို ကျွန်တော်ပြတဲ့ ကောင်မလေးလေ မှတ်မိလား..
Facebook မှာတွေ့တဲ့ ကောင်မလေး” .. အဲ့ စော်လေးက ကျွန်တော့်ကိုခိုက်နေတာ..
အပြင်မှာဆုံတာတော့ လေးငါးခါရှိပြီ .. သိပ်တော့မလှပါဘူး..
ဘာရယ်မဟုတ်ဘူး ကျွန်တော်လည်း အပျော်တွဲနေတာ..
(ဒီကောင် ပြောနေတာတွေကို စိတ်ထဲသိပ်တော့ ဘ၀င်မကျတော့..ဒါပေမယ့်
ခေါင်းပဲညိတ်ပြပြီး ဆက်နားထောင်နေလိုက်တယ်..)
“မနေ့က ချိန်းတွေ့တဲ့အချိန် နမ်းပြီး ဟိုကိုင်ဒီကိုင်လုပ်တာတောင် အေးဆေးပဲ
ဒါပေမယ့် တည်းခိုခန်းသွားဖို့ ပြောတာတော့ ဘယ်လိုမှ မရဘူးအကို..
သူ့သိက္ခာသူထိန်းတာပဲလား သွားရမှာ ရှက်တာလား လူမြင်မှာကြောက်တာလား
ဘယ်လိုလဲတော့မသိဘူး ..တော်တော်လေးတော့ လိုက်လျောပါတယ်”..
Section နဲ့နေလို့ရတဲ့ ရိုးရိုးအခန်းဆိုရင် အဆင်ပြေမယ်ထင်လို့ ကိုရန်နိုင်..ဒါကြောင့်
“…..တော်တော့ ညီလေး…. မင်းဆက်မပြောနဲ့တော့”.ကျွန်တော့်အသံနဲနဲတော့ မာသွားတယ်
“မင်း မှားနေပြီ ညီလေးး..ကိုယ့်ကို ချစ်လို့လိုက်လျောတဲ့ မိန်းကလေးတစ်ယောက်ကို
မင်း အဲလိုတော့ မလုပ်သင့်ဘူး ညီလေး..ပြီးတော့ မင်း သူ့ကိုတကယ်ချစ်လို့
မင်းလက်ထပ်မယ့် မိန်းကလေးဆိုရင်တောင် ငါအဲဒီ တည်းခိုခန်းသွားမယ့် ကိစ္စကို
အဲလောက် ပြောမှာမဟုတ်ဘူး..ခု မင်းကသူ့ကို အပျော်တွဲတာ မလုပ်သင့်ပါဘူးကွာ”…
“ကိုရန်နိုင်ကြီးကတော့ ပြောပြီဗျာ..ခုခေတ်စော်တွေမှာ ဒါတွေက မဆန်းတော့ပါဘူးဗျာ”:..တဲ့
“မင်းပြောသလို ငါက ခေတ်နောက်ကျတာပဲဖြစ်မှာပေါ့..ငါ့ကို လာမတိုင်ပင်နဲ့တော့..
ငါ အားမပေးဘူး ညီလေး”.. တကယ်ဆိုဒီချာတိတ်ကို ဒီထက်ပိုရှင်းပြချင်သည်..
ဒါပေမယ့် ကိုယ်တိုင်လည်း စိတ်ညစ်နေတဲ့အချိန်မို့ ထပ်မပြောဖြစ်တော့..ခက်သည်…
……
နေ့ခင်း ထမင်းစားနေတဲ့အချိန် ဒီကောင်ဖုန်းထပ်ဆက်လာတယ်..ညနေပိုင်း
ကန်တော်ကြီးနားက M3 မှာ သီချင်းသွားဟဲမယ်ဆိုပြီး ပြောလာတယ်…
ဒါနဲ့ ညနေရောက်တော့ ကန်တော်ကြီးဘက် ဒိုးကြတာပေါ့….
M3 မရောက်ခင် ကန်တော်ကြီးဝင်ပေါက်နားရောက်တော့ ဒီကောင်အတွဲတတွဲကို
လှမ်းကြည့်နေတယ်..ကျွန်တော် ဒီကောင်ကို မေးငေါ့ပြလိုက်တယ်..ဘာလဲပေါ့..
“ ဟာ….ကိုရန်နိုင်… အဲဒါ ကျွန်တော့် ညီမ တဲ့:.”.. ပြေးသွားဖို့ပြင်တယ်…
