မနုဿ ရဲ့ စာမျက်နှာလေးများpage မှကူးယူဖော်ပြသည်
#Zawgyi Version
ချစ်နေစဉ်ကာလအတွင်းမှာ တစ်ဦးကိုတစ်ဦး လက်ညှိုးထိုးပြီး မချစ်ကြပဲ လက်ချင်းဆုပ်ကိုင် ရှေ့ဆက်သွားဖို့ပဲ အရင်စဉ်းစားကြပါ။
ချစ်တဲ့...မနုဿ
#Zawgyi Version
ချစ်နေစဉ် အတောအတွင်းမှာတော့ ...
ကိုယ့်ရဲ့ တဇွတ်ထိုးဆန်တာလေးတွေ ၊ ချို့ယွင်းချက်လေးတွေ၊ ကလေးဆန်တာလေးတွေ အားလုံးဟာ ချစ်စရာကောင်းနေပါလိမ့်မယ်။
အပြစ်လုပ်ခဲ့ရင်လည်း မေ့မေ့ပျောက်ပျောက် ချေဖျတ်ပစ်လိုက်လို့ရပါလိမ့်မယ်။
မချစ်နိုင်တော့တဲ့ အခါမှာတော့...
ကိုယ်စကားပြောလည်း အမှားဖြစ်ချင်ဖြစ်နေမှာပဲ ။
အမှားပါမှာစိုးလို့ စကားမပြောပဲ တိတ်ဆိတ်ပေးလိုက်ရင်လည်း အပြစ်ဖြစ်နေဦးမှာပါပဲ။
ဘာမှမဟုတ်တဲ့ ပြစ်ချက်လေးတွေဟာလည်း သေဒဏ်နီးပါး ပြင်းထန်သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။
တကယ်ချစ်တဲ့ ချစ်သူတွေဆိုတာ တစ်ဦးနဲ့တစ်ဦး ပြစ်ချက်တွေကို ကော်ထုတ်ပြီး တစ်ယောက်ကိုတစ်ယောက် လက်ညှိုးထိုးနေတာထက် အပြစ်ကလေးတွေ ပေါ်ပေါက်လာခဲ့ရင်တောင် အတင်းမြေမြှပ် ဖျောက်ပစ်လိုက်ဖို့ပဲ စဉ်းစားကြပါတယ်။
လူတွေဟာ ပြောင်းလဲတတ်ပါတယ်ဆိုတာကို သတိရနေရင် ရပါပြီ။
သူ့အကြိုက်ချည်းလိုက်ပြီး ကိုယ်ရဲ့အမူအကျင့်တွေကို အတင်းလိုက်လံ ပြောင်းလဲပစ်ဖို့ မစဉ်းစားပါနဲ့။
ကိုယ့်အကြိုက်ချည်းပဲလည်း သူတစ်ပါးကို လိုက်ပြောင်းခိုင်းဖို့ မကြိုးစားပါနဲ့။
ချစ်နေစဉ်ကာလအတွင်းမှာ တစ်ဦးကိုတစ်ဦး လက်ညှိုးထိုးပြီး မချစ်ကြပဲ လက်ချင်းဆုပ်ကိုုင် ရှေ့ဆက်သွားဖို့ပဲ အရင်စဉ်းစားကြပါ။
ချစ်တဲ့...မနုဿ
မနုဿ ရဲ့ စာမျက်နှာလေးများ
www.facebook.com/manotetha
ဂူဂဲလ်ခရီးသည်ဘလော့မှနွေးထွေးစွာကြိုပါတယ်ခင်ဗှာဒီဘလော့လေးမှာနည်းပညာဗဟုသုတ နှင့်သတင်းတွေမျှဝေပေးသွားပါမည် ဆရာကြီးတို့ဆီမှဆော့စ်ဝဲလ် စာအုပ် နည်းပညာများပြန်လည်မျှဝေခဲ့သည်ရှိသော် အပြစ်မယူကြပါနှင့်ခင်ဗျာ ဒီဆိုဒ်လေးဟာကျွန်တော့အကျိုးစီးပွားအတွက်မဟုတ်သလိုမည်သူ့အကျိုးစီးပွားမှထိခိုက်စေရန်မရည်ရွယ်ပါဘူးခင်ဗျာ
Pages - Menu
▼
Friday, May 29, 2015
Sunday, May 24, 2015
ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ ) ၏ “ တွေးမိတိုင်း ပျော်တယ် ”
သတိက အဆင်သင့်ရှိနေရင် မကျေနပ်တဲ့စိတ်ကလေး ဖြစ်လာတဲ့အခါမှာ ဖြစ်ဖြစ်ချင်း ချက်ချင်းမြင်နိုင်တယ်။ဒီစိတ်ကလေးဟာ မကျေနပ်တဲ့ အတွေးလေးပဲ၊ ဒေါသစိတ်ကလေးပါ၊ ငါမဟုတ်ဘူး၊ သူ့သဘာဝနဲ့သူပဲ၊ အဲဒီလို ဒေါသစိတ်ကို ငါမဟုတ်တဲ့စိတ်အနေနဲ့ မြင်တတ်သွားပြီဆိုရင် ခွင့်လွတ်ရတာ ပိုလွယ်သွားတယ်။ အဲဒီဒေါသစိတ်ကို ငါ့စိတ်လို့မြင်နေရင် ငါမကျေနပ်ဘူးဆိုတဲ့ အတွေးကြောင့် ငါကျေနပ်အောင်ဘာလုပ်ရမလဲဆိုတဲ့ နောက်ဆက်တွဲတွေ အများကြီး ဆက်တွေးရတော့တယ်။ ငါမဟုတ်ဘူးလို့ မြင်လို့ရှိရင် ရှေ့ဆက်စရာ မရှိတော့ဘူး။ အဲဒီနေရာတင် ရပ်လို့ရတယ်။ ဇာတ်လမ်း မရှည်တော့ဘူး။
ကိလေသာအကြောက်ဆုံးအရာက အနတ္တဉာဏ်နဲ့ အေးအေးဆေးဆေး ကြည့်တာပဲ။အေးအေးဆေးဆေးကြည့်နိုင်ရင် ကိလေသာဟာ စိတ်ဝင်စားစရာ အင်မတန်ကောင်းတာကို တွေ့ရတယ်။ကိလေသာဟာ မဟုတ်တာကို အဟုတ်လို့ ထင်အောင် အမျိုးမျိုး ဖန်တီးပြနိုင်တယ်။ဒါကြောင့်ပယ်ဖို့ထက်သိဖို့ပိုအရေးကြီးတယ်။ ကိုယ့်မှာ ကိလေသာ ကင်းသလား၊ မကင်းဘူးလားဆိုတာ သူများကို သွားမမေးပါနဲ့၊ အချိန်တန်တော့ သူ့ဟာသူပြပါ လိမ့်မယ်နော်။ လောကဓံတရားက စာမေးပွဲစစ်ပေးမယ်။ ကိုယ့်မှာ ဣဿာမစ္ဆရိယဖြစ်တာကို ဖြစ်မှန်းသိလိုက်ရတာ အကျိုးအင်မတန် များပါတယ်နော်။ ကိုယ့်ချို့ယွင်းချက်ကို မသိဟန်ဆောင်ထားတာ ဖုံးထားတာဟာ အမှန်တော့ ကိုယ်ပဲ ထိခိုက်တယ်၊ နစ်နာတယ်၊၊ လောဘဟာကလေးဆန်တယ်။ ဒေါသဟာ သိပ်ကလေးဆန်တယ်။ မာန ဣဿာ မစ္ဆရိယ စသည် သူတို့မရှိတဲ့အခါမှာ တကယ့်ကို ရင့်ကျက်မှု အပြည့်ရှိနေတာပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကို ရင့်ကျက်မှုရှိလာအောင် တကယ်အသိဉာဏ်ရှိတဲလူကြီး ဖြစ်လာအောင်ဆိုရင် သတိနဲ့နေမှ ဖြစ်တော့မှာ။ လောဘ၊ ဒေါသ၊ မာန၊ မနာလိုဝန်တိုမှု၊ ယုံမှားသံသယဖြစ်မှု၊ စိတ်ပျံ့လွင့်မှု၊ ထိုင်းမှိုင်းတွေဝေမှု စတာတွေဟာ ရန်သူစိတ်တွေပဲ။ ကိလေသာအကြောက်ဆုံးဟာ သူ့ကို ရန်လုပ်တာ မဟုတ်ဘူး။ ကိလေသာအကြောက်ဆုံးဟာ သူ့ကို သတိနဲ့ဉာဏ်နဲ့ အေးအေးဆေးဆေးကြည့်တာကို အကြောက်ဆုံးပဲ။
ကိလေသာရဲ့သဘောက ငါနဲ့ ပေါင်းစပ်မိရင် အင်အားပိုပြီး ကြီးတတ်တယ်။ ကိလေသာဟာ အတ္တရဲ့အကူအညီကို မရရင် အားနဲသွားတယ်။ ဘယ်လိုကိလေသာဖြစ်ဖြစ်၊ လောဘဖြစ်ဖြစ်၊ ဒေါသဖြစ်ဖြစ်၊ မာနဖြစ်ဖြစ် ငါဆိုတဲ့သက္ကာယဒိဋ္ဌိရဲ့ အထောက်အပံ့ကို မရရင် သူသိပ်အားမကြီးဘူး။ ဖြစ်ကြောလည်း မရှည်ဘူး။ မြန်မြန်နဲ့ပြေသွားတယ်။ ဒါကြောင့် လောဘ၊ ဒေါသ၊ မာန၊ မနာလိုဝန်တိုမှုတွေကို အနတ္တအဖြစ်နဲ့မြင်ရင် သူအင်အားနဲပြီးတော့ နောက်ဆုတ် သွားမှာပါ။ ပြီးတော့ သူ့ဆီက ပညာနဲ့အသိဉာဏ်လည်း ရလိုက်မယ်။ သူက ကိုယ့်ကို ပညာအသိဉာဏ်တွေ ပေးသွားတာပဲ။ဒါကြောင့်စိတ်ဓါတ်ခိုင်မာလာတယ်။ အတွင်းမှာ အင်အားတွေ ရှိလာတယ်။ အင်မတန် ရင့်ကျက်တည်ငြိမ်တဲ့သူ ဖြစ်လာတယ်။ရုပ်ပိုင်းဆိုင်ရာ အုတ်တွေ၊ ကျောက်တွေ၊ သံတွေနဲ့ ဆောက်ထားတဲ့ ရဲတိုက်ကြီးကတော့ လူပုဂ္ဂိုလ်ကို ပြင်ပရန်သူကိုပဲ ကာကွယ်နိုင်ပါတယ်နော်၊ ကိုယ့်စိတ်ထဲကို အမြဲဝင်နေတဲ့ ကိလေသာရန်သူကိုတော့ ၀င်မလာအောင် အကာအကွယ် မပေးနိုင်ပါဘူး။ ကိလေသာရန်သူ စိတ်ထဲကိုဝင်မလာအောင် သတိ၊သမာဓိဉာဏ်ပညာကသာကာကွယ်နိုင်တာပါ။ပြင်ပကရန်သူထက် ကိလေသာရန်သူက ပိုကြောက်စရာ ကောင်းပါတယ်။။🌲🌲🌲
➖➖➖🍄🍄➖➖➖
ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ )
၏
“ တွေးမိတိုင်း ပျော်တယ် ”
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊
LIFE facebook page မှကူးယူဖော်ပြသည်

♻️သင် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ♻️
♻️သင် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ♻️
လူတွေဟာ ငါ့ဘဝမှာ အရေးကြီးပါတယ်၊၊ ငါနဲ့ ရေရှည် ဆက်ဆံရတဲ့သူဟာ ပိုပြီးတော့ စဉ်းစားတတ်တဲ့သူ ချင့်ချိန်တတ်တဲ့သူ အကောင်းဆုံးကိုရွေးချယ်ပြီး လုပ်တဲ့သူ ဖြစ်လာရမယ်၊၊ အဲသလို ရည်မှန်းချက်တစ်ခု ထားသင့်တယ်၊၊
အဲဒီလိုခံယူချက် ထားလိုက်လို့ရှိရင် ပတ်ဝန်းကျင်မှာ စီးပွားရေးအခြေအနေတွေ အမျိုးမျိုး ပြောင်းနေတယ်၊၊ ကမ္ဘာ့အခြေအနေတွေ အမျိုးမျိုး ပြောင်းနေတယ်၊၊ ဘယ်လိုပြောင်းသွား ပြောင်းသွား ကိုယ့်စိတ်ထား အောက်ကို ကျမသွားဘူး၊၊ ကိုယ်ထားတဲ့ရည်မှန်းချက်က အမြဲတမ်း ကိုယ့်စိတ်ထားကို မြှင့်ပေးထားတယ်၊၊ ဘာကြီးဖြစ်နေဖြစ်နေ ငါ့ရဲ့ ဦးတည်ချက်ကို ဘယ်တော့မှ မပြောင်းဘူး၊၊
“သင်ကောင်းလျှင် ကျွန်နူပ်မဆိုးပါ၊၊” လို့ ပြောတာ ကြားဖူးတယ်နော်၊၊ ခံယူချက် တကယ်မှန်တဲ့သူကတော့ “သင်ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ ကျွန်နူပ်ကတော့ ပုံမှန်အတိုင်းပါပဲ” လို့ ပြောမှာပဲ၊၊ ပုံမှန်စိတ်ထားနဲ့ ပုံမှန်ဆက်ဆံရေးကို ထားမယ်၊၊ တတ်နိုင်သလောက် အားလုံးအတွက် အဆင်ပြေဖို့ ကြိုးစားမှာပဲ၊၊
လူတွေကတော့ အမျိုးမျိုး ရှိပါတယ်၊၊ စိတ်ထား ကောင်းတဲ့လူလည်း ရှိတယ်၊၊ စိတ်ထား မကောင်းတဲ့လူလည်း ရှိတယ်၊၊ ဘုန်းကြီးက စိတ်ထား မကောင်းတဲ့ လူတွေကိုပါ စိတ်ချမ်းသာစေချင်ပါတယ်၊၊ သူတို့ တနေ့တခြား ပိုပြီးတော့ စိတ်ထားကောင်းတဲ့သူ၊ တနေ့တခြား ပိုပြီးတော့ စိတ်အေးချမ်းတဲ့သူ၊ တနေ့တခြား ပိုပြီးတော့ အသိဥာဏ်တွေ မြင့်မားလာတဲ့သူ သိပ်ဖြစ်စေချင်ပါတယ်၊၊ ဘာလို့လဲဆိုတော့ သူတို့ စိတ်ထားတွေ ကောင်းလာရင် သူတို့ အသိဥာဏ် ရှိလာရင် ကိုယ့်အတွက် တော်တော်အကျိုးရှိတယ်နော်၊၊ (ကိုယ်ကျိုးတော့ နည်းနည်း ပါသွားပြီ၊၊) ဒါကြောင့် မြန်မြန် စိတ်ထား ကောင်းပါစေလို့ မေတ္တာပို့ပါတယ်၊၊🙇🙇🙇
🚶 ➖➖ 🍄🍄 ➖➖ 🚶
♻️ ဆရာတော်ဦးဇောတိက ♻️
( မဟာမြိုင်တောရ )
၏
🌲“ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း ” 🌲
စာအုပ်မှ ကူးယူ ဖော်ပြပါသည်၊၊
LIFE facebook မှကူးယူဖော်ပြသည်

ငါနဲ့ငါ့အရိပ်
🌗ငါနဲ့ငါ့အရိပ် 🌗
စုပြီးတော့ စကားပြောနေကြတာကို ဘေးကနေကြည့်ရင်
ဒီလူတွေအားလုံးဟာ တစ်ခုခုကို ကြောက်နေကြတယ်လို့
ထင်ရတယ်။ ဘာကို ကြောက်နေကြတာလဲ။ ခေတ်အဆက်ဆက် လူဟာ အဖော်မဲ့နေတာကို ဖြေဖျောက်ဖို့ ကြိုးစားနေတာပါပဲ။ အဲဒီ အဖော်မဲ့နေတဲ့ခံစားချက်ကို ကဗျာဆရာတစ်ယောက်က ရိုးရိုးလေးနဲ့
ရင်ထဲမှာထိခိုက်သွားအောင် ရေးထားတဲ့ ကဗျာလေးတစ်ပုဒ် ရှိတယ်။
Me and my shadow,
Not a soul to tell our troubles to…
Just me and my shadow,
All alone and feeling blue.
