ဂူဂဲလ်ခရီးသည်မှနွေးထွေးစွာကြိုဆိုပါတယ်

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label ပြည်​တွင်းသတင်းများ. Show all posts
Showing posts with label ပြည်​တွင်းသတင်းများ. Show all posts

Tuesday, August 4, 2015

ကလေးကွန်ပျူတာတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ရွာသား ၁၀၀ ကျော် ပိတ်မိနေ

ရေပတ်လည်၊ တောပတ်လည် ၀ိုင်းရံလျက်ရှိသော ကလေးကွန်ပျူတာတက္ကသိုလ်အဆောက်အအုံ ဓာတ်ပုံ− တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
မိုးသည်းထန်စွာရွာသွန်း မှုကြောင့် ရေကြီးရေလျှံမှုများဖြစ် ပေါ်နေသည့် ကလေးမြို့ရှိ ကွန် ပျူတာတက္ကသိုလ်တွင် ကျောင်း သား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ များအပါအဝင် ကျောင်းအနီး ကျေးရွာမှ ရေဘေးရှောင်ဒေသခံ ၁၀၀ ကျော်ပိတ်မိနေကြောင်း သတင်းရရှိသည်။

‘‘ရေစကြီးတော့ မြို့ပေါ်က သူတွေနဲ့ အိမ်နဲ့နီးတဲ့နေရာတွေက ပြန်သွားကြတယ်။ အခုဒီမှာကျန် နေခဲ့တာက လုံးဝကိုပြန်ဖို့အဆင် မပြေတဲ့သူတွေ ကျန်နေခဲ့တာ။ ကျောင်းဘေးကရွာကလည်း တစ် ရွာလုံးမြုပ်သွားတာဆိုတော့ အဲဒီ ကရွာသားတွေပါ ကျောင်းမှာလာ နေကြတာ’’ဟု ကလေးကွန်ပျူ တာတက္ကသိုလ်၌ ပိတ်မိနေသည့် နောက်ဆုံးနှစ်ကျောင်းသူတစ်ဦး က ပြောသည်။

မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ရေများစတင်ဝင်ရောက် လာချိန်မှစ၍ ကျောင်းအနီးရှိ အေးသာယာကျေးရွာနေ  ရွာသူ ရွာသားများ ကျောင်းတွင် လာ ရောက်နေထိုင်ကြပြီး   လက်ရှိ ကျောင်းပေါ်၌ စုစုပေါင်းလူ ၁၂၅ ဦးရှိကြောင်း ၎င်းက ပြောသည်။

‘‘ကျွန်တော်တို့အတွက် ဒီကျောင်းက  ပိုလုံခြုံပါတယ်။ တကယ်လို့ ကျောင်းပေါ်ကိုပါရေ တက်လာမယ်ဆို အနောက်မှာ တောင်ကုန်းရှိတယ်။ ကျောင်းက တောင်ခြေရင်းမှာဆောက်ထား တာ’’ဟု အေးသာယာကျေးရွာ သားတစ်ဦးက ပြောသည်။

လက်ရှိတွင် တက္ကသိုလ် တွင်း ပိတ်မိနေသူများသည် ချင်း ပြည်နယ်ရှိ တောင်ပေါ်ကျေးရွာ များမှ လာရောက်ကျောင်းတက် နေကြသူများဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးအခက်အခဲ၊ ရာသီဥတုအခြေအနေများကြောင့် နေရပ်မပြန်နိုင်ဘဲ ကျောင်းတွင်ကျန်နေခဲ့ခြင်းဖြစ်ကြောင်း ဂန့်ဂေါမြို့အနီးရှိ ကျေးရွာတစ်ရွာမှ လာ ရောက်ပညာသင်ကြားနေသည့် နောက်ဆုံးနှစ်ကျောင်းသူ မနွေး နွေးဥက ပြောသည်။

‘‘ရေစတက်လာခါစတုန်းက တော့ အဆောင်မှာရှိတဲ့ ဆန်ကိုပဲ ချက်စားကြတာ။ တောင်ပေါ်က မျှစ်ချိုး၊ ဘာချိုးပေါ့။ မျှစ်ပဲ အများ ဆုံးစားရတာများပါတယ်။ နောက်တော့စစ်တပ်ကနေ ထမင်းလာ ပေးတယ်။ အဆောင်ကသုံးထပ် ဆောင်ဆိုတော့ နေရတာတော့ အဆင်ပြေပါတယ်’’ဟု ၎င်းက ဆိုသည်။