ကျွန်တော်အမြန်ဆွဲထားလိုက်တယ်…” မင်းဘာသွားလုပ်မှာလဲ”…
ဒီကောင်မ ပါးသွားရိုက်မယ်..ပထမနှစ်ပဲရှိသေးလို့ ရည်းစားမထားနဲ့
ပြောထားတာကို..”
ကျွန်တော်ဒီကောင်ကို ပြုံးပြီးကြည့်နေလိုက်တယ်..
“ဒီခေတ်ကြီးမှာ ဒါတွေက မဆန်းတော့ပါဘူးကွာ”.လို့ ပြောလိုက်တော့….
“ ဟာ….ဗျာ …..” တဲ့
…” လာစမ်းပါ ညီလေးရာ…. အအေးဆိုင်လိုက်ခဲ့ဆိုပြီး ဇွတ်ဆွဲခေါ်လာတယ်”…..
ဆိုင်ရောက်တော့ .. “ မင်းအဲလောက်ဖြစ်မနေပါနဲ့ကွာ..”ကျွန်တော်သေချာ
ပြောလိုက်တာပါ ..အဲ့စကားကို…
“ အဲဒါ ကျွန်တော့် ညီမလေး ဗျ” …
“ ဟိုကောင်က မင်းညီမ ကို ကန်တော်ကြီးကနေ တည်းခိုခန်းထပ်ခေါ်သွားရင်
ဘယ်လိုလုပ်မလဲ” ……..
“ ကိုရန်နိုင် ခင်ဗျားး တော်တော့ဗျာ………*….”: …..
ကျွန်တော်ဒီကောင် ပုခုံးကိုလှမ်းပုတ်လိုက်တယ်…..
“ ..မင်း ကိုယ်ချင်းစာတတ်ပြီလား …ညီလေး” ….
မင်းအခုကျတော့ စော်တွေမှာဒါတွေက မဆန်းတော့ဘူးလို့ မပြောတော့ဘူးလား??
ငါ မင်းကို မနက်ကတည်းက ရှင်းပြချင်ခဲ့တာ..ငါ့ကို စိတ်မဆိုးပါနဲ့..
မင်းကို ကိုယ်ချင်းစာတတ်အောင် ငါဒီစကားတွေကို သေချာပြောလိုက်တာ…
“မင်းလည်း ဘွဲ့ရပညာတတ်တစ်ယောက်ပဲ ဒီလောက်ဆိုမင်းလည်းနားလည်မှာပါ”…
အအေးဆိုင်မှာ ဒီကောင်ငူငူကြီးထိုင်ပြီး ခေါင်းကိုတဇတ်ဇတ်ငြိမ့်နေတယ်..ပြီးတော့
ဆတ်ကနဲထလာပြီး ကျွန်တော့်လက်မောင်းကို မနာအောင် လာထိုးတယ်….
“ကိုရန်နိုင်ကြီး ခင်ဗျားးပြောတတ်လိုက်တာဗျာ..” တဲ့..ကြည့်လိုက်တော့
ဒီကောင် မျက်ရည်ဝိုင်းနေတယ်..ပြီးတော့ ပြုံးပြီး ကျွန်တော့်ကို ပြောတယ်…
“ ကျွန်တော် နားလည်ပါပြီဗျာ… ကိုယ်ချင်းစာတတ်ပါပြီဗျာ ….” တဲ့
ကျွန်တော်ဒီကောင့် လက်မောင်းကို ပြန်ထိုးလိုက်တယ်….
“ အဲ လို မှ ပေါ့ ကွာ”……………..
…………………………………………………..
(ဒီချာတိတ်ကို ရှင်းပြသလို ခုခေတ် ညီလေး၊ညီမလေးတွေကို ရှင်းပြချင်မိသည်..
ညီလေးတွေကို ကိုယ်ချင်းစာတတ်စေချင်သည်..ညီမလေးတွေ ကိုယ့်ကိုကိုယ်
တန်ဖိုးထားတတ်စေချင်သည်.(ကိုယ်က တန်ဖိုးရှိအောင်နေမှ သူများကလည်း
ကိုယ့်ကိုတန်ဖိုးထားမယ်)ဆိုတဲ့ စကားလည်းရှိပါသည်..) ..(တန်ဖိုးရှိ တန်ဖိုးသိတဲ့
လူငယ်များ ဖြစ်ကြပါစေ)
.
စေတနာဖြင့်
ရိုးနိုင်စံ(ခ) ကိုရန်နိုင်