(Billy Rose)
ငါနဲ့ ငါ့အရိပ်
တို့ရဲ့ ဒုက္ခတွေကို ပြောပြရမယ့်သူ တစ်ယောက်မှ မရှိဘူး။
ငါနဲ့ ငါ့အရိပ်ပဲ။
တကိုယ်တည်း။ မပျော်ဘူး။
ဘယ်ခေတ် ဘယ်အခါမှာဖြစ်ဖြစ် လူတွေဟာ အဖော်မဲ့နေတာကို လွတ်မြောက်သွားဖို့ တတ်နိုင်တဲ့နည်းမျိုးစုံနဲ့ ကြိုးစားကြတယ်။ အသင်းအဖွဲ့အမျိုးမျိုး ဖွဲ့စည်းတယ်၊ တစ်ခုမဟုတ်တစ်ခု စုပေါင်းပြီးတော့လုပ်တယ်၊ ပွဲလမ်းသဘင်တွေ လုပ်တယ်၊ အခမ်းအနားတွေ လုပ်တယ်၊ နှစ်ပတ်လည်ပွဲတွေ၊ မိတ်ဆုံစားပွဲတွေ
လုပ်တယ်။ တစ်ယောက်နဲ့တစ်ယောက် စုပြီးတော့ ဟိုလူ့အကြောင်း ဒီလူ့အကြောင်း ပြောမယ်၊ သတင်းစာထဲမှာပါတဲ့အကြောင်းတွေ ပြောမယ်၊ တီးမယ်၊ မှုတ်မယ်၊ ဆိုမယ်၊ ကမယ်။ ပြီးတော့ အခုခေတ်မှာ အင်မတန်အသံကျယ်တဲ့ ဆူညံတဲ့ သီချင်းတွေ ဆိုကြ၊ နားထောင်ကြတာဟာ တနည်းအားဖြင့် loneliness ကို ဖုံးတာပဲ။ lonely thoughts ဆိုတဲ့ ငါတစ်ကိုယ်တည်း ဖြစ်နေပါလားဆိုတာကို မတွေးမိအောင်နေဖို့၊ မေ့နိုင်ဖို့၊ အသံကျယ်ကျယ်သီချင်းတွေဖွင့်ပြီး နားထောင်နေကြတယ်။ T.V. တို့ ဘာတို့လည်း ကြည့်ပြီး ကိုယ့်ကိုကိုယ် မေ့ထားကြတာပဲ။ ဘယ်ခေတ်ဘယ်အခါမှာဖြစ်ဖြစ် lonliness ဆိုတာ ရှိတာပဲ၊ အရင်ခေတ်ကလည်း ရှိတာပဲ။ အခုခေတ်မှာ အဲဒီ loneliness က ပိုပြီးတော့ ကျယ်ပြန့်တယ်၊ နက်ရှိုင်းတယ်။ အဲဒီလို အဖော်မဲ့နေတာကို ဖြေဖျောက်ဖို့ စိတ်ကို လမ်းလွဲတဲ့နည်းတွေကလည်း
အခုခေတ်မှာ ပိုများတယ်။ ဟိုလည် ဒီလည်၊ ဟိုသွား ဒီသွား၊ ခရီးသွားကြတာလည်း ပါတယ်နော်။ သူများကိုယ့်ကို သဘောကျအောင် အာရုံစိုက်အောင် လက်ခံအောင်၊ ကျေနပ်အောင် လုပ်ကြကိုင်ကြတာလည်း ပိုများလာတယ်။ ကိုယ့်ကို သူများ
အာရုံစိုက်တယ်ဆိုရင် ကိုယ့်ရဲ့ အဖေါ်မဲ့နေတဲ့ခံစားမှု နဲနဲသက်သာသလို
ခံစားရတယ်။ ဒါပေမဲ့ ကိုယ့်ကို ခဏလောက် အာရုံစိုက်တဲ့သူဟာ ကိုယ့်အတွက် ရေရှည်အဖေါ်ကောင်း ဘယ်ဖြစ်နိုင်မလဲ။
အခုခေတ်မှာ တစ်ယောက်တည်း အေးအေးဆေးဆေး နေတယ်ဆိုရင်ကိုပဲ ပတ်ဝန်းကျင်က တစ်မျိုးထင်တတ်တယ်။ ပတ်ဝန်းကျင်ရဲ့လက်ခံမှုကို ရအောင်၊ ပတ်ဝန်းကျင်မှာ ဝင်ဆံ့အောင် အမျိုးမျိုး လုပ်နေရတယ်။ တွေ့ဖို့ ဆုံဖို့နည်းလမ်းတွေ ဖန်တီးနေရတယ်၊၊ ဒါကြောင့် အကျွေးအမွေးပွဲ၊ အခမ်းအနားပွဲတစ်ခုခု လုပ်တဲ့အခါမှာ
စုမိကြပြီဆိုရင် မရပ်မနား စကားပြောတတ်တယ်။ သူပြောလိုက် ငါပြောလိုက်နဲ့ မဆုံးနိုင်အောင် ပြောကြတယ်၊၊ တကယ်အရေးကြီးတဲ့အကြောင်းကို ပြောနေတာလားဆိုတော့ မဟုတ်ဘူး။ သူတို့အတွက် အရေးကြီးတာက ဘာလဲဆိုတော့
မရပ်မနား စကား ပြောနေဖို့ပဲ။ ဘာအကြောင်းပြောနေတယ်ဆိုတာ အရေးမကြီးဘူး။ အရေးမကြီးတာကိုပြောဖို့က ပိုတောင်မှ လိုအပ်သလို ဖြစ်နေတယ်။ အရေးကြီးတာတွေ မပြောနဲ့၊ အရေးမကြီးတာတွေ လျှောက်ပြောနေ။ ပြောလိုက်တဲ့အကြောင်းအရာက အရေးကြီးတာ မဟုတ်ဘူး၊ အရေးကြီးတာက စကားအဆက်မပြတ် ပြောနေဖို့ပဲ။ လူကြားထဲရောက်တဲ့အခါ ဘာမှ မပြောပဲနေတာဟာ အကြီးမားဆုံး
ပြစ်မှုတစ်ခုကို လွန်ကြူးတာနဲ့ တူနေတယ်။ Silence is lonely and frightening. တိတ်နေရင် အဖော်မဲ့သွားပြီ၊ lonely ဖြစ်သွားပြီ၊ ကြောက်ဖို့လည်း တော်တော်ကောင်းတယ်။
လူကြားထဲမှာ ကိုယ်ပြောတဲ့အကြောင်းအရာကို ခံစားချက် ပြင်းပြင်းထန်ထန်နဲ့ မပြောရဘူး။ သိပ်လေးနက်တဲ့ စကား သိပ်အဓိပ္ပာယ်ရှိတဲ့ စကားကို မပြောနဲ့။ လူကြားထဲမှာ သိပ်လေးနက်တဲ့ စကား ပြောနေပြီဆိုရင် အဲဒီလူဟာ နဲနဲကြောင်နေပြီလို့ ပြောချင်ကြတယ်။ ရီစရာ မောစရာ၊ ဗဟုသုတဖြစ်စရာ ခပ်ပေါ့ပေါ့ အကြောင်းအရာတွေကိုပဲ မနားတမ်းပြော။ အဲဒါဆိုရင် သိပ်တော်တယ်၊
သိပ်လူချစ်လူခင် များတယ်။ ကိုယ်ပြောတဲ့စကားရဲ့ အဓိပ္ပာယ်ကို နားလည်ဖို့ မကြိုးစားရဘူးဆိုရင် ကိုယ်ပြောတဲ့စကားဟာ ပိုပြီးတော့ လူကြိုက်များတယ်။ ငါပြောတဲ့စကားကို ဘယ်သူမှ လေးလေးနက်နက် မစဉ်းစားဘူး၊ ဒါပေမယ့် နားထောင်တယ်၊ ရီစရာရှိရင် ရီလိုက်တယ်။ အဲဒါဆိုရင် ကိုယ့်စကားဟာ ပိုပြီးတော့ လူကြိုက်များတယ်၊ ကိုယ့်စကားဟာ လေးနက်သွားပြီဆိုရင် တော်တော် personal ဖြစ်သွားတယ်။ တချို့လူတွေဟာ လေးနက်တာကို ကြောက်တယ်။ လေးလေးနက်နက် စကားမျိုး ပြောတဲ့သူကို ကြောက်တယ်။
💥 အဲသလို စုပြီးတော့ စကားပြောနေကြတာကို ဘေးကနေ ကြည့်ရင် ဒီလူတွေအားလုံးဟာ တစ်ခုခုကို ကြောက်နေကြတယ်လို့ ထင်ရတယ်။ ဘာကို ကြောက်နေကြတာလဲ။ loneliness ကိုပဲ။💥
🚶 ➖➖ 🍄🍄 ➖➖ 🚶
♻️ ဆရာတော်ဦးဇောတိက ♻️
🍁 ( မဟာမြိုင်တောရ ) 🍁
▫️ ▫️ ၏ ▫️ ▫️
🌲“ ဘာကို တန်ဖိုးထားရမလဲ ” 🌲

ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ ) ၏ “ တွေးမိတိုင်း ပျော်တယ် ''
ပဿနာ မရှိဟန်ဆောင်ကာ ပြဿနာဖြေရှင်းနည်း တစ်နည်းနော်။ ဒါပေမယ့် အဲဒါ အကောင်းဆုံးနည်း မဟုတ်ပြန်ဘူး။ ပြဿနာ မရှိဟန်ဆောင်နေရတာကိုက ဒုက္ခကြီးပါ။ ပြဿနာ မရှိဘူးလို့ သဘောထားလိုက်ရင် ပြဿနာ ပျောက်သွားမယ်လို့ ယုံကြည်တာဟာ တော်တော်ကို လူကြိုက်များတဲ့နည်း ဖြစ်တယ်။ စိတ်က အဲဒါမျိုးပဲ လုပ်လိုက်ချင်တယ်။ ပြဿနာကို ဖင်ခုထိုင်ထားလိုက်ရင် မမြင်ရတော့ဘူး။ အဲဒါကြောင့် ပြဿနာကို ဖင်ခုထိုင်ထားကြတယ်။ အဲဒီလို ပြဿနာကို ရှောင်နေရင် ပြဿနာပျောက်သွားမှာ မဟုတ်ဘူး။ ကြာရင် ပြဿနာ ပိုပြီးတော့ဆိုးလာတတ်တယ်။
ပြဿနာဖြစ်တဲ့အခါမှာ ဒီပြဿနာကို သဘောထားမှန်မှန်နဲ့၊ ပြောပုံ၊ ဆိုပုံ၊ လုပ်ပုံ၊ ကိုင်ပုံ နည်းလမ်းမှန်မှန်နဲ့ ထိထိရောက်ရောက် မဖြေရှင်းလို့ရှိရင်၊ ပြေလည်အောင် မကြိုးစားလို့ရှိရင် တိုးတက်မှု၊ ကြီးပွားမှု ပိတ်သွားတယ်။
တစ်ဖက်သားမှာ ကောင်းတာလေးတွေ အများကြီးရှိပါတယ်။ ကောင်းကွက်ကလေးတွေကို မမြင်ဟန်ဆောင်ပြီးတော့ မတော်တဆ မှားသွားတာလေး နည်းနည်းပါးပါးလောက်ကို ပုံကြီးချဲ့မယ်ဆိုရင် ပြဿနာ မပြေလည်နိုင်တော့ဘူး။ တစ်ယောက်ကိုတစ်ယောက် အပြစ်မရှိ အပြစ်ရှာတတ်တဲ့အကျင့် ရှိသွားပြီဆိုရင် ဆက်ဆံရေးက ကြာလေဆိုးလေ ဖြစ်သွားမယ်။ တမင်တကာ အပြစ်ရှာပြီးတော့ ပြောတတ်ဆိုတတ်တဲ့လူ၊ တွေးတတ်တဲ့လူဟာ ကြာရင် သူ အပြစ်ရှာနေတယ်လို့ မထင်တော့ဘဲနဲ့ ဟိုလူဟာ တကယ်အပြစ်ရှိတဲ့လူလို့ ထင်တော့တာပဲ။ ဖြေရှင်းပါရစေ၊ အဲသလို မဟုတ်ပါဘူးလို့ ပြောတာတောင်မှ မရဘူး။ ဖြေရှင်းခွင့်တောင် မပေးတော့တာမျိုးတွေ ရှိတယ်။
သူတစ်ပါးကို မကောင်းမြင်တာဟာ ဘယ်ပေါ်မှာ အခြေခံလဲဆိုတော့ ကိုယ့်ရဲ့ insecurity ပေါ်မှာ အခြေခံတယ်။ ကိုယ်က အားငယ်တတ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိလို့ သူတစ်ပါးကို မကောင်းမြင်တတ်တာ တော်တော် စဉ်းစားဖို့ ကောင်းတယ် သတိထားနော်။ နည်းနည်းပါးပါး မကောင်းတာဆို လူတိုင်းမှာ ရှိတတ်ပါတယ်။ ဒါပေမယ့် အမြဲတမ်းလိုလို လူများစုကို မကောင်းမြင်တတ်ပြီဆိုရင် အဓိပ္ပါယ်က ကိုယ့်မှာ အားငယ်တဲ့စိတ်၊ သိမ်ငယ်တဲ့စိတ် ရှိနေပြီ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိဘူး။ ကိုယ်လုပ်နေတာ ကိုယ်ပြောနေတာတွေဟာ တကယ်မှန်တယ်၊ တကယ်ကောင်းတယ်လို့ ကိုယ့်ဟာကိုယ် တကယ်ပဲသိတယ်၊ ယုံကြည်တယ် ဆိုလို့ရှိရင် ကိုယ့်မှာ အားငယ်တဲ့စိတ်၊ သိမ်ငယ်တဲ့စိတ်၊ စိတ်မချတဲ့စိတ်၊ မလုံခြုံတဲ့စိတ်လည်း မရှိဘူးဆိုရင် သူများအပြစ်ကို ရှာကြံပြီးတော့ တွေးနေဖို့လည်း မလိုတော့ဘူး။🌿
➖➖➖🍄🍄➖➖➖
ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ )
၏
“ တွေးမိတိုင်း ပျော်တယ် ”
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊
LIFE facebook page မှကူးယူဖော်ပြသည်။

ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ )၏ “ တွေးမိတိုင်း ပျော်တယ် ”
ကိုယ့်ကိုယ်ကို ပြန်ပြီး ဘယ်လို သဘောထားမလဲ၊ ကိုယ့်ကိုယ်ကို ပြန်ပြီး ဘယ်လို ဆက်ဆံရမလဲ၊ “ ငါ ဘယ်လိုလူလဲ ” ဆိုတဲ့ မေးခွန်းကို မေးမယ် ဆိုရင်တောင်မှ သတ္တိ တော်တော်လိုတယ်။ “ ငါ တကယ်ရိုးသားတဲ့သူ ဟုတ်ရဲ့လား ” ဆိုတဲ့ မေးခွန်းကို မေးကြည့်စမ်းပါ။ သတ္တိ ဘယ်လောက်လိုလဲ ဆိုတာ ရိပ်မိမယ်၊၊ ပြီးတော့ “ ငါဟာ ဘယ်လောက်ထိအောင် ကောင်းတဲ့ လူတယောက် ဖြစ်လာနိုင်သလဲ၊ ဘယ်လောက်ထိအောင် စိတ်ထား နူးညံ့တဲ့ အေးချမ်းတဲ့ မြင့်မြတ်တဲ့ လူတယောက် ဖြစ်လာနိုင်သလဲ ” ဆိုတဲ့ မေးခွန်းမျိုးကို မေးကြည့်စမ်းပါ။ သတ္တိ ဘယ်လောက် လိုမလဲလို့၊၊ အဲဒီလို ကိုယ့်ကိုယ်ကို ပြန်ရင်ဆိုင်ရတဲ့အခါမှာ ရှိရမဲ့ သတ္တိမျိုးကို မွေးသွားနိုင်ပြီဆိုရင် အပြင်မှာ ရှိနေတဲ့ အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါမှာ ပိုပြီးတော့ ကြီးမားတဲ့ တည်ငြိမ်မှု အေးချမ်းမှု ရှိတဲ့စိတ်နဲ့ ရင်ဆိုင်သွားမှာ ဧကန်မုချပဲ။ ဒါကြောင့် အပြင်မှာ ရှိနေတာကို ရင်ဆိုင်ဖို့ထက် ကိုယ့်စိတ်ထဲမှာ ရှိနေတာကို ရင်ဆိုင်ဖို့က သတ္တိပိုပြီး လိုအပ်ပါတယ် ဆိုတာကို နားလည်ဖို့ လိုတယ်။
သူ့ ဆီက ဘာမှပြန် မမျှော်လင့်ဘဲနဲ့ ကိုယ်ပေးနိုင်တာကို မေတ္တာနဲ့ ပေးနိုင်ဖို့ သတ္တိ လိုပါတယ်။ ငါ့ကို ပြန်ချစ်မှာလားဆိုတဲ့ မျှော်လင့်ချက်မျိုး မထားဘဲ ကိုယ်က လှိုက်လှိုက်လှဲလှဲ ချစ်နိုင်ဖို့ သတ္တိ လိုတယ်။ သူ့ကိုချစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို ပေးလိုက်တာပဲ။ ကိုယ့်ဘဝထဲမှာ သူ့ကို နေရာပေးလိုက်တာဘဲ။ ကိုယ့်ဘဝထဲမှာ သူ့အတွက် နေရာပေးနိုင်ဖို့ သတ္တိ လိုတယ်၊၊ အရှုံးအမြတ် မတွက်ပဲ ချစ်နိုင်ဖို့ သတ္တိ လိုတယ်။ အနိုင်အရှုံးမရှိပဲ ချစ်နိုင်ဖို့ သတ္တိ လိုတယ်။ ပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်ဖို့ သတ္တိ လိုတယ်။ ရာနှုံးပြည့် ရိုးသားတဲ့စိတ်နဲ့ဆက်ဆံတဲ့ ဆက်ဆံရေးမျိုးကို ပေးနိုင်ဖို့ သတ္တိ လိုတယ်။ တကယ် သတ္တိရှိမှ ချစ်နိုင်တယ်။ ကိုယ့်ရင်ထဲက ဖြစ်ပေါ်လာတဲ့ ရိုးသားတဲ့စိတ်နဲ့၊ ကိုယ့်အသိဥာဏ်နဲ့ ကိုယ်မြင်ထားတာ သိထားတာကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ဖို့ သတ္တိ လိုတယ်။ ဆန့်ကျင်ဘက် ပြောဖို့ သတ္တိ လိုတယ်လို့ ပြောနေတာ မဟုတ်ဘူး။ စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ဖို့ ရေးနိုင်ဖို့ကိုပဲ သတ္တိ လိုတယ်။🌿🌿🌿