ကလေးမြို့သို့ ဇူလိုင် ၂၆ ရက် ညမှစတင်၍ ရေများ ဝင် ရောက်လာအချိန်တွင် မြို့ပေါ်ရှိ ကျောင်းသား၊ ကျောင်းသူများ နှင့် အနီးပတ်ဝန်းကျင်မြို့များမှ ကျောင်းသား၊ ကျောင်းသူများမှာ နေအိမ်များဆီသို့ ပြန်သွားကြ သော်လည်း ချင်းပြည်နယ်ရှိ ကျောင်းသား၊ ကျောင်းသူများ၊ အခြားဒေသများမှ ဆရာ၊ ဆရာမများသည် ကျောင်းတွင်ကျန်ရစ်ခဲ့ ကြကြောင်း မနွေးနွေးဥက ပြော သည်။

ကလေးကွန်ပျူတာတက္က သိုလ်သို့ ဩဂုတ် ၃ ရက်က ဆန် ခြောက်အိတ်၊ ရေသန့်ဘူးများ၊ ဆီ သွတ်ဘူးများနှင့် ဓာတ်ဆီ ၁၀ ဂါလန်ကို ပရဟိတကူညီရေးအဖွဲ့တစ်ဖွဲ့က လေယာဉ်ဖြင့် လာ ရောက်ပို့ပေးသွားကြောင်း ကျောင်းသားတစ်ဦးက ပြော ကြားသည်။

ကလေးမြို့ ကွန်ပျူတာ တက္ကသိုလ်တွင် ပိတ်မိနေသည့် ရေဘေးဒုက္ခသည် ၁၀၀ ကျော် အား စက်လှေဖြင့်သွား ရောက်ခေါ်ယူမည်ဖြစ်ပြီး ဒုက္ခသည်များအနေ ဖြင့် လိုက်ပါခြင်းမရှိပါက ၎င်းတို့ အတွက် အစားအသောက်နှင့် လို အပ်သည်များကို ကူညီပေးမည်ဖြစ်ကြောင်း ရေဘေးဒုက္ခသည် များအား ကူညီနေသည့် ဦးတင် ဝင်းထွန်းက ပြောသည်။

‘‘တချို့တွေကျတော့ သူတို့ လက်ရှိနေနေတဲ့နေရာကို မစွန့် ခွာချင်တဲ့သူတွေရှိတယ်။ တချို့ ကလည်း အိမ်တွေမှာ ပိတ်မိနေ တဲ့သူတွေရှိသေးတယ်။ သူတို့ တွေကိုသွားခေါ်ရမှာ။ အခု ကျောင်းမှာပိတ်မိနေတဲ့သူတွေက မလိုက်ချင်ဘူးဆို ကျွန်တော်တို့ သူတို့အတွက် ဆန်နဲ့ ရေအဓိက ကူညီပေးသွားမှာပါ’’ဟု ၎င်းက ဆိုသည်။

‘‘လာပို့တဲ့သူတွေက ဒီ ကျောင်းမှာ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမတွေပဲရှိ တယ်ထင်နေတာ။ ရွာသားတွေ ပါရှိတယ်ဆိုတာ သူတို့မသိဘူး။ နောက်ထပ်လာပေးဦးမယ်လို့ ပြောသွားတယ်’’ဟု ၎င်းက ပြော သည်။

လက်ရှိ ကလေးမြို့တွင် ဩဂုတ် ၃ ရက်က ရေ ၂ ပေခန့် ကျသွားပြီဆိုသော်လည်း ကွန်ပျူ တာတက္ကသိုလ်ကျောင်းအရှေ့ တွင်မူ လမ်းမီးတိုင်တစ်တိုင်ခန့် ရေနစ်မြုပ်နေသေးကြောင်းနှင့် ရေပြန်ကျသွားသော်လည်း ပိတ် မိသည့် ကျောင်းသားများအနေ ဖြင့်နေ အိမ်သို့မပြန်ဘဲ ကျောင်းဖွင့်ချိန်အထိ ဆက်လက်နေထိုင် မည်ဖြစ်ကြောင်း သိရသည်။

ယင်းတက္ကသိုလ်တွင် ခိုလှုံ နေသူ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား ဩဂုတ် ၂ ရက် ညနေ၆ နာရီ ၄၅ မိနစ်တွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် ကလေးတပ်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