Posted via Blogaway

မငိုပါနဲ့က​လေးရယ်

မငိုပါနဲ့ ကလေးရယ်
**********

မင်းကျနေတဲ့ မျက်ရည်တွေဟာ အားတွေ ဖြစ်လာဖို့ လိုတယ်။ အားငယ်သွာတာမျိုးတော့ မဖြစ်စေချင်ပါဘူး။ နေရာတိုင်းမှာ
မတူညီတဲ့ အခက်ခဲတွေရှိတယ်။ ဆင်လည်း ဆင် အခက်အခဲ၊ ပုရွက်ဆိတ်လည်း ပုရွက်ဆိတ် အခက်ခဲပေါ့။

ဒေးလ်ကာနယ်ဂျီလို လူမျိုးလည်း ငယ်ငယ်က မင်းလို ဆင်းရဲတာပဲ။ မင်းလိုပဲ ကျောင်း ကောင်းကောင်းမနေနိုင်ဘူး။ ငါထင်ပါ
တယ် မင်းလိုပဲ သူလည်း မျက်ရည်ကျမှာပါပဲ။ ဒါပေမယ့် သူ့ မျက်ရည်က အနာဂါတ်အတွက် အားအင်တွေ ဖြစ်လာခဲ့တယ်။

လူဆင်းရဲတာ အပြစ်မဟုတ်ပါဘူးကွာ။ စိတ်ဓာတ်ဆင်းရဲရင်သာ အပြစ်ဖြစ်တာပါ။ တကယ့်ချမ်းသာအစစ်က ကိုယ်ကျန်းမာဖို့ ၊
စိတ်ကျန်းမာဖို့ ပါ။ ကိုယ်လည်းကျန်းမာ၊ စိတ်လည်းကျန်းမာတော့ စိတ်မဆင်းဘူးပေါ့။ စိတ်ချမ်းသာတာပေါ့။

ပြည့်စုံတဲ့ ဘ၀မှာလည်း မပြည့်စုံမှုဆိုတာ ရှိတယ်။ ဒါ အမှန်တရားပဲကွ။ သူတို့ မှာလည်း သူတို့ အပူနဲ့ သူတို့ ပါ။ ပြောရရင် ကိုယ်
မကျန်းမာတာနဲ့ စိတ်မကျန်းမာတာနဲ့  စတာတွေပေါ့။ ဒီတော့ ချမ်းသာမှုအစစ်ဆိုက ဘာလည်းဆိုတာ မင်း သိလောက်ပါပြီ။

လူတွေမှာ အတောမတတ်နိုင်အောင် ဆန္ဒတွေ များပြားတယ်။ မင်းလည်း ဘ၀ဆိုတဲ့ ကျောင်းတတ်ရပါတယ်။ မမြင်နိုင်တဲ့
သင်ခန်စာတွေကို ဆရာမျိုးမျိုးနဲ့ သင်ယူပြီး မတူညီတဲ့ အောင်လက်မှတ်တွေ မင်း ရယူနိုင်ပါသေးတယ်။ မင်း ဆန္ဒရှိရင်ပေါ့။

ဒီတော့ မင်း မငိုပါနဲ့ ကွာ။ လက်ဖမိုးနဲ့  မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်စမ်းပါ။ တစ်ချိန်တည်းမှာ လွင့်စင်သွားတဲ့
မျက်ရည်တွေနဲ့ အတူ သောကတွေကို ဖယ်ထုတ်လိုက်ပါ။ ဖယ်ရှားပေးလိုက်တဲ့ လက်ဖမိုးလို အားအင်တွေ မင်း မွေးလိုက်ပါ။
စာအုပ်​မြို့​တော်​မှကူးယူ​ဖော်​ပြသည်


Posted via Blogaway

မိန်းက​လေးများဖတ်​​စေချင်

အနှိပ်ခန်း မရောက်ကြစေဖို့ မိန်းကလေးများ အတုယူကြပါစို့...

သမိုင်းအစဉ်အလာ ကောင်းခဲ့သည့် မြန်မာ အမျိုးသမီးများသည် အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ထိန်းသိမ်း မြှင့်တင်ရာတွင် စံနမူနာ ယူဖွယ်ဖြစ်သည့် အမျိုးကို ချစ်ခင်စောင့် ရှောက်ခြင်းသည် အမျိုးသမီးတို့၏ သိက္ခာ၊ အမျိုးသမီးတို့၏ အင်အား၊ အမျိုးသမီးတို့၏ တန်ဖိုး နှင့် ဆက်စပ်ယှက်နွှယ်မှု ရှိသည်။ ပုခက်လွှဲသော လက်များ ကမ္ဘာကို အုပ်စိုးနိုင်သည် ဟူသည့် စကားနှင့်အညီ အမျိုးသမီးတို့၏ မိခင်မေတ္တာ စိတ်ကို အံ့သြဖွယ် ဂုဏ်ပြုရင်း အဖြစ်မှန် ဤဆောင်းပါးကို ရေးသားလိုက်ပါသည်။