➖➖➖🍄🍄➖➖➖
ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ )
၏
“ တွေးမိတိုင်း ပျော်တယ် ”
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊
LIFE facebook page မှကူးယူဖော်ပြသည်။
သူ့ ဆီက ဘာမှပြန် မမျှော်လင့်ဘဲနဲ့ ကိုယ်ပေးနိုင်တာကို မေတ္တာနဲ့ ပေးနိုင်ဖို့ သတ္တိ လိုပါတယ်။ ငါ့ကို ပြန်ချစ်မှာလားဆိုတဲ့ မျှော်လင့်ချက်မျိုး မထားဘဲ ကိုယ်က လှိုက်လှိုက်လှဲလှဲ ချစ်နိုင်ဖို့ သတ္တိ လိုတယ်။ သူ့ကိုချစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို ပေးလိုက်တာပဲ။ ကိုယ့်ဘဝထဲမှာ သူ့ကို နေရာပေးလိုက်တာဘဲ။ ကိုယ့်ဘဝထဲမှာ သူ့အတွက် နေရာပေးနိုင်ဖို့ သတ္တိ လိုတယ်၊၊ အရှုံးအမြတ် မတွက်ပဲ ချစ်နိုင်ဖို့ သတ္တိ လိုတယ်။ အနိုင်အရှုံးမရှိပဲ ချစ်နိုင်ဖို့ သတ္တိ လိုတယ်။ ပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်ဖို့ သတ္တိ လိုတယ်။ ရာနှုံးပြည့် ရိုးသားတဲ့စိတ်နဲ့ဆက်ဆံတဲ့ ဆက်ဆံရေးမျိုးကို ပေးနိုင်ဖို့ သတ္တိ လိုတယ်။ တကယ် သတ္တိရှိမှ ချစ်နိုင်တယ်။ ကိုယ့်ရင်ထဲက ဖြစ်ပေါ်လာတဲ့ ရိုးသားတဲ့စိတ်နဲ့၊ ကိုယ့်အသိဥာဏ်နဲ့ ကိုယ်မြင်ထားတာ သိထားတာကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ဖို့ သတ္တိ လိုတယ်။ ဆန့်ကျင်ဘက် ပြောဖို့ သတ္တိ လိုတယ်လို့ ပြောနေတာ မဟုတ်ဘူး။ စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ဖို့ ရေးနိုင်ဖို့ကိုပဲ သတ္တိ လိုတယ်။🌿🌿🌿
➖➖➖🍄🍄➖➖➖
ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ )
၏
“ တွေးမိတိုင်း ပျော်တယ် ”
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊
LIFE facebook page မှကူးယူဖော်ပြသည်။
ငါ့တာဝန်ဟာ ငါ့အခွင့်ထူး
ငါ့တာဝန်ဟာ ငါ့အခွင့်ထူး
ကိုယ့်ကိုယ်ကို တကယ်လွတ်လပ်သလား၊ မလွတ်လပ်ဘူးလားဆိုတာ စမ်းစစ်ချင်လို့ရှိရင် ကိုယ့်စည်းကမ်းကိုကိုယ် လွတ်လွတ်လပ်လပ်
ရွေးချယ်ထားသလား၊ မရွေးချယ်ထားဘူးလားဆိုတာ စမ်းစစ်ကြည့်ဖို့လိုတယ်။
လွတ်လပ်မှုနဲ့တာဝန်သိမှုဟာ တွဲနေတယ်ဆိုတာ ဥာဏ်ရှိတဲ့လူတိုင်း သိနိုင်ပါတယ်။ အကယ်၍ လူတစ်ယောက်ဟာ မလွတ်လပ်ဘူးဆိုရင် အဲဒီလူဟာ စက်ရုပ်ပဲ။ စက်ရုပ်တစ်ရုပ်အတွက်ကတော့ တာဝန်ဆိုတာ မရှိဘူး၊ ခိုင်းတာ လုပ်လိုက်ရုံပဲ။ အကယ်၍ လူတစ်ယောက်က သူ့ကိုယ်သူ တာဝန်မယူနိုင်ဘူးဆိုရင် သူ့ကို လွတ်လပ်မှုကို စိတ်ချလက်ချပေးထားလို့ မရဘူး။ ဒါပေမယ့် ကိုယ့်ဘဝကိုကိုယ် ရွေးချယ်ယူလိုက်ပြီဆိုရင် သူ့ရဲ့လွတ်လပ်မှုနဲ့ တာဝန်သိမှုဆိုတဲ့ စုံတွဲဟာ သဘောကျစရာကောင်းတဲ့ အတွေးအခေါ်တင် မကတော့ဘူး။ အဲဒီ လွတ်လပ်မှုနဲ့ တာဝန်သိမှုဟာ သူ့သွေးကြောထဲမှာ သွေးခုန်နေသလိုပဲ သူ့ဘဝ သူ့အသက် ဖြစ်လာတယ်။ လွတ်လပ်မှုကလည်း သူ့အသက်၊ တာဝန်သိမှုကလည်း သူ့အသက် ဖြစ်လာတယ်။ ကိုယ့်ဘဝကိုကိုယ် ရွေးချယ်လိုက်တာနဲ့ တစ်ချိန်ထဲမှာပဲ ကိုယ့်ရဲ့ personal freedom နဲ့ responsibility ကိုလည်းပဲ ရွေးချယ်လိုက်ပြီးသား ဖြစ်သွားပြီဆိုတာကို ကောင်းကောင်း နားလည်တယ်။ တာဝန်ကို မကြောက်တဲ့သူဖြစ်သွားပြီ။ လွတ်လပ်မှုကို မြတ်နိုးတဲ့သူ ဖြစ်သွားပြီ။
My responsibility is my privilege. ငါ့တာဝန်ဟာ ငါ့အခွင့်အထူးပဲ၊၊
တာဝန်ယူရတာကိုပဲ ဝမ်းသာစရာကောင်းတဲ့ကိစ္စတစ်ခုလို သဘောထားတယ်။ တာဝန်ယူတယ်ဆိုတာ ကိုယ်လုပ်ပေးနိုင်သမျှ လုပ်ပေးဖို့ ဖြစ်တယ်။ ကိုယ်ကျိုးအတွက် မဟုတ်ဘူး။ လုပ်ပေးနိုင်သမျှ လုပ်ပေးရတာကိုပဲ အခွင့်အရေးတစ်ခုလို့ ခံယူတယ်။ နားလည်ဖို့ နည်းနည်းခက်မယ်လို့ ထင်တယ်။ ဒါပေမယ့် သေသေချာချာ စဉ်းစားပါ၊
ဒီအချက်ကို သဘောပေါက်ပြီဆိုတာနဲ့ အင်မတန်အဓိပ္ပာယ်ရှိတဲ့ လမ်းကြောင်းပေါ်ကို ရောက်သွားပြီ။ အဲသလို ကိုယ့်ဘဝကိုယ် ရွေးချယ်လိုက်ပြီးတော့၊ ကိုယ့်ရဲ့တာဝန်သိမှုကိုပါ ကိုယ့်ဟာကိုယ် ရွေးချယ်လိုက်တဲ့လူဟာ သူ့အတွက် စည်းကမ်းတို့ နည်းလမ်းတို့
ဥပဒေတို့ဆိုတာ ပြင်ပကနေ သူ့ကိုချုပ်ကိုင်ထားတဲ့အရာတွေ မဟုတ်တော့ဘူး။ သူ့အတွက် discipline က self- discipline ဖြစ်လာပြီ။ ကိုယ့်ကိုယ်ကို စည်းကမ်းရှိရှိ ထားတော့တာ၊ ကိုယ့်စည်းကမ်းကိုကိုယ် သေသေချာချာလုပ်ပြီးတော့ ကိုယ့်စည်းကမ်းအတိုင်း ကိုယ့်ဘဝကိုကိုယ် နေတာပဲ။ သိတဲ့လူတချို့ရှိတယ်၊ အင်မတန် စည်းကမ်းရှိရှိ နေကြတယ်၊ သူတို့အတွက် သူတို့လုပ်ထားတဲ့စည်းကမ်းဟာ သာမန်လူတွေရဲ့ စည်းကမ်းထက် အများကြီး အဆင့်မြင့်ပြီးတော့ အများကြီး တင်းကျပ်တယ်။ တချို့လူတွေက ဘယ်လိုပြောသလဲဆိုတော့ “မင်းက မင်းကိုယ်မင်း ရက်စက်လွန်းပါတယ်”လို့ ပြောတယ်။ “ဒါလောက်ကြီး ကိုယ့်ကိုယ်ကို ချုပ်ချယ်နေရသလား”လို့ ပြောရလောက်တယ်။ အမှန်တော့ ချုပ်ချယ်နေတာမဟုတ်ဘူး။ သူ့ဘဝ အကောင်းဆုံး ဖြစ်လာဖို့ဆိုတာ discipline ရှိကိုရှိမှ ဖြစ်တယ်ဆိုတာ သူ ကောင်းကောင်း
သိတယ်။ အဲဒါ self-discipline ပဲ။ စားတာလည်း အကန့်အသတ်နဲ့၊ မဖြုန်းဘူး။ နေတာထိုင်တာ အကန့်အသတ်နဲ့နေတယ်၊ စာဖတ်တာလည်း အကန့်အသတ်နဲ့ဖတ်မှာပဲ။ တစ်ခုခုကို နားထောင်တယ်ဆိုရင်လဲ
အကန့်အသတ်နဲ့နားထောင်မှာပဲ။ သွားရင်လည်း ငါ တကယ်သွားဖို့ လိုရဲ့လား၊ စဉ်းစားပြီးမှ သွားသင့်မှပဲ သွားမယ်၊ စည်းမဲ့ကမ်းမဲ့ စိတ်ထင်တိုင်း ထလုပ်တယ်ဆိုတာ မရှိဘူး။ သူဟာ စည်ကမ်းကို လက်ခံတယ်။ လက်ခံရမယ်လို့ တစ်ယောက်ယောက်က အတင်းအကျပ်ခိုင်းလို့ မဟုတ်ဘူး။ သူ့ဘဝကိုသူ ဘယ်လိုလုပ်ချင်သလဲ ဘယ်လိုဖြစ်ချင်သလဲဆိုတာကို သူ့ဟာသူ ရွေးချယ်ထားပြီးဖြစ်တယ်။ အဲသလို ရွေးချယ်ထားတာဟာ လွတ်လွတ်လပ်လပ် ရွေးချယ်ထားတာ ဖြစ်တယ်။ “ငါ ဒီလို စည်းကမ်းနဲ့နေချင်တယ်။ ဒီလို စည်းကမ်းနဲ့နေမှသာ ငါ့ဘဝမှာ ငါ ဖြစ်ချင်တာတွေ ဖြစ်လာမယ်” ဆိုတာ သိပြီးတော့ လွတ်လွတ်လပ်လပ်ကြီး အဲဒီစည်းကမ်းကို ရွေးချယ်ထားတာ၊၊ ဒါကြောင့် ကိုယ့်ကိုယ်ကို တကယ်လွတ်လပ်သလား၊ မလွတ်လပ်ဘူးလားဆိုတာ
စမ်းစစ်ချင်လို့ရှိရင် ကိုယ့်စည်းကမ်းကိုကိုယ် လွတ်လွတ်လပ်လပ်
ရွေးချယ်ထားသလား၊ မရွေးချယ်ထားဘူးလားဆိုတာ စမ်းစစ်ကြည့်ဖို့ လိုတယ်။ ကိုယ့်ဘဝမှာ အကောင်းဆုံးအရာတွေ ဖြစ်လာဖို့ကို ဘယ်လိုစည်းကမ်းနဲ့ နေရမလဲ၊ ဘယ်လိုလုံ့လဝီရိယနဲ့ နေရမလဲ၊ ဘယ်လိုကြိုးစားရမလဲဆိုတာကို ကိုယ့်ဟာကိုယ်သိပြီးတော့ လွတ်လွတ်လပ်လပ် ရွေးချယ်ပြီး လုပ်နေတဲ့လူ ဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာကို ကြည့်ရတယ်။ ငါဟာ သာမန်လူတွေရဲ့ စည်းကမ်းထက် အများကြီးအဆင့်မြင့်တဲ့၊ ငါကိုယ်တိုင်လုပ်ထားတဲ့ စည်းကမ်း၊ ငါ ကျေကျေနပ်နပ်ရွေးချယ်ထားတဲ့ စည်းကမ်းနဲ့ ငါ့ဘဝကိုငါ နေနေတာ။ ဒါကြောင့် ငါ့ကို သူများအုပ်ချုပ်နေဖို့ မလိုဘူး။ ငါဟာ လွတ်လပ်တဲ့လူ ဖြစ်တယ်။
🏃🚶 ➖ 🍄🍄 ➖ 🚶🏃
♻️ ဆရာတော်ဦးဇောတိက ♻️
( မဟာမြိုင်တောရ )
၏
🌲“ ဘာကို တန်ဖိုးထားရမလဲ ” 🌲
စာအုပ်မှ ကူးယူ ဖော်ပြပါသည်၊၊
LIFE facebook pageမှကူးယူဖော်ပြသည်။

အမှန်ကိုလက်ခံနိုင်တဲ့ အခြေအနေမျိုးရောက်အောင်
အင်မတန်စူးရှတဲ့ အင်မတန်ထက်မြက်တဲ့ အင်မတန်အင်အားကြီးတဲ့ သတိနဲ့ပညာက ချို့ယွင်းချက်လေးတွေကို သူ့ဟာသူ ပြင် ပြင်ပြီးတော့ သွားတတ်တယ်။
ကိုယ့်စိတ်ထဲမှာဖြစ်နေတဲ့ ကောင်းတာတွေကိုရော ဆိုးတာတွေကိုပါ တကယ် ရှင်းရှင်းလင်းလင်း တိတိကျကျ ထိုးထိုးထွင်းထွင်း သိနေအောင် နေရမယ်။ အဲဒါကို creative awareness လို့ ပြောလို့ရတယ်။ သာမန်လောက်သိနေတာ မဟုတ်ပဲနဲ့ ပိုပြီးတော့ ထိုးထိုးထွင်းထွင်း၊ ပိုပြီးတော့ ရှင်းရှင်းလင်းလင်း တိတိကျကျ သိနေအောင် ကြည့်နေရမယ်။ အဲသလို သိနေတဲ့အခါမှာ အသိအမြင် တကယ်ရှင်းလာတဲ့အချိန်မှာ
အကောင်းဆုံးဟာဘာလဲ ဆိုတာကို စဉ်းစားနေစရာမလိုပဲနဲ့ ကွက်ကွက်ကွင်းကွင်း သိနိုင်မြင်နိုင်တယ်။ အဲဒီလိုသိတဲ့အချိန်မှာလည်း ကိုယ့်ရဲ့စိတ်ထားဟာ အကောင်းဆုံးစိတ်ထား ဖြစ်နေတယ်။ အင်မတန် ကြည်လင် အေးချမ်းပြီးတော့ လွတ်လပ်နေတဲ့ စိတ်ထားမျိုး ဖြစ်နေတယ်။ အဲသလို ကြည်လင် အေးချမ်းပြီးတော့ လွတ်လပ်နေတဲ့စိတ်မျိုး ဖြစ်နေတဲ့အချိန်မှာ အကောင်းဆုံးဟာ ဘာလဲ၊၊ လူသားတစ်ယောက်အနေနဲ့ လူ့ဘဝမှာ တကယ်ရအောင်လုပ်သင့်တဲ့ကိစ္စဟာ ဘာလဲဆိုတာကို စဉ်းစားနေစရာမလိုပဲ မေးနေစရာမလိုပဲ ဘာမှ သံသယ ဖြစ်နေစရာမလိုပဲနဲ့ စိတ်ထဲမှာ သေသေချာချာကြီး ပိုင်ပိုင်နိုင်နိုင်ကြီး ရှင်းရှင်းလင်းလင်းကြီးကို သိနေတယ်။ အဲသလို ဖြစ်လာအောင် သတိနဲ့နေတာကိုပဲ creative awareness လို့ ခေါ်တယ်၊၊ အဲသလို သိလိုက်တဲ့အသိဥာဏ်ကပဲ ကိုယ့်ဘဝရဲ့အဓိပ္ပာယ်နဲ့ ဘဝရဲ့ဦးတည်ချက်အတွက် အခြေခံဖြစ်တယ်။ ကိုယ့်ဘဝကို အဓိပ္ပာယ်ရှိစေပြီးတော့ ဘဝကို ဦးတည်ချက်လည်း ပေးလိုက်တယ်။ ဒါကြောင့် အဲသလိုသိနိုင်တဲ့အဆင့်ကို ရောက်လာအောင် သတိနဲ့နေတဲ့ အလေ့အကျင့်ကို တော်တော်လေး ကြိုးစားသင့်တယ်။
စိတ်ရှင်းနေတဲ့အချိန်၊ စိတ်ငြိမ်းချမ်းနေတဲ့အချိန်မျိုးမှာ ဘဝနဲ့ပတ်သက်တဲ့ လေးနက်တဲ့အသိအမြင်မျိုးကို ရတယ်။ အဲသလိုစိတ်မျိုးဖြစ်တဲ့အခါမှာ စိတ်က ရှင်းရှင်းလင်းလင်းမြင်ပြီးတော့ ယူနိုင်တဲ့လက်ခံနိုင်တဲ့ အရည်အသွေး (receptivity) လည်း တော်တော် မြင့်မားနေတယ်။ သာမန်အချိန်မှာ စိတ်ကရှုပ်နေတော့ ကိုယ့်ဘဝမှာဖြစ်နေတာတွေရဲ့ အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး။ စိတ်အေးချမ်းနေတဲ့အချိန် (relaxဖြစ်နေတဲ့အချိန်) မျိုးမှာ အတ္တတို့ မာနတို့လည်း မရှိဘူး။ ပူပင်သောကလည်း မရှိဘူး။ အဲသလိုအခါမျိုးမှာ စိတ်က ပိုပြီးတော့ သိနိုင်မြင်နိုင် လက်ခံနိုင်တယ်။ ဒါကြောင့် စိတ်အေးချမ်းပြီးတော့ အမှန်ကိုတကယ်ရိုးရိုးသားသားလက်ခံနိုင်တဲ့ အခြေအနေမျိုးရောက်အောင် ဒီသတိပဌာန်ကို အမြဲတမ်း အားထုတ်နေရတာပဲ။
အဲသလို ကိုယ့်စိတ်ကိုကိုယ် သေသေချာချာကြည့်ပြီး အမှန်ကို ရိုးရိုးသားသားသိနေတဲ့လူဟာ လိုတဲ့နေရာလေးတွေကို ကြည့်ကြည့်ပြီး