Posted via Blogaway

ဒေါ်အောင်ဆန်းစုကြည် ပဲခူးမြို့သို့သွားရောက်၍ ရေဘေးသင့်ပြည်သူများကို ကြည့်ရှုအားပေး03/08/15

ဒေါ်အောင်ဆန်းစုကြည် ပဲခူးရေဘေးသင့်ဒေသများသို့ သွားရောက်စဉ်(ဓာတ်ပုံ - ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း)
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်သည် ပဲခူးမြို့သို့ သွားရောက်ကာ ရေဘေးကူညီမှုများဆောင်ရွက်ခြင်း၊ ရေဘေးသင့်ဒေသများသို့ သွားရောက်ကြည့်ရှုအားပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
သြဂုတ် ၃ ရက်နံနက်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မှ ရေဘေးကယ်ဆယ်ရေး အတွက်လှူဒါန်းမှုများ သွားရောက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
‘‘ကျွန်မတို့ဖောင်ဒေးရှင်း အနေနဲ့  တစ်တိုင်းပြည်လုံးက ရေဘေးဒုက္ခသည်တွေကို ကူညီဖို့ ကြိုးစားနေပါတယ်။ ဒီလိုဖြစ်တာ ဟာ  အားလုံးညီညွတ်မှု၊  တစ်ဦး အပေါ်တစ်ဦး စေတနာထားမှုကို ပြသနိုင်ဖို့ အခွင့်အရေးလည်းဖြစ် ပါတယ်။ ဒါပေမဲ့ ဒီလိုရေဘေး သင့်ဖြစ်စဉ်တွေကို  ဒီတိုင်းကြည့် နေလို့မဖြစ်ပါဘူး။ နောင်နှစ်တွေ မှာ ဒါကိုမဖြစ်အောင် ဘယ်လို လုပ်ရမလဲဆိုတာ အဖြေရှာရမှာ ဖြစ်ပါတယ်။ အားလုံးဝိုင်းလုပ်မှ ဖြေရှင်းနိုင်မှာပါ’’ဟု ဖောင်ဒေးရှင်းဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံရာတွင်ပြောကြားသည်။
  ဒေါ်အောင်ဆန်းစုကြည် သည် နံနက် ၁၀ နာရီခန့်တွင် ပဲခူးမြို့သို့ရောက်ရှိခဲ့ပြီး ရွှေမော် ဓောဘုရားလမ်းရှိ မိုးလုံလေလုံ အားကစားရုံ၌  ယာယီစခန်းချလျက်ရှိသော  ရေဘေးသင့်ပြည်သူ ၁,၆၀၀ ခန့်အား ဆန်၊ ရေသန့်ဘူး၊    ဓာတ်ဆားထုတ်အစရှိသည့်ပစ္စည်းများကို  ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် အားကစားရုံမှ ထွက်ခွာပြီး ရေနစ်မြုပ်နေသော ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်သို့ လှေဖြင့်သွားရောက်ကာ အောင် ဇေယျကျောင်းတိုက်တွင်  ရေ ဘေးသင့်မိသားစု ၆၀၀ ခန့်အားဆန်၊ ရေသန့်နှင့် ဆေးဝါးပစ္စည်း များ ဆက်လက်လှူဒါန်းခဲ့သည်။
နိုင်ငံတစ်ဝန်း ရေဘေးသင့်မှု များကြုံတွေ့ခဲ့ရပြီး ဒေါ်အောင် ဆန်းစုကြည်သည် ရေဘေးသင့် ဒေသသို့ ပထမဆုံးအကြိမ် သွား ရောက်ခြင်းဖြစ်သည်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အနေဖြင့် ဆန်နှင့် အခြားလိုအပ်ပစ္စည်းများကို ရေဘေးသင့်ဒေသများသို့    ပေးပို့လှူဒါန်းလျက်ရှိကြောင်း သတင်းရရှိသည်။

Posted via Blogaway

ရေဘေးကြောင့် ရခိုင်ပြည်နယ်တွင် လူ ၃၅ ဦးသေဆုံးပြီး ကျပ်သိန်း လေးသောင်းကျော်ဆုံးရှုံး