အချိန်ကား ၂၀၀၉ ခုနှစ် ဖြစ်သည်။ ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာမြို့ (၉)ရပ်ကွက်ရှိ မြေးမလေး ချစ်သဲ အကြောင်းကို ပြောပြချင်သည်။ ချစ်သဲ အသက်က (၁၆)နှစ် မပြည့်သေး။ ဆယ်တန်းကျောင်းသူ ဖြစ်သည်။ တစ်နေ့ မျက်ရည် စက်လက်ဖြင့် ကျွန်မ၏ တူမဖြစ်သူ ချစ်သဲ၏ အမေ ကျွန်မအိမ်သို့ ရောက်လာသည်။ ကျွန်မက ဘာများဖြစ်လာ ပါလိမ့်လို့ စိုးရိမ် စိတ်နဲ့ တူမဖြစ်သူကို ““ဟဲ့ မိဦးမျက်နှာလည်း မကောင်း ဘာဖြစ်လာတာလဲ”” ဟု မေးရာ တူမ ဖြစ်သူက ငိုသံပါကြီးနှင့် ““ကျွန်မ သမီးလေး ချစ်သဲ ကျောင်းကနေ ပြန်ရောက်မလာလို့  လိုက်ရှာတာပါ၊ သတင်းကြားတာ ကတော့ ကောင်လေး တစ်ယောက်နဲ့ လိုက်သွားတယ် လို့ကြားမိတယ်။ ခုချိန်ထိ ပြန်မလာသေးဘူး၊ အဲဒါ ဒေါ်ဒေါ့်ဆီကို ရောက်လာရင် ကျွန်မကို လှမ်းအကြောင်း ကြားပေးပါနော်””ပြောပြောဆိုဆို သမီးဇောနဲ့ ထွက်သွားသည့် မိဦးကို ကြည့်ပြီး စိတ်မကောင်း ဖြစ်မိသည်။  အချစ်နှင့် တွေ့လျှင် မိဘ၏ရင်ကို ခြေစုံကန်ထွက်သွား သူ သား၊ သမီးတွေ လက်ညှိုးထိုး ရေတွက်လို့တောင် မရနိုင်ပါဘူး။
တစ်ချိန်တုန်းက မိဦးလည်း သူ့အမေကို ဒီလိုပဲ ထားခဲ့သူ ဆိုတော့ ကလေးတွေကိုလည်း အပြစ်ပြောလို့ မဖြစ်ပြန်ဘူး။ ခက်တာက ကလေးတွေက အသက် မပြည့်သေးဘူး။  နှစ်ဦးလုံး အလုပ်အကိုင် မရှိ၊  ကျောင်းနေတဲ့ အချိန်ဆိုတော့ ယောက္ခမ အိမ်မှာနေရင်း၊  ယောက္ခမ ကျွေးတာကို စားရင်း၊ ယောက္ခမ အလုပ်အကိုင်ကို ကူလုပ်ရင်း သူတို့ရဲ့ဘ၀ကို စခဲ့ကြသည်။  မိဦးတို့က စားရုံသောက်ရုံ တစ်နေ့လုပ် တစ်နေ့စားတွေ၊ သူ့သမီး အမျိုးသားရဲ့ အမေကလည်း အသင့်အတင့် ဆန်ဆိုင်လေး ဖွင့်နေတော့ နေရေး၊ စားရေး အဆင်မပြေဘူး ဆိုပါတော့။ ဒီလိုနဲ့ ကလေးတွေလည်း ပညာဆက် မသင်နိုင်၊ အမျိုးသား ဖြစ်သူကရတဲ့ ကျပန်းအလုပ်ကို လုပ်ရင်း ဘ၀ကို ရုန်းကန်ခဲ့ကြသည်။ ဒီလိုနဲ့ တစ်နေ့မှာ မြေးမလေး ကံကောင်းစွာဖြင့် အလုပ်တစ်ခု ရခဲ့သည်။ ခံ့ခံ့ညားညား အမျိုးသမီး တစ်ယောက်က မြေးမလေးနဲ့ တွေ့၍ အလုပ်လုပ် မလား မေးသည်။ မြေးမလေးက ဆယ်တန်းဆိုတော့ အင်္ဂလိပ်စာလည်း ကျွမ်းကျင်၊ အိမ်မှာ  စီးပွား ရေး ကလည်း အဆင်မပြေ ဆိုတော့ ““ရေငတ်နေတဲ့သူ၊ ရေတွင်းထဲကျ””ဆိုသလိုပါပဲ မြေးမလေးက ၀မ်းသာအားရ လုပ်မယ် ပြောလိုက်သည်။ ခံ့ခံ့ညားညား အမျိုးသမီးကြီးက လိုအပ်တာ အားလုံးကို ပြုလုပ်ပေးသည်။ အလုပ် ကတော့ ဆေးကုမ္ပ ဏီ ဆေးဆိုင်မှာ လုပ်ရမယ်လို့ ပြောပါသည်။ လစာက တစ်လကို နှစ်သိန်းကျော် ပေးမည်ပြောသည်။

ဒီလိုနဲ့ မြေးမလေးလည်း လိုအပ်သည့် ဆေးဝါးပစ္စည်း များကိုထည့် ဘ၀၏ စားဝတ်နေရေး အတွက် ချစ်တဲ့ ယောက်ျားနှင့် မိဘများကို ခွဲခွာကာ ခံ့ခံ့ညားညား အန်တီခေါ်ရာသို့ လိုက်ပါ သွားခဲ့လေသည်။  ဒီနောက်ပိုင်း မြေးမလေးနှင့် မတွေ့ဖြစ်ခဲ့ပါ။ ရက် ၂၀ လောက်နေတော့  မြေးမလေး အိမ်ရောက်လာ၍ ကျွန်မ အံ့သြမိသည်။ ““ဟယ် မြေးလေး တရုတ်ပြည် အလုပ် သွားလုပ်တယ်ဆို အလုပ်ကိစ္စနဲ့ လာတာလား””ကျွန်မအံ့သြစွာ မေးမိသည်။ ““သမီးရဲ့ အကြောင်းတွေ ပြောချင်လို့ ဖွားဖွားဆီကို တမင်လာခဲ့တာ။ သမီးကို ခုလိုကျန်းကျန်း မာမာ တွေ့ရတာကိုက ဖွားဖွားအတွက် ကံကောင်းတယ်မှတ်””““ဟေ့ ဟုတ်လား ဘယ်လိုဖြစ်ခဲ့ လို့လဲ””““ဘာတွေ ဖြစ်ခဲ့လို့လဲ၊ ဖွားကို ပြောပြပါဦး””ပြောရမှာတော့ အရှည်ကြီးပဲ နောက်ဆုံး သမီးကို သမီးဗိုက်ထဲက သားလေးလား၊ သမီးလေးလား မသိရသေးတဲ့ ကလေးက ကယ်လိုက်တာပဲ ဖွားဖွားရေ””မြေးမလေး ပြောတော့ ကျွန်မ အံ့သြမိသည်။ ဗိုက်ထဲက ကလေးက ကယ်လိုက်သည်တဲ့။ အဖြစ်က ဒီလိုသမီးတို့ကို ခေါ်သွားတဲ့ အန်တီနောက်ကို  သမီးတို့ လိုက်သွားတယ်။ ရန်ကုန်ဘူတာကြီး ကနေ ရထားစီးပြီး မန္တလေးက တစ်ဆင့် လိုင်းကား စီးရပါသည်။