ပြင်သွားလို့ရတယ်။ အသိဥာဏ်က သူ့ဟာသူ ပြင်သွားတာပဲ။ အင်မတန်စူးရှတဲ့ အင်မတန်ထက်မြက်တဲ့ အင်မတန်အင်အားကြီးတဲ့ သတိနဲ့ပညာက ချို့ယွင်းချက်လေးတွေကို သူ့ဟာသူ ပြင် ပြင်ပြီးတော့ သွားတတ်တယ်။ အဲဒီတော့ တဖြေးဖြေးနဲ့ ပိုကောင်းတဲ့လူတစ်ယောက် ဖြစ်လာတယ်။ ကိုယ့်ကိုယ်ကို ဘယ်လိုလူဖြစ်ချင်သလဲဆိုတာကို ပုံဖေါ်ပြီး တည်ဆောက်သွားလို့ ရသလိုပဲ။ ပိုပြီးတော့ စိတ်ထားကောင်းတဲ့သူ၊ ပိုပြီးတော့ ချစ်တတ် ခင်တတ်တဲ့သူ၊ ပိုပြီးတော့ အမှန်တရားကို လိုလားတဲ့သူ၊ ပိုပြီးတော့ ရိုးသားတဲ့သူ၊ ပိုပြီးတော့ လွတ်လပ်တဲ့သူ၊ အဲသလို လူတစ်ယောက် ဖြစ်လာရမှာပဲ။ ကိုယ့်မှာရှိနေတဲ့ အရည်အချင်းကောင်းလေးတွေကို ကြည့်ပြီးတော့လည်း အဲဒီ အရည်အချင်းကောင်းလေးတွေ အများဆုံးထွက်လာအောင် လုပ်နိုင်တဲ့သူ ဖြစ်လာရမှာပဲ။ သိပ်ပြီးတော့ နားမလည်နိုင်လောက်အောင် ခက်ခဲတဲ့ကိစ္စ မဟုတ်ပါဘူးနော်၊၊
🚶 ➖➖ 🍄🍄 ➖➖ 🚶
♻️ ဆရာတော်ဦးဇောတိက ♻️
( မဟာမြိုင်တောရ )
၏
🌲“ ဘာကို တန်ဖိုးထားရမလဲ ” 🌲
စာအုပ်မှ ကူးယူ ဖော်ပြပါသည်၊၊
LIFE facebook page မှကူးယူဖော်ပြသည်
ဘာကိုအခြေခံပြီး ဘယ်လိုဆက်ဆံမလဲ
လူတွေနဲ့ဆက်ဆံတဲ့အခါမှာ ကိုယ့်ရဲ့အရည်အချင်းတွေနဲ့
ကိုယ့်ရဲ့ဘ၀ဦးတည်ချက်ကို အခြေခံပြီးတော့ဆက်ဆံမှ
လေးနက်တဲ့ဆက်ဆံရေး ဖြစ်မယ်။ လူတွေဟာ သူများက ကိုယ့်အကြောင်းကို ဘာပြောနေကြသလဲ၊ သူများက ကိုယ့်ကို
ဘယ်လိုထင်ကြသလဲဆိုတာကို မှီပြီးတော့ ကိုယ့်ကိုယ်ကို ဘယ်လိုလူဆိုတဲ့ စိတ်မျိုးဖြစ်တယ်။ အခုခေတ်လူတွေဟာ ပတ်ဝန်းကျင်ပေါ်မှာ၊ တခြားလူတွေပေါ်မှာ မှီခိုမှု အင်မတန် ကြီးမားလာတဲ့အတွက် ပတ်ဝန်းကျင်ကလူတွေကမှ သူ့ကို တစ်နည်းနည်းနဲ့ အသိအမှတ်မပြုလို့ရှိရင် သူ ပျောက်သွားတော့မတတ် စိတ်ထဲမှာ ခံစားရတယ်။ ဒါကြောင့် social acceptance လို့ခေါ်တဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက ကိုယ့်ကိုလက်ခံတာ၊ ကိုယ့်ကို ခဏခဏ အလည်ခေါ်တာတို့ ဖိတ်တာတို့ လုပ်တာ၊ ကိုယ့်ကို သဘောကျတာဟာ ကိုယ့်ရဲ့ အဖော်မဲ့အထီးကျန်ဖြစ်နေတဲ့ခံစားချက်ကို ခဏ သက်သာစေတယ်။ ငါ့မှာ အဖော်ရှိတယ်ဆိုတဲ့ခံစားချက် ဖြစ်တယ်၊၊ သူ့နားမှ လူတွေဝိုင်းပြီးတော့ သူပြောတာကို နားထောင်နေတယ်။
အဲဒီအဖွဲ့ထဲမှာ အုပ်စုထဲမှာ ရောနှောပြီးတော့ တသားထဲ ဖြစ်သွားတယ်။ အဲဒီလို ဝိုင်းဖွဲ့ပြီးတော့ ကိုယ့်ကိုယ်ကိုမေ့ပျောက်ပြီးတော့ ဘာမှ
အရေးမကြီးတာတွေကို အဆက်မပြတ် ပြောနေရတဲ့အချိန်မှာ
ကိုယ့်အကြောင်းကိုကိုယ် မတွေးမိတော့ဘူး၊ ကိုယ့်ဘဝကိုကိုယ်
မတွေးမိတော့ဘူး။ ကိုယ့်အဖော်မဲ့နေတာကို မတွေးမိတော့ဘူး။ အဲဒီအချိန်မှာ ခဏလောက် loneliness ခံစားမှုက ပျောက်သွားတယ်။ အဲဒီလို ခဏသက်သာအောင်ပဲလုပ်နေတဲ့သူဟာ ခိုင်မာရင့်ကျက်တဲ့ စိတ်ဓာတ်ကို မရနိုင်ဘူး။ loneliness ခဏပျောက်သွားတာနဲ့အတူ လေးနက်တဲ့ဦးတည်ချက် ရည်မှန်းချက်၊ ရင့်ကျက်တဲ့ စိတ်နေသဘောထားတွေကို လေ့ကျင့်ပြုစုပျိုးထောင်ဖို့ အခွင့်အရေးတွေလည်း ဆုံးရှုံးသွားတယ်။ အဲဒါ သူပေးလိုက်ရတဲ့ cost ပဲ၊ တန်ဖိုးပဲ၊ ဘာမှမရေရာတဲ့ လူစုလူဝေးထဲမှာပဲ ကိုယ်ပါပျောက်သွားတယ်။ ကိုယ့်ဘ၀ပါ ပျောက်သွားတယ်။ အဲဒီလိုလုပ်လိုက်ခြင်းအားဖြင့် loneliness ဆိုတာကို ကျော်လွန်နိုင်ဖို့၊ လွန်မြောက်နိုင်ဖို့အတွက် အရေးကြီးဆုံးဖြစ်တဲ့ကိစ္စတစ်ခုကို ဆုံးရှုံးသွားပြီ။ loneliness ဆိုတာကို ကျော်လွန်နိုင်ဖို့၊ လွန်မြောက်နိုင်ဖို့ အရေးကြီးဆုံးဖြစ်တဲ့အလုပ်ဟာ ကိုယ့်စိတ်ထဲမှာရှိနေတဲ့ အရည်အသွေးတွေ၊ အရည်အချင်းတွေကို ထွက်ပေါ်လာအောင်၊ တိုးတက်လာအောင်၊ အားကောင်းလာအောင်၊ ပြုစုပျိုးထောင်ဖို့ဆိုတဲ့ အလုပ်ပဲ။
အဖေါ်မဲ့တဲ့ခံစားမှု ခဏသက်သာအောင်လုပ်တဲ့သူဟာ သူ့စိတ်ထဲမှာ အင်အားရှိတဲ့လူတစ်ယောက်ဖြစ်အောင် လုပ်ဖို့ ခဲယဉ်းသွားပြီ။ ပြီးတော့ sense of direction ဆိုတဲ့ ကိုယ်ဘယ်ကို ဦးတည်ပြီးသွားနေသလဲ၊ ကိုယ့်ဘ၀မှာ အရေးအကြီးဆုံးအလုပ်က ဘာလဲ၊ အဲဒါလဲ မသိတော့ဘူး၊ အပေါင်းဖေါ်နဲ့ အချိန်များမျာဖြုံးတဲ့သူဟာ လေးနက်တဲ့ ဘ၀ဦးတည်ချက်ကို မျက်ခြေပြတ်သွားမယ်။ ကိုယ့်စိတ်ထဲမှာရှိတဲ့ အင်အား၊ ကိုယ့်စိတ်ထဲမှာရှိတဲ့ အရည်အချင်းတွေနဲ့
ကိုယ့်ရဲ့ဘဝဦးတည်ချက်ကို အခြေခံပြီးတော့ လူတွေနဲ့ ထိထိရောက်ရောက် ဆက်ဆံသွားရမှာနော်။ အရည်အချင်းမရှိတဲ့သူ၊ လေးနက်တဲ့ဦးတည်ချက်မရှိတဲ့သူဟာ အဓိပ္ပါယ်ရှိတဲ့ဆက်ဆံရေးကို မတည်ဆောက်နိုင်ဘူး။ ခဏလောက် အဖေါ်မဲ့တဲ့ခံစားမှုသက်သာအောင် လုပ်တဲ့သူဟာ လေးနက်တဲ့ဦးတည်ချက်ရှိအောင် မလုပ်နိုင်တော့ဘူး၊၊ အဲဒီတော့ သူဟာဘယ်လိုဖြစ်သွားမလဲဆိုရင်၊ မရေရာတဲ့လူတစ်ယောက် ဖြစ်သွားမယ်။ အဲသလိုမရေရာတဲ့သူက အဖော်မဲ့အထီးကျန် ပိုပြီးတော့ ဖြစ်မယ်။ လူတွေနဲ့ဆက်ဆံတဲ့အခါမှာ ကိုယ့်ရဲ့အရည်အချင်းတွေနဲ့
ကိုယ့်ရဲ့ဘဝဦးတည်ချက်ကို အခြေခံပြီးတော့ဆက်ဆံမှ လေးနက်တဲ့ဆက်ဆံရေး ဖြစ်မယ်။ ဘာအရည်အချင်းမှ မရှိတဲ့သူ၊ ဘာဦးတည်ချက်မှ မရှိတဲ့သူဟာ ဘာကိုအခြေခံပြီး ဆက်ဆံမလဲ။ hollow ဖြစ်နေတဲ့သူတွေဟာ ချစ်တတ်ဖို့ရာအတွက် သူတို့မှာ အခြေခံမရှိဘူး။ သူတို့ဟာ loneliness ပျောက်ဖို့ပဲ ကြိုးစားနေရတယ်။
🚶 ➖➖ 🍄🍄 ➖➖ 🚶
♻️ ဆရာတော်ဦးဇောတိက ♻️
( မဟာမြိုင်တောရ )
၏
🌲“ ဘာကို တန်ဖိုးထားရမလဲ ” 🌲
စာအုပ်မှ ကူးယူ ဖော်ပြပါသည်၊၊
ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ ) ၏ “ တွေးမိတိုင်း ပျော်တယ် ”
သမာဓိကောင်းလာရင် စိတ်တည်ငြိမ်လာရင် ဘာလုပ်လုပ် ပိုပြီးတော့ ထိရောက်တယ်။ ပိုပြီးတော့ အကျိုးရှိတယ်။ တည်ငြိမ်တဲ့စိတ်ဟာ ထက်နေတဲ့ဓါးနဲ့တူတယ်၊၊ တရားသတိနဲ့နေတဲ့ အလေ့အကျင့် များတဲ့သူ၊ ကိုယ့်စိတ်ကိုကိုယ် ကောင်းကောင်း သိတဲ့သူ၊ စေတနာမှန်တဲ့သူ၊ ရိုးသားတဲ့သူ၊ တကိုယ်ကောင်း မဆန်တဲ့သူဟာ ဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူ မှန်မှန်ကန်ကန် ချနိုင်တယ်။ သတိနဲ့နေတဲ့သူဟာ အရေးမကြီးတဲ့ကိစ္စတွေမှာ ပတ်ဝန်းကျင်နဲ့ ပဋိပက္ခ မဖြစ်ဘူး။ အနိုင်လည်း မယူဘူး၊ အရှုံးလည်း မပေးဘူး။ ကိုယ့်စိတ်ဓါတ် အဆင့်အတန်း နိမ့်ကျသွားမယ့်ကိစ္စကို မလုပ်ဘူး။ သူများကို အနိုင်ရတာကို လွတ်လပ်တာလို့ မယူဆဘူး။ အနိုင်အရှုံး မရှိတာကို လွတ်လပ်တာလို့ ယူဆတယ်။ သူဟာ ကိုယ့်ရဲ့ စိတ်ဓါတ်အင်အားတွေ၊ အသိဉာဏ်တွေ၊ အရည်အချင်းတွေကို အကောင်းဆုံး နေရာမှာသုံးတယ်။ အကောင်းဆုံးနေရာမှာ သုံးတယ်ဆိုတာ ကိုယ့်စိတ်ဓါတ်နဲ့ အသိဉာဏ်ကို မြှင့်တင်တာပါပဲ။
လိုချင်နေတဲ့သဘောလေးတွေ သို့မဟုတ်ရင် စိတ်ဆိုးနေတဲ့ သဘောလေးတွေ သို့မဟုတ်ရင် သူ့အဆင့်အတန်း၊ ငါ့အဆင့်အတန်း၊ သူ့ဂုဏ် ငါ့ဂုဏ်တွေ စဉ်းစားနေတယ်။ အဲဒါလေးကို ပြန်ကြည့်စမ်းပါ။ အဲဒီစိတ်က လူကြီးဆန်သလား၊ လူကြီးဆန်တယ်၊ Mature ဖြစ်တယ်ဆိုတာ အသက်နံပါတ်နဲ့ မဆိုင်ဘူး။ အသိဉာဏ်နဲ့ပဲ ဆိုင်တယ်။ သတိနဲ့ သိနေတာ များလေလေ လူကြီးဆန်လေလေ ရင့်ကျက်လေလေ၊ မျှတလေလေ ဖြစ်လာမှာပါ။.ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်စမ်းပါ။ ငါ ကလေးဆန်ချင်သလား၊ လူကြီးဆန်ချင်သလား။ အဖြေကတော့ လူကြီးဆန်ချင်တယ်လို့ပဲ ထွက်လာမှာပေါ့…။ ဒါက ပိုပြီး ရင့်ကျက်တယ်၊ ပိုကောင်းတာကိုး။ လူကြီးဆန်ချင်တယ်ဆိုရင် သတိနဲ့ များများနေမှရမယ်။ သတိလွတ်တယ်ဆိုတာနဲ့ တစ်ပြိုက်နက် ကိလေသာတွေ ၀င်ပြီ။ ကိလေသာ ၀င်ပြီဆိုတာနဲ့ တစ်ပြိုက်နက် အမျှော်အမြင် မရှိတော့ဘူး။ ရေရှည်ကို မမြင်တော့ဘူး။ ကလေးဆန်သွားပြီ။
နေ့စဉ် အချိန်မရွေး၊ နေရာမရွေး သတိကပ်ပြီးတော့နေတဲ့ အလေ့အကျင့်ကို ကြိုးကြိုးစားစား စိတ်ပါလက်ပါ လုပ်ကြည့်ပါ။ (၂)နှစ်၊ (၃)နှစ်လောက် လုပ်ကြည့်ရင်ပဲ စိတ်ဓါတ်ရော အသိဉာဏ်ပါ လေးနက်တဲ့သူ၊ ရင့်ကျက်တဲ့သူ၊ သဘောထား မှန်တဲ့သူ၊ သဘောထားကြီးတဲ့သူ ဖြစ်လာမယ်။ ဘ၀ကို အဓိပ္ပါယ်ရှိရှိ ကျေကျေနပ်နပ် နေနိုင်တဲ့သူဖြစ် လာမယ်။ သတိနဲ့နေတဲ့ အကျင့်ရသွားရင် သတိမပါ၊ ဉာဏ်မပါဘဲ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စား နေတာမျိုး မနေနိုင်တော့ဘူး။ သတိနဲ့နေတဲ့အတွက်ကြောင့် အတ္တစွဲ၊ မာနစွဲ၊ ဒေါသနည်းသွားတယ်။ အတ္တ-မာန-ဒေါသ နည်းတဲ့အတွက်ကြောင့် သည်းခံနိုင်တယ်။ သည်းခံနိုင်တဲ့အတွက်ကြောင့် အမှား နည်းသွားတယ်။ သည်းမခံနိုင်ရင် အမှားများတာကိုး။ အမှား တစ်ခုခုမှားပြီးပြီဆိုရင် ဘယ်နှယ့်နေမလဲ၊ ဒီကိစ္စကို တအုံနွေးနွေးနဲ့ စဉ်းစားရပြီ။ ပို မပင်ပန်းဘူးလား။ ဒီလို သတိနဲ့ နေသွားခြင်းအားဖြင့် ဘယ်လောက်အကျိုးများတယ် ဆိုတာကို အခြေခံကလေးက စပြီးတော့ ပြောချင်တာနော်။ ကြီးကြီးကျယ်ကျယ် အဆင့်ကို မရောက်သေးဘူး။ ဒါပေမယ့် ဘ၀တစ်ခုလုံးဟာ ပိုပြီးတော့ အေးချမ်းမှု ရှိလာတယ်။ ကြည်လင်မှု ရှိလာတယ်။ ချမ်းသာလာတယ်။ ကိုယ်ဆင်းရဲမှု၊ စိတ်ဆင်းရဲမှုဟာ နည်းသွားတယ်။ အဲဒီလူဟာ တရားအားထုတ်တဲ့အခါမှာ ဘယ်လိုနေမလဲ၊ စိတ်ကပိုပြီးတော့ ဖြောင့်တယ်၊ စိတ်ကြည်ကြည်လင်လင် အေးအေး ချမ်းချမ်းနဲ့ပဲ စိတ်ဖြောင့်ဖြောင့်နဲ့ပဲ သူ တရားအားထုတ်သွားနိုင်တယ်။ သူကြာလေ တိုးတက်လေ ဖြစ်လာတယ်။ သူ့ဘ၀ အခြေအနေဟာ အစစအရာရာ တိုးတက်ပြောင်းလဲလာတယ်။
သတိနဲ့နေတဲ့သူဟာ လုပ်သင့်တာကို လုပ်တယ်။ လုပ်သင့်တဲ့အချိန်မှာ လုပ်တယ်။ သူ့နေရာလေးနဲ့သူ အံဝင်ခွင်ကျ ဖြစ်တယ်။ ဘာလုပ်ရမယ်ဆိုတာလည်း ရှင်းရှင်းလေး သိနေတယ်။ အလုပ်လုပ်တဲ့အခါမှာ လောဘရဲ့၊ ဒေါသရဲ့၊ မာနရဲ့ လွှမ်းမိုးမှုနဲ့ မလုပ်ဘူး။ မနာလို ၀န်တိုမှု၊ သံသယတွေရဲ့ လွှမ်းမိုးမှုနဲ့ မလုပ်တော့ဘူး။ သတိလေးနဲ့ ဉာဏ်လေးနဲ့ သိပြီးတော့ ကြည့်ပြီးတော့ လုပ်တဲ့အတွက်ကြောင့် ကိုယ်လည်း အကျိုးရှိအောင်၊ သူတစ်ပါးလည်း အကျိုးရှိအောင် လုပ်တာပဲ များတယ်။ မှားရင်လည်းပဲ မတော်တဆ မှားသွားတာပဲ။ သူ့ဘ၀ဟာ ရိုးတယ်၊ ရှင်းတယ်။ ဒါကြောင့် သတိရှိခြင်းအားဖြင့် ဘ၀ဟာ ရှင်းလာတယ်။ ရိုးလာတယ်။ လူတော်တော်များများရဲ့ ဘ၀ဟာ မရိုးဘူး၊ မရှင်းဘူး။ အများကြီး ရှုပ်ထွေးနေတယ်။ ဘာဖြစ်လို့တုန်း။ စိတ်က ရှုပ်ထွေးနေတာကိုး၊ စိတ်ရှုပ်ထွေးနေသမျှ ဘ၀လည်း ရှုပ်ထွေးနေမှာပဲ။ စိတ်ရှင်းရင် ဘ၀လည်း ရှင်းတာပဲ၊၊ သတိရှိနေလို့ရှိရင် ဘ၀က ရိုးရှင်းမယ်။ လွယ်ကူမယ်။ သတိမရှိလို့ရှိရင် ဘ၀ဟာ တကယ့်ကို ၀န်ထုပ်ဝန်ပိုး အကြီးကြီး ဖြစ်လာမယ်။🌿🌿🌿