ရခိုင်ပြည်နယ်တွင် ရေဘေးကြုံတွေ့နေစဉ် (ဓာတ်ပုံ − မောင်ကံ)
သြဂုတ် ၁၂ ရက်အထိ ရရှိသော စာရင်းများအရ ရခိုင် ပြည်နယ်တွင် ရေဘေးအန္တရာယ် ကြောင့် လူ ၃၅ ဦး သေဆုံးပြီး ခြောက်ဦးပျောက်ဆုံးကာ ကျပ်သိန်းလေးသောင်းကျော် ဆုံးရှုံးခဲ့ ကြောင်းသတင်းရရှိသည်။
ရေနစ်မြုပ်မှုများကြောင့် ကျား ၁၇ ဦး၊ မ ၁၈ ဦးသေဆုံးခဲ့ပြီး ခြောက်ဦးပျောက်ဆုံးနေကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သြဂုတ် ၃ ရက်တွင်  သတင်းထုတ်ပြန်ခဲ့သည်။
လူနေအိမ်ခြေ ၅,၉၇၉ လုံး၊ စာသင်ကျောင်းနှင့် ဘုန်းကြီး ကျောင်း ၉၀၊ တံတား လေးစင်း ပျက်စီးဆုံးရှုံးခဲ့ပြီး  တိရစ္ဆာန် ကောင်ရေ ၈၈၁ ကောင်သေဆုံးခဲ့ ကြောင်း ပြည်နယ်အစိုးရအဖွဲ့က အတည်ပြုသည်။
ရေဘေးဒဏ်ကြောင့် ကျပ် ငွေ ၄၇,၅၃၄ သိန်းဖိုး ဆုံးရှုံးခဲ့ ပြီး အသေအပျောက်၊ အပျက်အစီး စာရင်း ထပ်မံရရှိနိုင်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။
မြောက်ဦးမြို့နယ်တွင် ရွာ လုံးကျွတ်ရေထဲမျောပါသွား၍ လူ တစ်ရာကျော်သေဆုံးခဲ့သည်ဆို သည့် သတင်းမှာ မှန်ကန်ခြင်းမရှိ ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
‘‘တချို့နေရာတွေမှာ ရေကျ သွားပါပြီ။ ကယ်ဆယ်ရေးတွေ တောက်လျှောက်သွားနေပါတယ်။ ရဟတ်ယာဉ်နဲ့လည်း ရိက္ခာတွေ ဝေနေပါတယ်’’ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကယ်ဆယ်ရေးဆောင်ရွက် နေသော အရပ်ဘက်အဖွဲ့အစည်း များနှင့် ဒေသခံများက ရေဘေး ကြောင့် သေဆုံးသူဦးရေ ပိုမို များပြားနိုင်ကြောင်း ပြောကြား သည်။
ရေဘေးဒဏ်ကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ အမ်း၊ ပုဏ္ဏားကျွန်းစသည့်ဒေသများတွင် အရေးပေါ်အကူ အညီများလိုအပ်နေကြောင်း သ တင်းရရှိသည်။
‘‘ဆန်၊ ဒါမှမဟုတ် အသင့်စားလို့ရတာ၊ ပြီးတော့ ရေသန့်နဲ့ မိုးကာစတွေအဓိကလိုတယ်’’ဟု စစ်တွေ မြို့မိမြို့ဖအဖွဲ့ဝင် ဦးသန်းထွန်းက ပြောကြားသည်။

Posted via Blogaway

မြေယာပြဿနာနှင့် ဖမ်းဆီးခံကျောင်းသားများအရေး ဂျိုလီ ကုလသို့ တင်ပြမည်

ဒေါ်အောင်ဆန်းစုကြည်နှင့် အန်ဂျလီနာဂျိုလီတို့ လှိုင်သာယာသို့ သွားရောက်စဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာအေဂျင်စီမှ အထူးသံ တမန် ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး အန်ဂျလီနာဂျိုလီက ကုလသမဂ္ဂ   အဖွဲ့သို့ မြန်မာနိုင်ငံ၏ မြေယာ ပြဿနာနှင့်  ကျောင်းသားများဖမ်း ဆီးထောင်ချခံရမှုများ တင်ပြရန် အရပ်ဘက်အဖွဲ့အစည်းအချို့နှင့် သြဂုတ် ၃ ရက်တွင် တွေ့ဆုံခဲ့ ကြောင်း သတင်းရရှိသည်။

မြေယာသိမ်းဆည်းရေးကိစ္စ၊ အလုပ်သမားများ လုပ်ခလစာ ကိစ္စ၊ ကျောင်းသားများ ဖမ်းဆီး ထားသောကိစ္စနှင့် ရွေးကောက်ပွဲ မဲပေးရေးကိစ္စတို့နှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