““ကဲ အားလုံးပဲ ဂိတ်ဆုံးပြီ””ကားသမား၏ အသံကို ကြားမှ ချစ်သဲ လန့်နိုးပြီး မျက်လုံး ဖွင့်ကြည့်မိသည်။ ““ကဲ သမီးချစ်သဲ ရောက်ပြီကွယ့်၊ သွားရအောင်””အန်တီလက်ဆွဲ ခေါ်သည့် နောက်ကို  လိုက်လာမိသည်။  မြန်မာပြည်နှင့် တရုတ်ပြည် နယ်စပ်လို့ ကျွန်မသိ လိုက်ရသည်။ ခိုးဝင်ပေါက် ဆိုလား၊ တရားမ၀င် ၀င်တဲ့အပေါက် ဆိုလား၊ အဲဒီကနေ ချစ်သဲကို ခေါ်သွားသည်။ အန်တီကြီး အလုပ်ပေးမယ့် နေရာကို ရောက်ခဲ့ပြီ။

တွေ့တွေ့ချင်း ဆောက်နဲ့ ထွင်းဆိုသလို အန်တီကြီး၏ အခန်းရှေ့က ဆိုင်းဘုတ်ကို ဖတ်ကြည့် မိရင်း ငါတော့ အလိမ်ခံရပြီနဲ့ တူတယ်။  ဒုက္ခပဲလို့ တွေးရင်း ခြေဖျားလက်ဖျားတွေ အေးလာပြီး အန်တီကြီးကို လှမ်းကြည့်မိသည်။ အန်တီကြီးကတော့ ပြုံးပြုံးနဲ့ပေါ့။ ““ဆေးဆိုင်မှာ ဆေးရောင်း ရမယ်ဆိုပြီး ခေါ်လာတဲ့ အန်တီကြီးရဲ့ ဆေးဆိုင်ဆိုတဲ့ နေရာမှာ အမှန်တကယ် တော့ ““အနှိပ်ခန်း””ဆိုပြီး ဆိုင်းဘုတ်တင် ထားတာ တွေ့လိုက်ရသည့် အတွက် ချစ်သဲ ရင်မှာ ဗလောင် ဆူခဲ့သည်။

““အန်တီသမီးကို ပြောတော့ ဆေးဆိုင်မှာ ဆေးရောင်းဖို့ဆို အခု ဟာက ဘယ်လို ဖြစ်တာလဲ””

“အော် ချစ်သဲရယ်  စမ်းလုပ်ကြည့်ပါ ဦးကွယ်၊ စီးပွားရေး အဆင်မပြေတဲ့ အတွက် ဒီမှာ လုပ်လို့ အဆင်ပြေသွားရင် အိမ်ကိုငွေပို့လို့ ရတာပေါ့ကွယ်””““ချစ်သဲ မလုပ်နိုင်ဘူး အန်တီ။ ချစ်သဲမှာ ယောက်ျားနဲ့၊ ချစ်သဲ ယောက်ျားကို  သစ္စာ မဖောက်နိုင်လို့  ယဉ်ကျေး သိမ်မွေ့စွာ  မွေးဖွားလာတဲ့ မိဘတွေရဲ့ ဂုဏ်သိက္ခာတွေကို အညှိုးနွမ်းခံပြီး ဒီအလုပ်ကို မလုပ်ပါရစေနဲ့ အန်တီ”” ““ချစ်သဲ မလုပ်ရင် ခုကုန်လာတဲ့ ပိုက်ဆံတွေကို ဘယ်လို ပြန်ပေးမလဲ စဉ်းစား ပါဦး၊”” ““ရန်ကုန် ပြန်ရောက်ရင်  ပြန်ရှာပေးပါ့မယ်၊ ချစ်သဲ မကြိုက်နှစ်သက်တဲ့ အတွက်  ဒီအလုပ် ကိုတော့ မလုပ်ပါရစေနဲ့””““ခဏလေးတော့ ဆက်လုပ် ကြည့်ပါကွယ်၊ လောလော ဆယ် ပြန်ပို့ဖို့က မလွယ်လို့ပါ””သည်လိုနဲ့ ချစ်သဲလည်း မနေချင်ပေမဲ့ အန်တီကြီးရဲ့ တောင်းပန်မှုကြောင့် လောလောဆယ် အခြေအနေ ကြည့်ပြီး မီးစင်ကြည့်က ရပေတော့မည်။
ဗဟုသုတ ရစရာတွေတော့ အများကြီး တွေ့ခဲ့ရသည်။ ပထမဦးဆုံး အန်တီကြီးတို့ဆီ စရောက်တဲ့ မိန်းကလေးတွေကို သင်တန်းပေးသည်။ နည်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးပေါ့။