➖➖➖🍄🍄➖➖➖
ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ )
၏
“ တွေးမိတိုင်း ပျော်တယ် ”
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊
LIFE facebook page မှကူးယူဖော်ပြပါသည်

စိတ်ချင်းအဖေါ်
အဖေါ်ဆိုတာ ဘယ်လိုဟာမျိုးကို ခေါ်မလဲ။ ကိုယ့်စိတ်ထဲမှာ ဘာတွေ ခံစားနေရတယ်ဆိုတာကို သိတဲ့သူ၊ ကိုယ့်ကို ကိုယ်ချင်းစာနိုင်တဲ့သူ၊ ကိုယ့်ကိုနားလည်တဲ့သူ ( နားလည်တယ် ဆိုရာမှာလည်း ကိုယ့်ရဲ့ အကောင်းရော၊ အဆိုးရော၊ အားနည်းချက်တွေ အကုန်လုံးကို နားလည်တာကို ဆိုလိုတယ်။ ) ကိုယ့်ကို အလကားနေရင်း အပြစ်မတင်တဲ့သူ၊ မဝေဖန် မရှုံ့ချတဲ့သူ၊ အပြစ်မရှာတဲ့သူ ကို ကိုယ့်အဖေါ်လို့ ခေါ်တယ်။
နားလည်တယ် ဆိုတဲ့ကိစ္စဟာ ရာခိုင်နှုန်းပြည့် ဘယ်တော့မှ မဖြစ်နိုင်ဘူး။ သို့သော် နားလည်ချင်စိတ်ရှိတယ်၊ နားလည်ဖို့ကြိုးစားတယ် ဆိုရင်ကိုပဲ တော်လှပါပြီ။ အဲဒီလောက်ရှိပြီ ဆိုရင်ကိုပဲ ဒီလူနှစ်ယောက်က အဖေါ်ဖြစ်လို့ ရပြီ။
စိတ်ချင်းအဖေါ် လုပ်ဖို့က တကယ် သတ္တိရှိမှ ရတယ်။ ဟန်ဆောင်မှု မရှိမှ ရမယ်။ အရိုးသားဆုံး ဆက်ဆံရမယ်။ ပြိုင်ဆိုင်မှု လုံးဝ မရှိရဘူး။ အဲဒီလို မိတ်ဆွေတွေဟာ တွေ့ကြတဲ့အခါ ပစ္စည်းအကြောင်း မပြောဘူး၊ ပိုင်ဆိုင်မှုတွေ အကြောင်း မပြောဘူး။ ဘဝအတွေ့အကြုံတွေ ပေါ်မှာ အခြေခံပြီး တိုးတက်လာတဲ့ ကိုယ့်ရဲ့ အသိဥာဏ်, စိတ်ထား, အတွေးအခေါ်တွေကို ဆွေးနွေးမယ်။ တယောက်ကိုတယောက် အနိုင်မယူရဘူး။ အထင်သေးတာ အထင်ကြီးတာ မရှိရဘူး။ တယောက်ကို တယောက် နားလည်နိုင်ရမယ်။ တယောက်ရဲ့ လွတ်လပ်မှုကို တယောက် အတားအဆီး မဖြစ်စေရဘူး။ သူ့ကြောင့်ငါ မလွတ်လပ်တာ၊ ငါ့ကြောင့်သူ မလွတ်လပ်တာ မဖြစ်စေရဘူး။ နှစ်ယောက်စလုံး လွတ်လပ်မှုဘက်ကို သွားနေရမယ်။ ဒါမှ “ soul mate ” ဖြစ်မယ်။
အဲဒီလို လူတွေဟာ ဘယ်တော့မှ မအိုဘူး။ သူတို့ဟာ ရေစီးနေတြဲ့မစ်။ ရေခဲနေတဲ့မြစ် မဟုတ်ဘူး။ သူတို့ဟာ မပြောင်းလဲမှုထဲမှာ ထောင်ကျမနေဘူး။ လွတ်လပ်နေတယ်၊ ပြောင်းလဲနေတယ်၊ တိုးတက်နေတယ်။
လူတွေ အများကြီးကြားထဲမှာ နေရုံနဲ့ အဖေါ်ရမှာ မဟုတ်ဘူး။ နက်ရှိုင်းတဲ့ ခံယူချက်၊ ယုံကြည်ချက်၊ နက်ရှိုင်းတဲ့ မြင့်မြတ်တဲ့ သဘောထားတွေနဲ့ တယောက်နဲ့ တယောက် ဆက်ဆံကြမှသာ အဖေါ်မဲ့နေတယ် ဆိုတဲ့ ခံစားမှုက ပျောက်မှာ။ အခုခေတ်လူတွေက လူကို အဖေါ် လုပ်လို့မရရင် T.V , Video တွေကို အဖေါ်လုပ်ပြီး နေကြတယ်။ ပိုဆိုးတာပဲ။ အဲဒါ ပြဿနာကို ဖြေရှင်းတာ မဟုတ်ဘူး၊ ပြဿနာကို ဖုံးလိုက်တာပဲ။
ရင်းနှီးပွင့်လင်းတဲ့ ဆက်ဆံရေး မရှိရင် စိတ် မကျန်းမာဘူး။ စိတ်ချင်း မတွေ့ဆုံနိင်တဲ့ ဆက်ဆံရေးဟာ အပေါ်ယံ ဆက်ဆံရေးပဲ ဖြစ်တယ်။ အပေါ်ယံ ဆက်ဆံရေးဟာ စိတ်အတွက် အဟာရ မဖြစ်ဘူး။ အဆိပ်အတောက် ဖြစ်တယ်။
မိတ်ဆွေကောင်းရှိအောင် ဘယ်လို စိတ်ထားမျိုးနဲ့ ဆက်ဆံရမယ် ဆိုတာကို လေ့လာပြီး အဲဒီ စိတ်ထားမျိုးကို မွေးယူဖို့ လိုတယ်။ အဲဒီလို မွေးယူတာ ပညာရေး။ အဲဒါ သဘောပေါက်စေချင်တယ်။ Ph.D ပါရဂူ ဘွဲ့တွေ ဘယ်နှစ်ထပ် ရနေရနေ ဒီလို အဆင့်မြင့်တဲ့ အသိဥာဏ်မျိုး စိတ်ထားမျိုး မရသေးရင် အဲဒီလူဟာ ပညာတတ် မဖြစ်သေးဘူး။
မိတ်ဆွေကောင်း၊ ရေရှည်ပေါင်းလို့ ရမည့်သူကို သေသေချာချာ စဉ်းစဉ်းစားစား ရှာရမယ်၊ စုဆောင်းရမယ်။ ရတနာတွေ စုသလိုဘဲ မိတ်ဆွေကောင်းတွေ စုရမယ်နော်။
မိတ်ဆွေမရှိတဲ့ ဘဝဟာ ဘယ်သူမှမသိဘဲ သေနေတာနဲ့ တူတယ်။ ဒါပေမဲ့ သူ သေနေတာကိုတော့ ဘယ်သူမှမမြင်ဘူး။
ကိုယ် ကိုယ်တိုင်က မိတ်ဆွေကောင်းတယောက် ဖြစ်ရတာက အမြင့်မြတ်ဆုံးနဲ့ အခက်ခဲဆုံးအလုပ် ဖြစ်ပါတယ်။ ကိုယ်က မိတ်ဆွေကောင်းလို စိတ်ထားမျိုး မထားနိုင်လို့ ရှိရင် မိတ်ဆွေကောင်းနဲ့ တွေ့တောင်မှ မိတ်ဆွေကောင်းကို ရမှာမဟုတ်ဘူးနော်။ ကိုယ် ဘာကိုရသလဲ ဆိုတာက ကိုယ် ဘယ်လို စိတ်ထားရှိလဲ ဆိုတာမှာ အများကြီး မူတည်နေတယ်။ ကိုယ့်မှာ ယူနိုင်တဲ့ စိတ်နေသဘောထားနဲ့ အသိဥာဏ် ရှိမှသာ ယူလို့ရတယ်နော်။ ယူနိုင်တဲ့ စိတ်နေသဘောထားနဲ့ အသိဥာဏ် မရှိရင် ယူလို့ မရဘူး။ အဲဒီတော့ မိတ်ဆွေကောင်းနဲ့ တွေ့ရင်တောင်မှ ကိုယ်က မိတ်ဆွေကောင်းနဲ့ တန်တဲ့စိတ်ထားမျိုး ရှိမှသာ သူနဲ့ ကိုယ်နဲ့ဟာ မိတ်ဆွေကောင်း ဖြစ်တော့မယ်။
မိတ်ဆွေကောင်းနဲ့ တွေ့ရတာနဲ့ စိတ်က အသက်ဝင်လာပြီ။ လှိုက်လှိုက်လှဲလှဲ၊ အားရပါးရ၊ စိတ်ပါလက်ပါ၊ ပွင့်ပွင့်လင်းလင်း ပြောနိုင်တယ်။ ပြောစရာ စကားတွေ မကုန်နိုင်ဘူး။ တယောက်ပြောတာကို တယောက် နားလည်တဲ့ အရသာထူးကို ခံစားရတယ်။ စိတ်ကလည်း နုပျိုပြီး အသက်ဝင်လာတယ်၊ အားတက်တယ် ရွှင်လန်းတယ်၊ တက်ကြွတယ်။ ဒါကြောင့် မိတ်ဆွေကောင်း ရှိတာဟာ မင်္ဂလာရှိတယ်။
မိတ်ဆွေကောင်းကြောင့် တိုးတက်တယ်၊ကြီးပွားတယ်၊အောင်မြင်တယ်။ မိတ်ဆွေကောင်းဟာ ကိုယ့်ကို ပိုပြီး အသိဥာဏ်ကော စိတ်ထားကော မြင့်မားလာအောင် အထောက်အကူ ပေးတယ်။ ကိုယ့်ဘဝ အကြောင်းတွေကို ကိုယ့်မိတ်ဆွေနဲ့ ဆွေးနွေးရလို့ ကိုယ့်အကြောင်းကို ကိုယ် ပိုပြီး နားလည်လာတယ်။ ပိုပြီး လေးလေးနက်နက် စဉ်းစားတတ်လာတယ်။ စိတ်ထားတွေ ပိုပြီး ရင့်ကျက်လာတယ်။
ကိုယ့်လုပ်ရပ်တွေ၊ ကိုယ့်စိတ်ထားတွေ မှားနေရင် စေတနာ မှန်မှန်နဲ့ ထောက်ပြနိုင်တာ ကိုယ့်မိတ်ဆွေ ကောင်းပဲ။ မိတ်ဆွေကောင်း မရှိပဲ ဘယ်လိုလုပ် အသိဥာဏ်ရင့်ကျက်မှု ရနိုင်မလဲ၊ ကိုယ့်ဘဝကို ကျေနပ်မှု ရနိုင်မလဲ။
တကိုယ်တည်း ဖြစ်နေတဲ့ အချိန်မှာ ငါဟာ ငါနဲ့ အတူတူ ရှိနေအောင် ကြိုးစားပါ။ ငါနဲ့ ငါပဲ အဖေါ်ရနေအောင်၊ ကိုယ့်စိတ်ကို အဖော်ကောင်းဖြစ်အောင်၊ ကိုယ့်ရဲ့ ကြည်လင်ရွှင်လန်းပြီး မေတ္တာစိတ်ဖြစ်နေတဲ့ စိတ်ကလေးကိုပဲ အဖေါ်ဖြစ်ပြီး နေတတ်အောင် ကြိုးစားကြပါ။ သတိပဌာန် တရားကို ကိုယ်နဲ့မကွာ အမြဲတမ်းပါတဲ့ အဖေါ်ကောင်းဖြစ်အောင် လုပ်ပါ။ မိတ်ဆွေကောင်း လိုချင်ရင် ကိုယ်ကိုယ်တိုင်ကပဲ မိတ်ဆွေကောင်း၊ အဖေါ်ကောင်း ပီသအောင် နေလိုက်ပါ။
ကိုယ့်ပါတ်ဝန်းကျင်မှာ သတိနဲ့ နေတဲ့သူတွေ များလာလေလေ ကိုယ်ကိုယ်တိုင်လည်း နေရထိုင်ရတာ၊ သူတို့နဲ့ ပြောရဆိုရ ဆက်ဆံရတာ အေးချမ်းလေလေပဲနော်။ ပြီးတော့ ဒီလို လူအချင်းချင်း တွေ့ရ ဆုံရတဲ့အခါ ဆက်ဆံရေးမှာ မာနတို့ ပြိုင်ဆိုင်မှုတို့ မရှိတော့ဘူး။ အင်မတန် ရိုးသားတဲ့ ပွင့်လင်းတဲ့ စိတ်ထားမျိုးနဲ့ ယုံကြည် စိတ်ချရတဲ့စိတ်နဲ့ ဆက်ဆံမှာနော်။
မာနတွေနဲ့ ဆက်ဆံရမယ်ဆိုရင် အထီးကျန် ဖြစ်နေတယ်။ စကားသာ ပြောနေရတယ် ပြောရတာ အရသာမရှိဘူး။အဖေါ်မဖြစ်ဘူး။ သူကလည်း ဟန်နဲ့ ပြောနေတယ်၊ ကိုယ်ကလည်း ဟန်နဲ့ပြောနေတော့ ဘယ်လိုလုပ် အဖေါ်ဖြစ်မလဲနော်။ အဖေါ် ဖြစ်ဖို့ဆိုတာ တကယ်ရိုးသားမှု ရှိမှ၊ တကယ် ပွင့်လင်းမှု ရှိမှ။ ကိုယ့်စိတ်ထဲမှာ ခံစားနေရတာတွေ အကောင်းအဆိုး ဘာမဆို မထိန်ချန်ဘဲနဲ့ ပြောနိုင်တဲ့သူမှသာ တကယ်အဖေါ် ဖြစ်တာ။ ကိုယ့်စိတ်ကိုယ် သိပြီးတော့
Level of being ကို မြှင့်နိင်မှသာ အဲသလိုလူချင်း တွေ့တဲ့အခါမှာ အဖေါ်ကောင်း ဖြစ်တယ်။ တကယ့်မိတ်ကောင်း၊ ဆွေကောင်း၊ ကလျာဏမိတ္တဆိုတာ ဖြစ်နိုင်တယ်။ ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေ၊ သူ့စိတ်က သူ့မိတ်ဆွေ၊ အဲသလိုအခါမှသာ သူနဲ့ငါလည်း မိတ်ဆွေ။
ငါ့ရဲ့အသိဥာဏ်ကို လေးစားတဲ့ သူကို ငါလေးစားတယ်။ ငါ့ရဲ့ လွတ်လပ်မှုကို အသိအမှတ်ပြုတဲ့သူဟာ ငါ့မိတ်ဆွေကောင်းပဲ။ ငါဟာ ငါ့ဥာဏ်နဲ့ငါ စဉ်းစားပြီး ကောင်းတာတွေကို လုပ်နိုင်တဲ့သူ ဖြစ်တယ်ဆိုတာကို ယုံကြည်တဲ့ သူဟာ ငါ့ဘဝကို မြှင့်တင်ပေးချင်တဲ့စေတနာ
ရှိတဲ့သူ ဖြစ်တယ်။
🌹
ဒီခေတ်ကာလဟာ ( Age of Loneliness ) အထီးကျန်ဖြစ်တဲ့ကာလ။ လူတွေသာ များနေပါတယ်။ အဖေါ် မရှိပါဘူး။ အပေါ်ယံ ပေါ်င်းလို့ရတဲ့သူတွေ ကြာလေ များလေလေပဲ။ ရင်းရင်းနှီးနှီး ပေါ်င်းလို့ရတဲ့သူ ကြာလေ ရှားလေပဲ။
ကိုယ့်ကိုယ်ကိုတောင် နားမလည်နိုင်တော့ဘူး။ တခြားလူကို နားလည်ဖို့ ဆိုတာ တော်တော် ခက်သွားပြီ။ တရားအားထုတ်ပြီးတော့ ကိုယ့်စိတ်ကိုကိုယ် တကယ် နက်နက်နဲနဲ သိလာပြီးရင် အဲဒီသိတဲ့ အသိဥာဏ်နဲ့ ယှဉ်ပြီးတော့ဖြစ်တဲ့ တည်ငြိမ်မှု၊ အေးချမ်းမှုလေးနဲ့ တခြားလူတွေကို ကြည့်လိုက်စမ်းပါ။ သူတို့စိတ်ထဲမှာ ဘယ်လိုများနေမလဲ ဆိုတာကို ပိုသိလာတယ်။ အများကို ပိုပြီးတော့ ချစ်တတ်တယ်။ ချစ်တတ်တဲ့သူ ဖြစ်လာတယ်။ အဲဒီအချိန်ကျတော့ ကိုယ့်ကိုယ်ကိုလည်းပဲ ပိုပြီးတော့ လေးစားတဲ့သူ ချစ်တတ်တဲသူ တန်ဖိုးထားတဲ့သူ ဖြစ်လာတယ်။
အဲဒီလို ကိုယ့်စိတ်ကိုကိုယ် သိရင်ပဲ အဖေါ်မရှိသလို ခံစားရတာ တော်တော် သက်သာသွားတယ်။ ကိုယ့်စိတ်ကိုကိုယ် သေသေချာချာ သိရင် သောကလည်း တော်တော် သက်သာ သွားတယ်။ လုပ်စရာ ရှိတာကို နည်းလမ်းရှာပြီးတော့ လုပ်သွားနိုင်တယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ရှိလာတယ်။ ငါကြိုးစားပြီး လုပ်ရင် အဆင်ပြေသွားမှာပါ။ အဲသလို ယုံကြည်မှုလည်း ရှိလာတယ်နော်။
ဒါကြောင့် တရားအားထုတ်ပြီးတော့ စိတ်ကို သိပြီးတော့ ငြိမ်းချမ်းအောင် နေတတ်တဲ့သူဟာ စိတ်ဓာတ်မကျဘူး၊ သောကမများဘူး။
🌹🌹🌹
တရားအားထုတ်လာပြီး သတိ, သမာဓိ, ဥာဏ်ပညာ ရင့်ကျက်လာတဲ့အခါမှာ အနားမှာ ဘယ်သူမှ မရှိပေမဲ့ အဖေါ်မဲ့လို့ အားငယ်နေတဲ့သဘောမျိုး မဖြစ်ဘူး။ အဖေါ်ကို အပြင်မှာ မရှာတော့ဘူး။ ကိုယ့်ကိုယ်ကို ကျေနပ်နေတဲ့စိတ်ဟာ ကိုယ့်အဖေါ် ဖြစ်နေတယ်။ ငါ့မှာ အဖေါ်မရှိပါလား ဆိုပြီးတော့ အားမငယ်ဘူး၊ မကြောက်ဘူး။✌️✌️
➖➖➖🔹🍄🍄🔹➖➖➖
💡ဆရာတော်ဦးဇောတိက💡
🍀 ( မဟာမြိုင်တောရ ) 🍀
▫️ ▫️၏▫️ ▫️
💧“ တွေးမိတိုင်း ပျော်တယ် ” 💧
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊
LIFE facebook page မှကူးယူဖော်ပြသည်
ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ )“ တွေးမိတိုင်း ပျော်တယ် ”
When you are peaceful, happy, joyous and doing what you love to do, you are successful.