‘‘မေးမြန်းချက်တွေကို ကုလ ကို တင်ပြပေးမယ်လို့ ပြောပါ တယ်။ ဘာလုပ်ပေးမယ်လို့တော့ တိတိကျကျမပြောပါဘူး’’ဟု မိ ကျောင်းကန် အရေးလှုပ်ရှားသူ ဦးစိန်သန်းကပြောသည်။

မြေယာသိမ်းဆည်းရေးဆန့် ကျင်လှုပ်ရှားမှုများနှင့် လူ့အခွင့် အရေးလှုပ်ရှားမှုများတွင်ပါဝင် သော ပေါင်းကူးမှ ဒေါက်တာ ကျော်သူ၊ ကိုအေးချို၊ ကိုစည်သူ နှင့် ဦးစိန်သန်းတို့ကို ခေါ်ယူတွေ့ ဆုံမေးမြန်းခဲ့သည်ဟု သတင်းရရှိ သည်။

ဇူလိုင် ၂၉ ရက်က မြန်မာ နိုင်ငံသို့ ရောက်ရှိနေသော ဂျိုလီ သည် သမ္မတဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ နှင့် ဦးစွာတွေ့ဆုံခဲ့ပြီး သြဂုတ် ၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံခဲ့သည်။

မူလက ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့ရှိ ဒုက္ခသည် စခန်းများသို့ သွားရောက်ရန်ရှိ သော်လည်း ကချင်ပြည်နယ်သို့ သာ သွားရောက်ခဲ့ပြီး ရခိုင်ပြည် နယ်တွင် ရေကြီးရေလျှံဖြစ်ပေါ်နေ သောကြောင့် သွားရောက်ခဲ့ခြင်း မရှိခဲ့ပေ။

ဂျိုလီသည် မြန်မာနိုင်ငံခရီး စဉ်တွင် သြဂုတ် ၃ ရက်အထိ ခြောက်ရက်အကြာနေထိုင်မည့် အစီအစဉ်ကို ရွှေ့ဆိုင်း၍ သြဂုတ် ၁ ရက်တွင် ပြန်မည်ဟု နိုင်ငံခြား ရေးဝန်ကြီးဌာနက ပြောဆိုထား သော်လည်း ခြောက်ရက်ကြာ မြန်မာနိုင်ငံ၌် နေထိုင်ခဲ့ကြောင်း သတင်းရရှိသည်။

၎င်းရှိနေစဉ်အတွင်း ပြည် တွင်းဒုက္ခသည်များ မဲပေးခွင့် ရရှိ ရေးကို တောင်းဆိုခဲ့သည့်အပြင် အမျိုးသမီးထုအားလုံး   ရွေး ကောက်ပွဲတွင်ပါဝင်လာရန် ပြော ဆိုခဲ့သည်။ နိုဗယ်ငြိမ်းချမ်းရေးဆု ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်း  လှိုင်သာယာမြို့နယ်ရှိ အခြေခံလူတန်းစားများအား သွား ရောက်တွေ့ဆုံသည်။ happy myanmarမှကူးယူသည်
7day daily


Posted via Blogaway

ရေဘေးကြောင့် ကလေးအနောက်ဘက် ကျေးရွာများပိတ်မိနေပြီး အစားအသောက်နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်

ကလေးမြို့ရှိ ရေဘေးသင့်ကျေးရွာတစ်ရွာမှ ဘုရားတစ်ဆူ ရေလွှမ်းမိုးနေစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
တစ်မြို့လုံးရေကြီး နစ်မြုပ်မှုအဆိုးရွားဆုံးကြုံတွေ့ နေရသည့် ကလေးမြို့တွင် မြို့ အနောက်ဘက်ခြမ်းရှိ ကျေးရွာ များပိတ်မိနေပြီး အစားအသောက် နှင့် ဆေးဝါးများ အရေးပေါ်လို အပ်နေကြောင်း သတင်းရရှိ သည်။

ကလေးမြို့ အနောက်ဘက် ခြမ်း မြွေတောင်၊ ဖားတောင် တောင်ခြေရင်းဒေသရှိ လက်ပံ ချောင်း၊ နန့်ချောင်း၊ နန့်ချောင်းပု၊ မောက်လင်း၊ ပြည်တော်သာ၊ ချမ်းသာကြီးနှင့် ချင်းစုရွာများ ပိတ်မိနေကြောင်း သတင်းရရှိ သည်။