ဧည့်သည်လာရင် ဧည့်သည်တွေကို ဘယ်လိုပြုစု လုပ်ကိုင်ပေးရမယ် ဆိုတဲ့ အကြောင်း တွေပေါ့၊ ချစ်သဲတို့  မိန်းကလေးတွေ အကြောင်းကို  တွေးရင်း စိတ်မကောင်း ဖြစ်မိတယ်။ ကိုယ့်မိန်းကလေး အချင်းချင်း၊ ကိုယ့်လူမျိုး အချင်းချင်းတောင် ခုလိုမျိုးဖြစ်အောင် ပြုလုပ် ရက်ကြတဲ့ လူပွဲစားလို့ပဲ ခေါ်မလား၊ လူမှောင်ခိုလို့ ခေါ်မလား လုပ်ရက်လေခြင်းလို့ အပြစ်မြင် မိသလို တစ်ဖက်ကလည်း စားသောက် နေထိုင်ရေး အဆင်မပြေလို့  လုပ်ကိုင်စားသောက် နေရပါလားလို့ တွေးရင်း စိတ်မကောင်း ဖြစ်မိသည်။ 'မိန်းကလေးတို့ အိနြေ္ဒ ရွှေပေးလို့မရ'' '' ခြေတစ်လှမ်း  ကုဋေတစ်သန်း ''  ''ခြောက်ပြစ်ကင်း သဲလဲစင်'' ''တော်ဝင်စံထား၊ မြန်မာ့အမျိုး သမီးများ''ဆိုတဲ့ ချစ်စရာ ကောင်းတဲ့ ချစ်သဲတို့လို မိန်းကလေးတွေ ရှားပါးသလောက် ဖြစ်နေပြီ လားလို့ စိုးရိမ်မိသည်။ ချစ်သဲကတော့ အန်တီကြီးကို အမြဲဘုကလန့် လုပ်သည်။ ဖောက်သည် ဧည့်သည်ဆိုတဲ့ လူတွေကိုလည်း အလိမ္မာနည်းနဲ့ မချေမငံ ဆက်ဆံပြသည်။  ဒီနည်းနဲ့ ချစ်သဲ ကိုယ့်ကိုယ်ကိုယ် အန္တရာယ် မရှိအောင် နေထိုင်သည်။ ဗဟုသုတ ရစရာ ပြောရဦးမယ်၊ အဲဒီ ဖောက်သည်ဆိုတဲ့ လူတွေက ဟိုင်းဝေးမောင်းတဲ့ ကားသမား အများစု ဖြစ်ကြသည်။  လူမျိုးစုံ ပါပဲ။ တစ် Section ကို ပိုင်ရှင်က ဘယ်လောက်ရသည် မသိ။ အဲဒီမှာ ခိုင်းစားခံရတဲ့ မိန်းကလေးတွေအတွက်  တစ် Section ကို ငွေ ၆ဝဝ ပဲပေးသည်။ ပြီးလျှင် ၆ဝဝ ထဲမှ ထမင်းဖိုး ထပ်ဖြတ်သည်။

Section များများရတဲ့ သူကတော့ အဆင်ပြေပြီး Section မရတဲ့ သူက အဆင်မပြေ နိုင်ပါဘူး။ ဒါကြောင့် အလုပ်ရှင် အန်တီကြီးက ဖောက်သည်များများ ရှာခိုင်းသည်။ များများရလေ သူတို့သူဌေး ဖြစ်လေပါပဲ။ ခိုင်းအစားခံ မိန်းကလေးတွေရဲ့  ဘဝ ကတော့ ဧည့်သည်များဆီက မုန့်ဖိုး ပေးခဲ့တာကို ရမှအဆင်ပြေ နိုင်သည်။  ခုလိုမိန်းကလေး ထဲမှာ ဘဝအစုံ ရှိလေသည်။ ဝါသနာပါ၍ လုပ်စားသူ၊ မထူးတော့ဘူး ဆိုပြီး ရေစုန်မှာ မျှောလိုက်သူ၊ ပြန်လို့မရတဲ့ အခက်အခဲကြောင့် ပြန်ခွင့်မရတဲ့သူ စသည့် အကြောင်း ကြောင်းတွေနဲ့ လုပ်ကိုင်စားသောက် နေထိုင်ရသည်ဟု သိရသည်။ ဘာပဲဖြစ်ဖြစ် ချစ်သဲ ကတော့ ချစ်သဲဘဝကို တန်ဖိုးထားသည်။ ထမင်းငတ် သေချင်သေပါစေ၊ သည်လို အလုပ်များတော့ တစ်သက်လုံး မလုပ်နိုင်ဘူး။  ဒါကြောင့် ချစ်သဲကတော့ မလုပ်နိုင်ဘူးလို့ဘဲ ငြင်းခဲ့သည်။ သည်လိုနဲ့ ဆယ်ရက်လောက် ကြာလာတဲ့အခါ ချစ်သဲရင်ထဲ မကောင်းဘူး။ အစား ပျက်လာသည်။