ကိုယ့်စိတ်ထဲမှာ ကြည်လင်မှု အေးချမ်းမှု ရှိနေမယ်၊ ပျော်ရွှင်မှုလည်း ရှိနေမယ်၊ ရွှင်လန်းမှုလည်း ရှိနေမယ်၊ ကိုယ်နှစ်သက်တာကိုလည်း လုပ်နေရမယ်ဆိုရင် သင်ဟာ အောင်မြင်တဲ့သူ ဖြစ်တယ်။
There is no true success without peace of mind.
စိတ်အေးချမ်းမှု မရှိဘဲနဲ့ စစ်မှန်တဲ့ အောင်မြင်မှုဆိုတာ မရှိပါဘူး။
အောင်မြင်မှုကို ဘာနဲ့တိုင်းတာမလဲ။ များသောအားဖြင့်တော့ ဥစ္စာပစ္စည်း
ဘယ်လောက်ရှာနိုင်သလဲ၊ ရာထူး ဘယ်လောက်ကြီးသလဲဆိုတာနဲ့ပဲ
တိုင်းတာကြတာနော်။ ပစ္စည်း မရှာနိုင်ကြတဲ့အခါ၊ ရာထူး မရှိတော့တဲ့အခါ ဘယ်လိုနေမလဲ။ ပစ္စည်းကြောင့် ရာထူးကြောင့် မောက်မာတဲ့သူဟာ ပစ္စည်းရှိတုန်း ရာထူးရှိတုန်းကလည်း စိတ်မချမ်းသာရသလို ပစ္စည်းနဲ့ ရာထူးတွေ ပျက်စီးဆုံးရှုံးသွားရင်လည်း သူဟာ အင်မတန် စိတ်ဆင်းရဲသွားရပါတယ်။ ပစ္စည်းဥစ္စာ၊ ရာထူးဆိုတာ စားဝတ်နေရေးမျှပဲ။ ခန္ဓာကိုယ် တည်တဲ့ရုံမျှပဲ။ စိတ်အေးချမ်းမှု မြင့်မြတ်မှု ရဖို့ကတော့ ဝိပဿနာတရားကို တကယ် ကြိုးကြိုးစားစား အားထုတ်မှ ဖြစ်မှာပါ။ အဲဒီတော့ စိတ်မှာ ငြိမ်းချမ်းမှုလည်း ရှိနေတယ်၊ ပျော်ရွှင်မှုလည်း ရှိတယ်၊ ရွှင်လန်းမှုလည်း ရှိတယ်၊ ကိုယ် အင်မတန်နှစ်သက်တဲ့ တရားဘာဝနာ အလုပ်ကိုလည်း အားထုတ်နေရတယ်ဆိုရင် သင်ဟာ အောင်မြင်တဲ့သူ ဖြစ်ပါတယ်။ အတွင်းမှာ အသိဥာဏ်ရှိမှသာ စိတ်ဓာတ်ခိုင်မာတဲ့သူ၊ ရင့်ကျက်တဲ့သူ ဖြစ်နိုင်တယ်။ ဘဝကို ကျေနပ်တဲ့သူ ဖြစ်နိုင်တယ်။
အေးချမ်းမှုဆိုတာ ဘာလဲ။ ရိုးသားမှု မရှိဘဲနဲ့ အေးချမ်းမှုဆိုတာ မဖြစ်နိုင်ဘူး။ တည်ငြိမ်မှု မရှိဘဲနဲ့၊ အသိဥာဏ် မရှိဘဲနဲ့ တကယ်အေးချမ်းမှု အစစ်အမှန်ဆိုတာ မဖြစ်နိုင်ပါဘူး။🌿🌿🌿
➖➖➖🍄🍄➖➖➖
ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ )
၏
“ တွေးမိတိုင်း ပျော်တယ် ”
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊
LIFE facebook page မှကူးယူဖော်ပြသည်
ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ )“ တွေးမိတိုင်း ပျော်တယ်
ကိုယ့်ကို နှိပ်စက်နေတာ သူများမဟုတ်ဘူး။ ကိုယ့်စိတ်ပဲ။ အဲဒါကို
သေသေချာချာ လေးလေးနက်နက် သဘောပေါက်ဖို့လိုတယ်။ အဲဒီတော့
စိတ်ချမ်းသာချင်ရင် စိတ်အကြောင်းကို သိမှ ဖြစ်မယ်။ လောလောဆယ်
နှိပ်စက်နေတာကြီး မပျောက်ခင်မှာ နှိပ်စက်နေမှန်း အသေးစိတ်သိဖို့ လိုတယ်။ ဘယ်လောက်ထိအောင် အသေးစိတ် နှိပ်စက်တယ်ဆိုတာ သိဖို့လိုတယ်။ စိတ်ဝင်စားမှုရှိဖို့ လိုတယ်။ စိတ်ကိုသိရင် စိတ်ရဲ့လွှမ်းမိုးမှု၊ ခြယ်လှယ်မှု၊ နှိပ်စက်မှုကို မခံရတော့ဘူးတဲ့။ စိတ်ကို မသိရင် သူလွှမ်းမိုးသမျှ ခြယ်လှယ်သမျှ နှိပ်စက်သမျှကို ဧကန်မုချ ခံရမှာပဲ။ သေသည်ထိအောင် နှိပ်စက်မှာ။ အဲဒီတော့ သေခါနီး နောက်ဆုံးအချိန်ထိအောင် မနှိပ်စက်အောင်ဆိုရင် သူ့သဘာဝကို
သေသေချာချာ သိဖို့ အင်မတန်လိုပါတယ်။ နေတတ်ရင် စိတ်ချမ်းသာမယ်၊ စိတ်ထားတတ်ရင် စိတ်ချမ်းသာမယ်။ အသိဥာဏ်နဲ့နေတတ်ရင် အများကြီးသက်သာရာရမယ်။
ကိုယ်က သူများကိစ္စတစ်ခုခုကို လုပ်ပေးတုန်းမှာ ကိုယ့်စိတ်ကို သေသေချာချာ ကြည့်ပါ။ ဘာတွေ ပြန်မျှော်လင့်နေသလဲ။ မျှော်လင့်နေရင်တော့ စိတ်ဆင်းရဲရမယ်။ ဘာမှ မမျှော်လင့်ဘူးဆိုရင် လုပ်ပေးနေရတုန်းမှာလည်း စိတ်ချမ်းသာနေပြီး၊ နောက်တော့လည်း စိတ်ပျက်စရာ အကြောင်းမရှိဘူး၊၊
ပျော်စရာတွေ များလာတဲ့ခေတ်မှာ မပျော်နိုင်တဲ့သူတွေ ပိုများလာတယ်။
အပေါ်ယံဖျော်ဖြေမှုတွေသာ များလာပြီးတော့ လေးလေးနက်နက် ပျော်ရတဲ့ ကိစ္စတွေ နဲလာတယ်။ အခုခေတ်က ပြင်ပက ပျော်စရာပေါ်မှာ မှီခိုမှု ပိုများလာကြတယ်။ T.V., Video တွေကို စွဲလာနေကြတယ်။ ပြင်ပအရာတွေ လူတွေပေါ်မှာ မှီခိုမှုများလေ ပြဿနာများလေ ဖြစ်လာမယ်။ ပြင်ပ ရုပ်ဝတ္ထုတွေ၊ ပစ္စည်းတွေ၊ လူတွေပေါ်မှာ မှီခိုမှု အားကိုးမှု နဲပြီးတော့ ကိုယ့်စိတ်ကလေးကို ကိုယ်ကြည့်ပြီးတော့
သိပြီးတော့ ကြည်လင်အေးချမ်းအောင် နေတတ်တဲ့သူမှ ပျော်တဲ့သူ ဖြစ်မယ်။
လေးနက်တဲ့ အသိဥာဏ်နဲ့ ပျော်တဲ့ပျော်နည်းမျိုးကို ရှာရမယ်။ ဒါမှ ကြာလေ အသိဥာဏ်လေးနက်လေ၊ ကြာလေ ပျော်လေဖြစ်မယ်။ တခြားပျော်နည်းတွေက ကြာလေ မပျော်လေပဲ။ အကယ်၍ အရင်တုန်းက ပျော်နည်းမျိုးနဲ့ပဲ မရမက ပျော်ဖို့ကြိုးစားရင် ခဏတော့ ရချင်ရမယ်။ ဒါပေမယ့် မရမက ပျော်ဖို့ကြိုးစားနေရတာကိုက
စိတ်ညစ်စရာကြီး ဖြစ်လာမယ်။ အဲဒါကြောင့် ကိုယ့်စိတ်ကို ကိုယ်သိတဲ့အလေ့အကျင့် လုပ်ပြီးတော့ လေးနက်တဲ့
အသိဥာဏ်နဲ့ ပျော်တတ်ဖို့ ပျော်တတ်ဖို့ သိပ်အရေးကြီးတယ်။ နောက်ဆုံးမှာ ဘာမှမလုပ်နိုင်တဲ့အခါ အသက်ကြီးလာတဲ့အခါ ကိုယ့်စိတ်ထဲမှာ အေးချမ်းနေအောင်နေတတ်မှ ဖြစ်မယ်ဆိုတာကို ကြိုကြိုတင်တင် နားလည်ပြီးတော့ စောစောက လေ့ကျင့်ထားမှ အသက်ကြီးတဲ့အခါ ဘဝဟာ အဓိပ္ပါယ်ရှိမယ်။
စိတ်ကြည်လင်အေးချမ်းနေတဲ့နည်းနဲ့ ပျော်ဖို့ရာ ကြိုတင် ပြင်ဆင်ထားတဲ့လူဟာ ဒုက္ခကြီးနဲ့ တွေ့ရတောင် ဒီဒုက္ခကြီး ကြားထဲမှာ ပီတိနဲ့ နေလို့ရသေးတယ်။ အံ့သြစရာ အင်မတန် ကောင်းတယ်။🌿🌿🌿
➖➖➖🍄🍄➖➖➖
ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ )
၏
“ တွေးမိတိုင်း ပျော်တယ် ”
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊
LIFE Facebook page မှတစ်ဆင့်ပြန်လည်မျှဝေပါသည်

ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ ) တွေးမိတိုင်း ပျော်တယ်
ငါမသေချင်သေးဘူး။ ငါမသေချင်သေးဘူးဆိုတာက အသက် မသေရုံလေး နေချင်တယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ငါ လုပ်နိုင်သမျှ အကောင်းဆုံးတွေကို အများဆုံးလုပ်မယ်ဆိုတဲ့စိတ်နဲ့ မသေချင်တာ။ ငါဟာ လောကကြီးအတွက် ဝန်ထုပ်ကြီး ဖြစ်မနေရဘူး။
သူ့ဥာဏ်ကိုသူ ထုတ်မသုံးပဲနဲ့ တယောက်ယောက်က ခိုင်းတာကို မျက်စိမှိတ်ပြီးတော့ လုပ်တဲ့သူမျိုး ဖြစ်သွားအောင် သူ့ကို ပုံသွင်းလိုက်မယ်ဆိုရင် သူ့ကိုလည်း ဖျက်ဆီးရာရောက်သွားသလို လောကကြီးကိုပါ ဖျက်ဆီးရာရောက်သွားတယ်။
အာဟာရချို့တဲ့ရင် ခန္ဓာကိုယ်ထွားသင့်သလောက် မထွားနိုင်တော့ဘူး။ အဲသလိုပဲ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေ မရရင်လည်း စိတ်ဟာ မထွားနိုင်တော့ဘူး။ စိတ်လူစဉ် မမှီတော့ဘူး။ စိတ်အား နဲနေမယ်၊ စိတ်ဓာတ် ကျနေမယ်။ သူ့ဥာဏ်နဲ့သူ ဘာမှ မစဉ်းစားတော့ဘူး။ မဆုံးဖြတ်တော့ဘူး။ “ဘာလုပ်ရမယ်ဆိုတာ ပြောပါ၊ ပြောတဲ့အတိုင်း လုပ်ပါ့မယ်” ဆိုတဲ့လူ ဖြစ်သွားရော။ ခလုပ်နှိပ်လိုက်ရင် နှိပ်တဲ့အတိုင်း လုပ်တဲ့ စက်ရုပ် ဖြစ်သွားရော။ အဲဒီလိုလူတွေများလာရင် လူ့အသိုင်းအဝိုင်းကြီး မတိုးတက်နိုင်တော့ဘူး။ ကိုယ်ပိုင်ဥာဏ်လည်း မရှိတော့ဘူး။ ကိုယ်ပိုင်စိတ်ဓာတ်လည်း မရှိတော့ပဲနဲ့ ခိုင်းတာကို လုပ်တဲ့လူတွေ များလာရင် လူ့အသိုင်းအဝိုင်းဟာ မတိုးတက်တော့ဘူး။ ခိုင်းမှ လုပ်တဲ့သူ၊ “ကိုယ့်စိတ်ကူးနဲ့ကိုယ် စဉ်းစဉ်းစားစားလေး ကောင်းအောင်လုပ်လိုက်ပါ” ဆိုရင် မလုပ်တတ်တော့တဲ့သူတွေ များနေရင် လူ့အသိုင်းအဝိုင်းကြီး မတိုးတက်နိုင်ဘူး။ လောကကို အကျိုးပြုတဲ့လူတွေ များများဖြစ်ပေါ်လာဖို့အရေးကို လေးလေးနက်နက် စဉ်းစားစေချင်တယ်။ ဒါကြောင့် အကောင်းဆုံးစိတ်ထားတွေနဲ့ အကောင်းဆုံးအရည်အချင်းတွေကို အများဆုံးထွက်ပေါ်လာအောင် ဘယ်လိုလုပ်ပေးရင် ရမလဲဆိုတာကို ပညာရေးရှုထောင့်ကနေလည်း ကြည့်ရမယ်၊ ဘာသာရေးရှုထောင့်ကလည်း ကြည့်ရမယ်။ စီးပွားရေးမှာတောင်မှ လူတွေရဲ့ အသိဥာဏ်နဲ့ စိတ်ထားတွေ မြင့်မားရေးဘက်ကိုပါ ထည့်စဉ်းစားတဲ့စီးပွားရေးပဲ ဖြစ်ရမယ်။ ကိုယ့်အားကိုယ်ကိုးတဲ့လူ၊ ကိုယ့်အရည်အချင်းနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့လူတွေ များများ ဖြစ်လာအောင် စဉ်းစားပေးရမယ်။