‘‘ဘယ်မှထွက်ပြေးစရာလမ်း ကြောင်းမရှိတော့ဘူး။ ဦးသာ အေး (စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်) လာဖွင့်ပေးတဲ့  နတ် တံခါး တံတားကြီးလည်းပျက် သွားပြီ။ တောင်ဘက်လည်း သွား စရာမရှိဘူး။ မြောက်ဘက်လည်း သွားစရာမရှိဘူး။ အနောက်ဘက် မှာလည်း နတ်တံခါးဆည်ကြီး ကာထားတဲ့အခါကျတော့ ဘယ်မှ ထွက်ပြေးစရာ မရှိတော့ဘူး။ ဘယ်ကမှ အကူအညီလည်း မရ ဘူး’’ဟု လက်ပံချောင်းဒေသမှ ရေဘေးသင့်သူများအား အဓိက ကူညီဆောင်ရွက်ပေးနေသူ ကိုဂျက်ဆင် က ပြောသည်။

ယင်းဒေသတွင် မည်သည့် အဖွဲ့အစည်းအကူအညီမှမရရှိဘဲ ပိတ်မိနေသည်မှာ နှစ်ရက်ခန့်ရှိ လာကာ လက်ရှိတွင် အစားအ သောက်ပြတ်လပ်လာပြီး ကျန်းမာ ရေးထိခိုက်မှုများရှိလာကြောင်း သတင်းရရှိသည်။

အဆိုပါကျေးရွာများအနက် လက်ပံချောင်းတစ်ဖက်ကမ်းရှိ နန့်ချောင်း၊ မောက်လင်း၊ ပြည် တော်သာ၊ ချမ်းသာကြီး စသည့် ကျေးရွာများ ရေနစ်မြုပ်သွားပြီ ဖြစ်၍ လက်ပံချောင်းကျေးရွာ၌ ရေဘေးသင့်ပြည်သူနှစ်ထောင် ကျော်ခိုလှုံနေကြောင်း သိရသည်။

‘‘တချို့ဆိုရင် အဝတ်အစား မပြောနဲ့ ဖိနပ်တောင်ပါမလာဘူး။ မနေ့က ညနေပိုင်းမှာတောင် ထွက်ပြေးရင်း ထိခိုက်တာ လူ ၆၀ ကျော်လောက် ဆေးကုပေးခဲ့ ရတယ်’’ဟု ကိုဂျက်ဆင်က ပြော သည်။

အိမ်များရေမြုပ်လာသည့် အတွက် ထွက်ပြေးတိမ်းရှောင် ရင်း ထိခိုက်ရှနာမှုများရှိနေပြီး သက်ကြီးအမျိုးသမီးတစ်ဦး အ သက်ဆုံးရှုံးခဲ့ရကြောင်း သတင်း ရရှိသည်။

အစားအသောက်များပြတ် လပ်လာသည့်အတွက် ရေအနည်းငယ်ကျလာသည့် ကျေးရွာများရှိ နေအိမ်များတွင် အိမ်ဖောက်ထွင်း မှုများလည်းဖြစ်ပေါ်နေပြီး နန့် ချောင်းကျေးရွာ၌ ဩဂုတ် ၃ ရက် တွင် နေအိမ် ၁၁ လုံးဖောက်ထွင်းခံ ရကြောင်း သတင်းရရှိသည်။

‘‘ကျွန်တော်တို့မှာ ဘာဘတ် ဂျက်မှမရှိဘူး။ ကျွန်တော်တို့ စိတ် မကောင်းဖြစ်မိတာက အစိုးရ အဖွဲ့အစည်းအသိအမှတ်ပြုတဲ့ဒုက္ခသည် စခန်းတွေလောက်ပဲ ကူညီမှုတွေရပြီးတော့ အစိုးရက အသိအမှတ်မပြုတဲ့စခန်းတွေကျ တော့  ဘာအကူအညီမှမရဘူး။ အခုကျွန်တော်တို့ ကိုယ့်အစီအ စဉ်နဲ့ကိုယ် လုပ်ထားတာတောင် စခန်း ၂၀ လောက်ရှိတယ်။ ရေ မကျဘူးဆိုရင်တော့ နောက်ရက် တွေ အခြေအနေ ပိုဆိုးသွားနိုင် တယ်’’ဟု ကိုဂျက်ဆင်က ပြော သည်။
7day daily မှကူးယူ​ဖော်​ပြသည်
ယခုသတင်းအား happy myanmarမှရယူသည်


Posted via Blogaway