ပျို့အန်ချင်လာသည်။ ကိုယ့်ဘာသာကိုယ် စိတ်ထဲ မရှင်းတာနဲ့ ဆီးစစ် ကြည့်သည်။ ဘာမှ မတွေ့ရ။ အန်တီကြီးကို ပြောပြတော့ အန်တီကြီးက သူကိုယ်တိုင် ဆေးစစ် ပေးသည်။ ကံကောင်းချင်တော့ ချစ်သဲမှာ ကိုယ်ဝန်ရှိသည်ဟု အတိအကျ သိခဲ့ရသည်။  ချစ်သဲ အရမ်းဝမ်းသာ မိတယ်။  ကြိတ်ပြီး ဝမ်းသာမိ နေတုန်း အန်တီကြီးဆီက စကားသံ ထွက်လာသည်။ ''ချစ်သဲ ကိုယ်ဝန်ရှိနေပြီ ဖျက်ချမှ ဖြစ်မယ်'' ''အိုအန်တီရယ် ပြောရက် လိုက်တာ၊ မဖျက်ချ နိုင်ပါဘူး။ ချစ်သဲကလေးကို ချစ်သဲ မွေးမှာနော်'' ''ရန်ကုန်သာ ပြန်ပို့ ပေးပါနော်'' ''အေး နင်ပြန်ရင် လွယ်လွယ်နဲ့ ပြန်လို့ရတာ မဟုတ်ဘူး၊ ခိုးဝင်ပေါက်က နေပြန်ရမှာ''  ''ရတယ် အန်တီ ကျွန်မ မှတ်ပုံတင်နဲ့ ကျောင်းသားကတ်သာ ပြန်ပေးပါ။'' ''နယ်စပ် ခိုးဝင်ပေါက်ကနေ ပြန်ရမှာနော်၊ အန္တရာယ် အရမ်းများတယ်။'' အန်တီကြီးက ချစ်သဲ ကို နည်းမျိုးစုံနဲ့ ခြိမ်းခြောက်နေသည်။ နောက်ဆုံး ချစ်သဲကို မျက်နှာလွှဲ ခဲပစ်ပြန်လွှတ် လိုက်သည်။  ရထားခ၊ ကားခမှ လွဲ၍ ငွေပို တစ်ပြားမှ ထည့်မပေး လိုက်ပါဘူး။

ချစ်သဲမှာ အိမ်ကို ပြန်ချင်တဲ့ စိတ်နဲ့ ကြောက်ရကောင်းမှန်း မသိ၊ သူတို့ပြောတဲ့ နယ်စပ် ခိုးဝင်ပေါက် ကနေ ထွက်လာပြီး ကားစီး၍ မန္တလေး ဘူတာမှာ ရထားစီးပြီး ရန်ကုန်ကို ပြန်ရောက် ခဲ့လေသည်။ အိမ်ရောက်တော့ ချစ်သဲ အမေ့ရင်ခွင်ထဲ ပြေးဝင်ပြီး ဖစ်ကြောင်းကုန်စင် ပြောပြကာ  အားပါးတရ ငိုချလိုက်မိသည်။ ခလုတ်မထိ ဆူးမငြိဘဲ  မိခင်ကောင်း တစ်ယောက် ပီသတဲ့  စိတ်နဲ့အားမာန် အပြည့်နဲ့ အန္တရာယ်တွေ ကြားကနေ ကြိုးစားပြီး ပြန်လာခဲ့တဲ့ မြေးမ လေးချစ်သဲရဲ့ မိခင်စိတ်၊ မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်နဲ့ တန်ဖိုးထားတဲ့ စိတ်တွေကို ဂုဏ်ယူမိတယ်။ မြန်မာမလေးတွေ မြန်မာ မလေးတွေလို လှစေချင်သည်ဆိုတဲ့ အတိုင်း ပြင်းထန်တဲ့ အမျိုးသမီးတွေရဲ့ အေးမြတဲ့ မိခင်မေတ္တာ အစွမ်းကို ဖော်ပြနိုင်ခဲ့တာ ချီးကျူး အံ့သြဖွယ်၊ မှတ်တမ်းတင်ဖွယ် ကောင်းလှပေသည်။ ''ပုခက်လွှဲသော လက်များ ကမ္ဘာကို အုပ်စိုးနိုင်သည်'' ဆိုသည့် အတိုင်း မိခင်တိုင်းရဲ့ သတ္တိကို ဖော်ကျူးပြသ ခဲ့သည်မှာ ဂုဏ်ယူ ဖွယ်ဖြစ်သည်။