လူတွေကို ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိအောင်၊ ကိုယ့်ကိုယ်ကိုယ် အထင်သေးအောင် တနည်းနည်းနဲ့ လုပ်လိုက်မယ်ဆိုရင် အဲဒီလူရဲ့ဘဝကို ဖျက်ဆီးလိုက်သလိုဖြစ်သွားပြီးတော့ လူ့အသိုင်းအဝိုင်းကြီးကို သူ့အနေနဲ့ အကျိုးပြုနိုင်တဲ့စွမ်းရည်သတ္တိကိုပါ ဖျက်ဆီးလိုက်သလို ဖြစ်သွားတယ်။ လူတွေမှာ ဘဝနဲ့ပတ်သက်ပြီးတော့ လောကနဲ့ပတ်သက်ပြီးတော့ အလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့ သူတို့မှာ အရည်အချင်း များများရှိလာအောင် အကူအညီ ပေးရမယ်၊ အထောက်အပံ့ ပေးရမယ်။ စားဝတ်နေရေးနဲ့ပတ်သက်ပြီးတော့ အလုပ်ကို နားလည်အောင် လုပ်တတ်အောင် သူတို့ကို အခြေအနေတွေ ဖန်တီးပေးရမယ်။ လုပ်ချင်အောင်လည်း အခြေအနေတွေ ဖန်တီးပေးရမယ်။ လူဟာ များများသိလာတယ်၊ များများတတ်လာတယ်၊ များများလုပ်နိုင်လာတယ်ဆိုရင်၊ “ငါဟာ စွမ်းနိုင်တယ်” ဆိုတဲ့ ခံစားမှုကို ရတယ်။ သူ့ကိုယ်သူ ယုံကြည်မှု အများကြီးရတယ်၊၊ ကိုယ့်အကျိုးကိုလည်း ဆောင်ရွက်နိုင်တယ်၊ အများအကျိုးကိုလည်း ဆောင်ရွက်နိုင်တယ် ဆိုရင် အဲဒီလူဟာ သူ့ဘဝကို အဓိပ္ပာယ်ရှိတယ်လို့ ခံစားရတယ်။ ဒါ့ကြောင့် လူတွေကို အစွမ်းအစပိုရှိတဲ့သူတွေ ဖြစ်လာအောင် စဉ်းစားပေးပြီးတော့ လိုအပ်တာလေးတွေကို ဖန်တီးပေးဖို့ လိုတယ်။ လူတွေရဲ့အစွမ်းအစ ၊ လုပ်ရည်ကိုင်ရည်တွေ နိမ့်ကျသွားရင် ၊ အသိဥာဏ်ပညာတွေ စိတ်ထားတွေနိမ့်ကျသွားရင် လူ့အသိုင်းအဝိုင်းကြီး တခုလုံး ပျက်စီးသွားနိုင်တယ်။ လူ့အသိုင်းအဝိုင်းကြီးတခုလုံး ကောင်းလာဖို့ဆိုတာ မှန်ကန်တဲ့ အသိအမြင်၊ မှန်ကန်တဲ့သဘောထား၊ မှန်ကန်တဲ့စေတနာပေါ်မှာ အခြေခံတဲ့ မှန်ကန်တဲ့အလုပ်တွေကို လူတွေ များများလုပ်နိုင်ဖို့ လိုတယ်။ အဲဒါမှ အားလုံးအတွက် ကောင်းမယ်။ ဒါမှ လူ့အသိုင်းကြီးဟာ နေရတာ စိတ်အေးချမ်းမှု ရမယ်။ စိတ်ထဲမှာ လုံခြုံမှုလည်း ရမယ်။ ပျော်စရာ အင်မတန် ကောင်းမယ်။ အဲသလို အသိုင်းအဝိုင်းထဲမှာဆိုရင် စိတ်ညစ်တယ်၊ စိတ်ဓာတ်ကျတယ်၊ ဘာလုပ်ရမှန်း မသိဘူး၊ ဘာမှ မတတ်နိုင်တော့ပါဘူးဆိုတဲ့ ခံစားမှုမျိုးက အင်မတန် နည်းသွားမယ်။ ဇိမ်ခံပစ္စည်းတွေ များများသုံးနိုင်ရုံနဲ့ လူ့အသိုင်းအဝိုင်းကြီး ကောင်းလာတယ်လို့ ပြောလို့ မရဘူး။ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်လည်းပဲ ပြည့်စုံဖို့ အများကြီးအရေးကြီးတယ်။
ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးပြီးတော့ “ငါ့ကိုယ်ငါ ဒုက္ခပေးတာ ဘယ်သူနဲ့မှ မဆိုင်ဘူး” လို့ မပြောနဲ့နော်။ အဲဒါ အင်မတန် ဥာဏ်နဲတဲ့အပြော ဖြစ်သွားလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးရင် လောကကြီး ဒုက္ခရောက်တယ်။ ကိုယ်နဲ့လောကကြီးဟာ ဆက်စပ်နေတယ်။ ဘယ်လိုမှသီးခြားဖြစ်သွားအောင် ထုတ်ယူပစ်လို့ မရဘူး။ ထို့အတူ ကိုယ့်ကိုယ်ကိုယ် ကောင်းအောင် လုပ်လိုက်ရင် လောကကြီးကို ကောင်းအောင် လုပ်တာပါ။ ငါ့ကိုယ်ငါ မဖျက်ဆီးသင့်ဘူး။ ငါ့ကိုယ်ငါ ကောင်းအောင် နေသင့်တယ်၊ ငါ့ဟာငါ ကောင်းအောင် နေခြင်းသည်ပင်လျှင် လောကကြီးကို အကျိုးပြုနေတာ ဖြစ်တယ်။🌿🌿
➖➖➖🍄🍄➖➖➖
ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ )
၏
“ တွေးမိတိုင်း ပျော်တယ် ”
စာအုပ်မှ ကူးယူဖော်ပြပါသည်။
LIFE facebook page မှတစ်ဆင့်ပြန်လည်မျှဝေပါသည်
ဖြတ်လမ်းမရှိဘူး
စိတ်အေးရဖို့ဆိုတာက ကိုယ့်ရင်ထဲမှာ တကယ်မှန်ကန်တဲ့၊ တိကျတဲ့ တန်ဖိုးထားစရာ ရှိရမယ်၊၊ လူတစ်ယောက်ဟာ သူ ဘာတွေကို လိုချင်သလဲ၊ သူ့ ဦးတည်ချက်က ဘာလဲ၊ သူ့ ခံယူချက်က ဘာလဲ၊ သူ ဘာကို ခံစားနေရသလဲ၊ ဘာကို ကြိုက်သလဲဆိုတာ မသိလို့ရှိရင် သူ့အပေါ်ယံလေးယုံကြည်နေတဲ့ ယုံကြည်ချက်တွေ၊ မရေရာတဲ့
သူ့ရဲ့ဦးတည်ချက်တွေက တကယ်တမ်း အခက်အခဲနဲ့တွေ့တဲ့အခါ သူ့ကို အထောက်အကူမပေးနိုင်ဘူး။ သူ့စိတ်ထဲမှာ အတွင်းထဲမှာ ဂလိုင်ကြီးဖြစ်နေတယ်။ ဘာမှမရှိသလိုပဲ။ အတွင်းမှာအားကိုးစရာ စွမ်းရည်သတ္တိ၊ အသိဥာဏ်၊ ယုံကြည်ချက်၊ ခံယူချက်ဆိုတာ မရှိဘူး။ ဦးတည်ချက်လေးနက်တဲ့သူ၊ ခံယူချက်မြင့်မြတ်တဲ့သူ၊ ကိုယ့်စိတ်ကို ကိုယ် ကောင်းကောင်းသိတဲ့သူဟာ အခက်အခဲနဲ့တွေ့တဲ့အခါ ခံနိုင်ရည်
အများကြီးရှိတယ်။ အကယ်၍ ပတ်ဝန်းကျင်မှာ ပရမ်းပတာဖြစ်နေတယ်။ ဘာမှ ယုံကြည်ချက်၊ ခံယူချက် မရှိတဲ့လူတွေက ထင်ရာလုပ်နေတဲ့ အခါမှာ သူကိုယ်တိုင်ကလည်းပဲ လမ်းပျောက်သလို ဖြစ်သွားပြီးတော့ ကြောက်တဲ့စိတ်တွေ ဖြစ်လာတယ်။ (လမ်းပျောက်နေရင်ကြောက်တယ်) ဘယ်သူ့ကိုမှ သူ မယုံကြည်နိုင်တော့ဘူး။ သူ့မှာလည်း ယုံကြည်ချက် ခံယူချက်မရှိသလို တခြားလူတွေမှာလည်း ယုံကြည်ချက်၊ ခံယူချက်
မရှိဘူးဆိုရင် စိတ်ထဲမှာ မလုံခြုံတဲ့ခံစားမှု၊ ဘယ်သူ့ကိုမှစိတ်မချတဲ့
ခံစားမှု ဖြစ်မယ်။ အဲသလိုလူချင်းဟာ ဘယ်လိုလုပ် စိတ်ချလက်ချ
ဆက်ဆံလို့ရတော့မလဲ။ အဲသလိုအခါမှာ သူ့ကို sense of derection ဦးတည်ချက်တစ်ခုခု ပေးမယ့်သူကို လိုချင်တယ်။ security လုံခြုံမှုပေးမယ့်သူ၊ ယုံယုံကြည်ကြည် စိတ်ချလက်ချ ဆက်ဆံလို့ရမယ့်သူ တစ်ယောက်ကို လိုချင်တယ်။ ဒါပေမယ့် သူ့ရဲ့ယုံကြည်ချက် ခံယူချက်က သူ့အတွင်းကလာမှ ရမှာ။ သူ့ကိုယ်ပိုင်ဥာဏ်နဲ့သိပြီးတော့ဖြစ်လာတဲ့ ယုံကြည်ချက်၊ ခံယူချက် ဖြစ်မှရမှာ။ အဲဒါကို မရသေးသ၍ ဘယ်တော့မှ empty ဆိုတဲ့ feeling က ပျောက်မှာမဟုတ်ဘူး။ ရှုပ်ထွေးပြီး ဘာမှ
စိတ်မချရတဲ့ လောကကြီးအလယ်မှာ အားငယ်နေမယ်၊ ကြောက်နေမယ်။ သူများကိုအားကိုးပြီးတော့ သူများခိုင်းတာလုပ်ဖို့ဆိုတဲ့
ရည်ရွယ်ချက်နဲ့ လူတွေကိုပေါင်းမယ်ဆိုရင်လည်း သူ့ loneliness က ပျောက်မှာမဟုတ်ဘူး။ တခြားလူတွေကလည်း သူ့လိုပဲ ကြောက်နေရင်တော့ သူကလည်းတွေးမှာပဲလေ "တခြားလူတွေကလည်း ငါ့လိုပဲ၊ ဘာလုပ်ရမှန်း မသိဘူး။" emptiness နဲ့ loneliness ဟာ anxiety ရဲ့ မျက်နှာနှစ်ဖက်ပဲ။ အဲဒီ emptiness နဲ့ loneliness ရှိနေပြီဆိုရင် enxiety ရှိနေပြီ၊ သေချာပြီ။ စိတ်မအေးတော့ဘူး။ ဘယ်လိုမှ စိတ်မအေးနိုင်တော့ဘူး။ စိတ်အေးရဖို့ဆိုတာက ကိုယ့်ရင်ထဲမှာ တကယ်မှန်ကန်တဲ့၊ တိကျတဲ့တန်ဖိုးထားစရာ ရှိရမယ်။ ငါ့ဘ၀ကိုငါ ဘယ်လိုနေမယ်၊ ဘယ်လိုသဘောထားနဲ့ နေမယ်၊
ဘယ်လိုခံယူချက်နဲ့ နေမယ်၊ ဘာကိုဦးတည်ချက် ထားမယ်ဆိုတာကို စိတ်ချလက်ချ ကိုယ့်ကိုယ်ပိုင်ဥာဏ်နဲ့ကိုယ် စဉ်းစားပြီးတော့ သိပြီးတော့
ဆုံးဖြတ်ပြီးတော့ နေနိုင်မှ ရမယ်။ သူများကပေးလို့ မရဘူး။ ဒီပြဿနာ ဖြေရှင်းဖို့ဆိုတာ ဖြတ်လမ်းမရှိဘူး။ တခြားတစ်ယောက်ရဲ့ဘ၀နဲ့ (ဥပမာ- အိမ်ထောင်ဖက်) ကိုယ့်ဘဝကို တွဲထားလိုက်ရုံနဲ့ စိတ်အေးရမှာ မဟုတ်ဘူး။ တစ်ယောက်ယောက်ကို အားကိုးပြီးနေရုံနဲ့ စိတ်အေးရမှာ မဟုတ်ဘူး။
🚶 ➖➖ 🍄🍄 ➖➖ 🚶
♻️ ဆရာတော်ဦးဇောတိက ♻️
( မဟာမြိုင်တောရ )
၏
🌲“ ဘာကို တန်ဖိုးထားရမလဲ ” 🌲
စာအုပ်မှ ကူးယူ ဖော်ပြပါသည်၊၊
LIFE facebook page မှတစ်ဆင့်ပြန်လည်ကူးယူဖော်ပြပါသည်
ဂုဏ်သိက္ခာ
ဂုဏ်သိက္ခာ
ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ခက်ခဲတဲ့အလုပ်ကို အချိန်ပြည့် ကြိုးစား အားထုတ်ပြီး လုပ်နေတဲ့သူဟာ ဂုဏ်သိက္ခာရှိတယ်။ ကိုယ့်မှာ အရည်အချင်းရှိသလောက် အစွမ်းကုန်မကြိုးစားပဲ သက်သာအောင် နေတဲ့သူဟာ ဂုဏ်သိက္ခာမဲ့တဲ့ဘဝကို နေတာ။
သူ့ကိုလွှမ်းမိုးဖို့ ကြိုးစားတာနဲ့ ကိုယ့်တည်ကြည်မှု ကျသွားတော့တာပါပဲ။ သူတပါးရဲ့စိတ်တည်ကြည်မှု ကျသွားအောင်လုပ်ရင် ကိုယ့်စိတ် တည်ကြည်မှုလည်း ကျသွားတာပဲ။ သူများကို မလေးစားတဲ့စိတ်ဟာ တည်ကြည်မှု၊ လေးနက်မှု မရှိနိုင်ဘူး။ လူမှာ တန်ဖိုးအရှိဆုံးဟာ စိတ်ရဲ့ အရည်အသွေးပဲ။ ကိုယ်က သူ့ကို ကြောက်သွားရင် ကိုယ့်စိတ်ရဲ့ အရည်အသွေး ကျသွားတယ်။ ကိုယ်က သူ့ကို အနိုင်ယူချင်တယ်၊ ကိုယ့်ကို ကြောက်သွားအောင် လုပ်ချင်တယ်ဆိုရင်လည်း ကိုယ့်စိတ်ရဲ့အရည်အသွေး ကျသွားတာပါပဲ။ ကိုယ့်ကို သူများ ကြောက်နေတာကို မလိုချင်ဘူး။ ကြောက်နေတဲ့စိတ်မှာ dignity မရှိဘူး။ တည်ကြည်မှု၊ ခန့်ငြားမှု၊ ဣနြေ္ဒသိက္ခာ မရှိဘူး။ ကြောက်အောင်လုပ်နေတဲ့ စိတ်မှာကော dignity ရှိသလား။ တည်ကြည်မှု၊ ခန့်ငြားမှု၊ ဣနြေ္ဒသိက္ခာ ရှိသလား။ မရှိဘူးနော်။ သူများကို ကြောက်အောင် ခြောက်နေတဲ့သူမှာ dignity မရှိဘူး။
ကိုယ့်အနားရောက်လာတဲ့ လူတွေကိုလည်း သူတို့စိတ်ထဲမှာ အေးချမ်းစေချင်တယ်။ ဣနြေ္ဒရရ သိက္ခာ ရှိရှိ နေစေချင်တယ်။ မေတ္တာ အပြန်အလှန် ရှိစေချင်တယ်။ ကိုယ့်မှာ အေးချမ်းမှုရှိမှသာ ဒါတွေကို တန်ဖိုး ထားတတ်လာတယ်။ အသိအမှတ် ပြုတတ်လာတယ်။ ကိုယ့်မှာ အေးချမ်းမှုမရှိရင် ဒါတွေကို တန်ဖိုးမထားနိုင်ဘူး။ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှ၊ ကိုယ့်ရဲ့ တည်ကြည်မှု၊ ခန့်ငြားမှု၊ ဣနြေ္ဒသိက္ခာ ရှိမှု၊ ကြောက်ခြင်း စိုးရိမ်ခြင်း ကင်းမှုကို တန်ဖိုးထားမှ၊ ကိုယ့်မှာ အဲဒီလို ဣနြေ္ဒ သိက္ခာရှိမှ သူတပါးကိုလည်း ကိုယ့်လိုပဲ ဣနြေ္ဒသိက္ခာ (dignity) ရှိစေချင်တယ်။ ဣနြေ္ဒမဲ့တာ သိက္ခာမဲ့တာ မဖြစ်စေချင်ဘူး။ ခွေးတို့ ကြောင်တို့ စတဲ့ တိရစ္ဆာန်တွေကိုတောင်မှ သူတို့ဟာသူတို့ ဣနြေ္ဒရရ နေစေချင်တယ်။ ကြောက်လန့်ပြီး မနေစေချင်ဘူး။ ဂုဏ်သိက္ခာ တကယ်ရှိတဲ့သူ၊ တည်ကြည်မှု၊ ခန့်ငြားမှု၊ တကယ်ရှိတဲ့သူဟာ ဘယ်သူနဲ့မှ မငြင်းဘူး၊ ရန်မဖြစ်ဘူး။ ပြောစရာရှိတာကို ရှင်းရှင်းလင်းလင်း တိတိကျကျပဲ ပြောတယ်။ သူတပါးကို အနိုင်ယူချင်တဲ့စိတ်နဲ့ သူတပါးသိက္ခာကျအောင် ပုတ်ခတ်တဲ့ စကားမျိုးကို မပြောဘူး။ သူများသိက္ခာကျမှ ကိုယ့်မှာဂုဏ်ရှိတယ်လို့ မယူဆဘူး။
ငွေဟာ လူတွေရဲ့စိတ်ထဲမှာ အချိန်အများဆုံး ယူထားတဲ့အရာ ဖြစ်နေတယ်။ သားသမီးနဲ့မိဘ ဆက်ဆံရေး၊ ဇနီးခင်ပွန်း ဆက်ဆံရေး၊ မိတ်ဆွေအပေါင်းအသင်း ဆက်ဆံရေးတွေမှာ ငွေဟာ အရေးပါတဲ့ အကြောင်းတခု ဖြစ်နေတယ်။ လူတွေကို အများဆုံးလွှမ်းမိုးတာ၊ ခြယ်လှယ်တာ ငွေဖြစ်နေတယ်။ ငွေခိုင်းတာ လုပ်နေကြရတယ်။ ငွေကို အဓိကထားပြီးဆက်ဆံတဲ့ ဆက်ဆံရေးဟာ လူ့တန်ဖိုးကို ကျစေတဲ့ ဆက်ဆံရေး၊ လူ့ဂုဏ်သိက္ခာကို ကျစေတဲ့ ဆက်ဆံရေး ဖြစ်တယ်။ ငွေအကြောင်း ပြောလွန်းတာ dignity မရှိဘူး။ ဣနြေ္ဒ သိက္ခာ မရှိဘူး။ သူ့ဘဝကို ငွေနဲ့ မတိုင်းတာဘူး၊ သူ့ဘဝကို ငွေနဲ့ မရောင်းဘူး။ ဒါကြောင့် သူဟာ သိက္ခာရှိရှိ နေနိုင်တဲ့သူ ဖြစ်တယ်။