အရွယ်ရောက်နေတဲ့ မြန်မာ အမျိုးသမီးလေးတွေ အကြောင်းအမျိုးမျိုး၊ ဘဝ အမျိုးမျိုး၊ မိဘ ညီအစ်ကို မောင်နှမတွေနဲ့ ခွဲခွာပြီး ဝေးလံတဲ့ အရပ်တွေမှာ အလုပ်လုပ်မယ် ဆိုပြီး ထွက်သွား ကြတဲ့ မြန်မာ အမျိုးသမီးတွေ ပုံစံမျိုးစုံနဲ့ လှုပ်ရှားနေတယ် ဆိုတာ သိရတော့ စိတ်မကောင်း များစွာ ဖြစ်မိသည်။ အကြောင်း အမျိုးမျိုးကြောင့် ဘဝကို ရေစုန်မျှော နေရသော မိန်းကလေး များလည်း ရှိကြောင်းကို သိရတော့ ပိုပြီး စိတ်မကောင်း ဖြစ်မိသည်။ ကျွန်မတို့ အနေနဲ့ ဘာများ လုပ်ပေးနိုင်မလဲ၊ ဘာပဲဖြစ်ဖြစ် ခုဆိုရင် ကျွန်မတို့ မြန်မာနိုင်ငံမှာ အမျိုးသမီးများ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ရှိနေပြီ ဖြစ်သည်။

မြန်မာနိုင်ငံ အနေနဲ့ ၁၉၉၂ ခုနှစ်ခန့်က စပြီး လူကုန်ကူးမှု တားဆီး ကာကွယ်ရေး လုပ်ငန်း များကို စတင် ဆောင်ရွက်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ''မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီး ရေးရာ ကော်မတီနဲ့ ၂ဝဝ၃ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ''မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်''တို့ဟာ လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းတွေကို နိုင်ငံတော် အစိုးရနဲ့ စဉ်ဆက်မပြတ် အတူပူးပေါင်း ပါဝင် ဆောင်ရွက်နေသည်။ လူကုန်ကူးသူ တွေရဲ့ အဓိက ပစ်မှတ်ဖြစ်တဲ့ အမျိုးသမီးများထံ လူကုန်ကူးမှုရဲ့ သဘော သဘာဝ၊ နောက်ဆက်တွဲ ဆိုးကျိုး များနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်များ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။

မြေးမလေးရဲ့ မိခင်စိတ်ကိုလည်း ချီးကျူးမိသည်။ ကိုယ်ဝန်ရှိပြီ ဆိုတာ သိလိုက်တာနဲ့  မမြင် ရသေးတဲ့ ကလေးအတွက် အားတွေအပြည့် ရှိလာပြီး ကြောက်စိတ်တွေ ပျောက်ပြီး သူ့ကို ခေါ်လာတဲ့ အန်တီရှေ့မှာ သောင်းကျန်းပြ၊ မကြောက်မရွံ့ အတိုက်အခံလုပ်ပြီး ရန်ကုန်ကို  တစ်ယောက်တည်း ရောက်အောင် ပြန်လာနိုင်ခဲ့သည်။ မြေးမလေးရဲ့ သိက္ခာ၊ အင်အား၊  မဟုတ်မခံတဲ့ စိတ်နဲ့ မမြင်ရသေးတဲ့ ရင်သွေးအပေါ်မှာ  ဖြစ်ပေါ်သည့် မွန်မြတ်တဲ့ မိခင် စိတ်တွေ၊ တန်ဖိုးတွေကို ဂုဏ်ယူမိသည်။ မြန်မာ အမျိုးသမီးတို့၏ တိုင်းချစ်ပြည် ချစ်စိတ်ဓာတ်၊ အမျိုးစောင့်တရားနှင့် ကြံ့ခိုင်သည့် အစဉ်အလာ၊ စွမ်းပကားနှင့် ဂုဏ်ရည်များကို တင့်တယ် ဝင့်ထည်စေခဲ့သည်။ မြန်မာ အမျိုးသမီးတို့ စွမ်းရည်သည် သာသနာမှာ အထင်အရှား တော်လေးဝဝင်ပမာ တင်စား ခံခဲ့ရခြင်း၏ ဂုဏ်ကို မြေးမလေး ချစ်သဲက ယုံကြည်မှု အပြည့်နဲ့ စွမ်းဆောင်နိုင်ခဲ့ ပေသည်။ ချစ်သဲလိုပဲ မြန်မာ အမျိုးသမီး ပေါင်းများစွာလည်း နွေးထွေးတဲ့ မိသားစု ရင်ခွင်သို့ ယုံကြည်မှု အပြည့်နဲ့ မြေးလေးလို အသိစိတ်တွေ ရပြီး မိသားစု ရင်ခွင်သို့ အမြန်ဆုံး ပြန်လာနိုင် ပါစေလို့ ဆုတောင်း လိုက်ပါ တယ်။  

From: လှလေးစိန်(ရွှေလုံမြေ)

   www.mmdailystar.com မှမျှဝေဖေါ်ပြသည်..


Posted via Blogaway