ဝေဖန်တာခံရတိုင်း ဒေါသဖြစ်တာဟာ မခိုင်မာတဲ့သဘော ဖြစ်တယ်။ ချီးမွမ်းတိုင်း ဝမ်းသာတတ်တဲ့သူ၊ ကဲ့ရဲ့တိုင်း စိတ်ဆိုးတတ်တဲ့သူဟာ စိတ်မခိုင်တဲ့သူ ဖြစ်တယ်။ ဣနြေ္ဒမရဘူး။ dignity မရှိဘူး။ ချီးမွမ်းတာ ခံရလည်း တည်တည်ငြိမ်ငြိမ် နေနိုင်တဲ့သူ၊ ကဲ့ရဲ့တာ ခံရလည်း တည်တည်ငြိမ်ငြိမ် နေနိုင်တဲ့သူဟာ ဣနြေ္ဒရတယ်၊ သိက္ခာ ရှိတယ်၊ dignity ရှိတယ်။
မြန်မာပြည်က ဒကာ ဒကာမတွေ၊ လူငယ်တွေ ဣနြေ္ဒသိက္ခာရှိရှိ ခန့်ခန့်ငြားငြား အဝတ်အစားကို ဝတ်စေချင်လိုက်တာ။ အဝတ်အစား ခန့်ခန့်ငြားငြား ဝတ်တတ်ရင်ပဲ အဲဒီလူမျိုးဟာ အဆင့်အတန်း မြင့်လာမယ်။ လူ့အသိုင်းအဝိုင်းမှာ နေတာ၊ လူတွေကြားထဲမှာ နေတာ။ ဒါကြောင့် ပတ်ဝန်းကျင်ကို လေးစားရမယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း လေးစားရမယ်။ ကိုယ့်ကိုယ်ကိုယ် လေးစားရင် သပ်သပ်ရပ်ရပ် ဝတ်ရမယ်။ ဒါမှလည်း သူများရဲ့လေးစားမှုကို ရမယ်။ ငါ့ဟာငါ ဝတ်ချင်လို့ ဝတ်တာပဲလို့ ပြောလို့ မရဘူး။ ငါ့ဟာငါ ဝတ်ချင်သလို ဝတ်မယ်ဆိုရင် ဘယ်မှာ သွားနေရင် ကောင်းမလဲ။ လူမရှိတဲ့နေရာမှာ သွားနေ၊ တောထဲမှာ သွားနေနော်။ လူကြားထဲမှာနေတယ်။ ဒါကြောင့် သူများကို လေးစားရင် ငါ အိနြေ္ဒသိက္ခာ ရှိအောင် ဝတ်ရမယ်။ လောကကို လေးစားခြင်းဆိုတာ အဆင့်အတန်းမြင့်တဲ့သူတိုင်း ကျင့်သုံးရမယ့် ကျင့်ဝတ်တမျိုး ဖြစ်ပါတယ်။ ပါဠိလို “လောကဂရု” လို့ခေါ်တယ်။ လူတိုင်း ကိုယ့်ဂုဏ်သိက္ခာ ကိုယ့်ရဲ့ဂုဏ်ကျက်သရေကို ထိန်းသိမ်းနိုင်တဲ့လူဖြစ်မှ ဒီလူမျိုးက အဆင့်အတန်း မြင့်လာမယ်။ ဒီနိုင်ငံ တိုးတက်မယ်။🌿🌿🌿
➖➖➖🍄🍄➖➖➖
ဆရာတော်ဦးဇောတိက
💥 ( မဟာမြိုင်တောရ ) 💥
၏ ▫️
💧“ တွေးမိတိုင်း ပျော်တယ် ” 💧
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊
LIFE Facebook pageမှကူးယူဖော်ပြပါသည်
ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ )
သတိက အဆင်သင့်ရှိနေရင် မကျေနပ်တဲ့စိတ်ကလေး ဖြစ်လာတဲ့အခါမှာ ဖြစ်ဖြစ်ချင်း ချက်ချင်းမြင်နိုင်တယ်။ဒီစိတ်ကလေးဟာ မကျေနပ်တဲ့ အတွေးလေးပဲ၊ ဒေါသစိတ်ကလေးပါ၊ ငါမဟုတ်ဘူး၊ သူ့သဘာဝနဲ့သူပဲ၊ အဲဒီလို ဒေါသစိတ်ကို ငါမဟုတ်တဲ့စိတ်အနေနဲ့ မြင်တတ်သွားပြီဆိုရင် ခွင့်လွတ်ရတာ ပိုလွယ်သွားတယ်။ အဲဒီဒေါသစိတ်ကို ငါ့စိတ်လို့မြင်နေရင် ငါမကျေနပ်ဘူးဆိုတဲ့ အတွေးကြောင့် ငါကျေနပ်အောင်ဘာလုပ်ရမလဲဆိုတဲ့ နောက်ဆက်တွဲတွေ အများကြီး ဆက်တွေးရတော့တယ်။ ငါမဟုတ်ဘူးလို့ မြင်လို့ရှိရင် ရှေ့ဆက်စရာ မရှိတော့ဘူး။ အဲဒီနေရာတင် ရပ်လို့ရတယ်။ ဇာတ်လမ်း မရှည်တော့ဘူး။
ကိလေသာအကြောက်ဆုံးအရာက အနတ္တဉာဏ်နဲ့ အေးအေးဆေးဆေး ကြည့်တာပဲ။အေးအေးဆေးဆေးကြည့်နိုင်ရင် ကိလေသာဟာ စိတ်ဝင်စားစရာ အင်မတန်ကောင်းတာကို တွေ့ရတယ်။ကိလေသာဟာ မဟုတ်တာကို အဟုတ်လို့ ထင်အောင် အမျိုးမျိုး ဖန်တီးပြနိုင်တယ်။ဒါကြောင့်ပယ်ဖို့ထက်သိဖို့ပိုအရေးကြီးတယ်။ ကိုယ့်မှာ ကိလေသာ ကင်းသလား၊ မကင်းဘူးလားဆိုတာ သူများကို သွားမမေးပါနဲ့၊ အချိန်တန်တော့ သူ့ဟာသူပြပါ လိမ့်မယ်နော်။ လောကဓံတရားက စာမေးပွဲစစ်ပေးမယ်။ ကိုယ့်မှာ ဣဿာမစ္ဆရိယဖြစ်တာကို ဖြစ်မှန်းသိလိုက်ရတာ အကျိုးအင်မတန် များပါတယ်နော်။ ကိုယ့်ချို့ယွင်းချက်ကို မသိဟန်ဆောင်ထားတာ ဖုံးထားတာဟာ အမှန်တော့ ကိုယ်ပဲ ထိခိုက်တယ်၊ နစ်နာတယ်၊၊ လောဘဟာကလေးဆန်တယ်။ ဒေါသဟာ သိပ်ကလေးဆန်တယ်။ မာန ဣဿာ မစ္ဆရိယ စသည် သူတို့မရှိတဲ့အခါမှာ တကယ့်ကို ရင့်ကျက်မှု အပြည့်ရှိနေတာပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကို ရင့်ကျက်မှုရှိလာအောင် တကယ်အသိဉာဏ်ရှိတဲလူကြီး ဖြစ်လာအောင်ဆိုရင် သတိနဲ့နေမှ ဖြစ်တော့မှာ။ လောဘ၊ ဒေါသ၊ မာန၊ မနာလိုဝန်တိုမှု၊ ယုံမှားသံသယဖြစ်မှု၊ စိတ်ပျံ့လွင့်မှု၊ ထိုင်းမှိုင်းတွေဝေမှု စတာတွေဟာ ရန်သူစိတ်တွေပဲ။ ကိလေသာအကြောက်ဆုံးဟာ သူ့ကို ရန်လုပ်တာ မဟုတ်ဘူး။ ကိလေသာအကြောက်ဆုံးဟာ သူ့ကို သတိနဲ့ဉာဏ်နဲ့ အေးအေးဆေးဆေးကြည့်တာကို အကြောက်ဆုံးပဲ။
ကိလေသာရဲ့သဘောက ငါနဲ့ ပေါင်းစပ်မိရင် အင်အားပိုပြီး ကြီးတတ်တယ်။ ကိလေသာဟာ အတ္တရဲ့အကူအညီကို မရရင် အားနဲသွားတယ်။ ဘယ်လိုကိလေသာဖြစ်ဖြစ်၊ လောဘဖြစ်ဖြစ်၊ ဒေါသဖြစ်ဖြစ်၊ မာနဖြစ်ဖြစ် ငါဆိုတဲ့သက္ကာယဒိဋ္ဌိရဲ့ အထောက်အပံ့ကို မရရင် သူသိပ်အားမကြီးဘူး။ ဖြစ်ကြောလည်း မရှည်ဘူး။ မြန်မြန်နဲ့ပြေသွားတယ်။ ဒါကြောင့် လောဘ၊ ဒေါသ၊ မာန၊ မနာလိုဝန်တိုမှုတွေကို အနတ္တအဖြစ်နဲ့မြင်ရင် သူအင်အားနဲပြီးတော့ နောက်ဆုတ် သွားမှာပါ။ ပြီးတော့ သူ့ဆီက ပညာနဲ့အသိဉာဏ်လည်း ရလိုက်မယ်။ သူက ကိုယ့်ကို ပညာအသိဉာဏ်တွေ ပေးသွားတာပဲ။ဒါကြောင့်စိတ်ဓါတ်ခိုင်မာလာတယ်။ အတွင်းမှာ အင်အားတွေ ရှိလာတယ်။ အင်မတန် ရင့်ကျက်တည်ငြိမ်တဲ့သူ ဖြစ်လာတယ်။ရုပ်ပိုင်းဆိုင်ရာ အုတ်တွေ၊ ကျောက်တွေ၊ သံတွေနဲ့ ဆောက်ထားတဲ့ ရဲတိုက်ကြီးကတော့ လူပုဂ္ဂိုလ်ကို ပြင်ပရန်သူကိုပဲ ကာကွယ်နိုင်ပါတယ်နော်၊ ကိုယ့်စိတ်ထဲကို အမြဲဝင်နေတဲ့ ကိလေသာရန်သူကိုတော့ ၀င်မလာအောင် အကာအကွယ် မပေးနိုင်ပါဘူး။ ကိလေသာရန်သူ စိတ်ထဲကိုဝင်မလာအောင် သတိ၊သမာဓိဉာဏ်ပညာကသာကာကွယ်နိုင်တာပါ။ပြင်ပကရန်သူထက် ကိလေသာရန်သူက ပိုကြောက်စရာ ကောင်းပါတယ်။။🌲🌲🌲
➖➖➖🍄🍄➖➖➖
ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ )
၏
“ တွေးမိတိုင်း ပျော်တယ် ”
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊
LIFE facebook page မှတစ်ဆင့်ပြန်လည်မျှဝေပါသည်
ခေါင်းဆောင်ကောင်း
ကိုယ့်ကိုယ်ကို အတတ်နိုင်ဆုံး အဆင့်အတန်းမြင့်တဲ့ စိတ်နေသဘောထားနဲ့ အသိဥာဏ်ရှိတဲ့ လူသားတယောက်ဖြစ်အောင် မြှင့်လိုက်ခြင်းအားဖြင့် လောကကြီးတခုလုံးကို အကျိုးပြုလိုက်တာပဲ။ ကိုယ့်ကိုကိုယ် နည်းမျိုးစုံနဲ့ အဖက်ဖက်က ပိုကောင်းအောင် ကြိုးစားနေတာ၊ အကျင့်စာရိတ္တ၊စိတ်နေသဘောထား၊ လုပ်ရည်ကိုင်ရည် ပိုကောင်းအောင် ကြိုးစားနေတာ၊ ပိုပြီး ဥာဏ်ပညာ ရင့်ကျက်တဲ့သူ ဖြစ်အောင် ကြိုးစားတာဟာ တစ်လောကလုံးကို အထိရောက်ဆုံးနည်းနဲ့ အကျိုးပြုတာပဲ။
♻️♻️♻️
အကောင်းဆုံးဆိုတာ ဘာလဲဆိုတာကို ကိုယ်သိထားတဲ့ အသိဥာဏ်ပေါ်မှာ အခြေခံပြီးတော့ ကိုယ့်မှာရှိတဲ့ အကောင်းဆုံး စိတ်ထားတွေနဲ့ အကောင်းဆုံး အသိဥာဏ်တွေကို ထုတ်ပြီးတော့ ကိုယ့်အသိနဲ့ကိုယ်၊ ကိုယ့်စိတ်ဓာတ်နဲ့ကိုယ်၊ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် အကောင်းဆုံးကို အားသွန်ပြီးတော့ လုပ်နေမှသာ အဲဒီလူက လူပီသတယ်။ အဲဒီလိုလူဟာ လောကကို အကျိုးပြုတယ်။ ကိုယ့် choiceနဲ့ကိုယ် ကိုယ့်ဘဝကို အကောင်းဆုံးနေသွားနိုင်တဲ့လူဟာ လောကကြီးကိုလည်း အများဆုံး အကျိုးပြုတဲ့လူ ဖြစ်တယ်။ ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင် နေတတ်တာကိုက လောကကြီးရဲ့အကျိုးကို ဆောင်ရွက်ပြီးသား ဖြစ်ပါတယ်။ လူ့အသိုင်းအဝိုင်းထဲက ကောင်းကျိုးများများရချင်ရင် အဲဒီ လူ့အသိုင်းအဝိုင်းကို ကောင်းအောင် ပြုစုရတယ်။ လောကမှာ ကြွားရရုံသဘောမျိုးနဲ့ လောကကို နေသွားတဲ့လူဟာ လောကကို အကျိုးပြုတဲ့လူ မဖြစ်နိုင်ဘူး။ ရိုးသားမှု အပြည့်နဲ့ ကိုယ့်ရဲ့ တကယ့် အရည်အချင်း တကယ့် စိတ်စေတနာတွေကို ဖေါ်ထုတ်ပြီးတော့ အသုံးချနေတဲ့ သူသာလျှင် လူ့လောကကို တကယ် အကျိုးပြုတဲ့လူ ဖြစ်မယ်။ အဆင့်မြင့်တဲ့ ခံယူချက် ရှိမှ၊ ပြတ်သားတဲ့ မူ ရှိမှ၊ ရိုးသားမှု ရှိမှ၊ အများ အကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ်။ ဒါမှလည်း ခေါင်းဆောင်ကောင်း ဖြစ်မယ်။🌿🌿
➖➖➖🍄🍄➖➖➖
ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ )
၏
“ တွေးမိတိုင်း ပျော်တယ် ”
စာအုပ်မှ ကူးယူဖော်ပြပါသည်၊

Saturday, May 23, 2015
♻️သင် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ♻️
လူတွေဟာ ငါ့ဘဝမှာ အရေးကြီးပါတယ်၊၊ ငါနဲ့ ရေရှည် ဆက်ဆံရတဲ့သူဟာ ပိုပြီးတော့ စဉ်းစားတတ်တဲ့သူ ချင့်ချိန်တတ်တဲ့သူ အကောင်းဆုံးကိုရွေးချယ်ပြီး လုပ်တဲ့သူ ဖြစ်လာရမယ်၊၊ အဲသလို ရည်မှန်းချက်တစ်ခု ထားသင့်တယ်၊၊
အဲဒီလိုခံယူချက် ထားလိုက်လို့ရှိရင် ပတ်ဝန်းကျင်မှာ စီးပွားရေးအခြေအနေတွေ အမျိုးမျိုး ပြောင်းနေတယ်၊၊ ကမ္ဘာ့အခြေအနေတွေ အမျိုးမျိုး ပြောင်းနေတယ်၊၊ ဘယ်လိုပြောင်းသွား ပြောင်းသွား ကိုယ့်စိတ်ထား အောက်ကို ကျမသွားဘူး၊၊ ကိုယ်ထားတဲ့ရည်မှန်းချက်က အမြဲတမ်း ကိုယ့်စိတ်ထားကို မြှင့်ပေးထားတယ်၊၊ ဘာကြီးဖြစ်နေဖြစ်နေ ငါ့ရဲ့ ဦးတည်ချက်ကို ဘယ်တော့မှ မပြောင်းဘူး၊၊
“သင်ကောင်းလျှင် ကျွန်နူပ်မဆိုးပါ၊၊” လို့ ပြောတာ ကြားဖူးတယ်နော်၊၊ ခံယူချက် တကယ်မှန်တဲ့သူကတော့ “သင်ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ ကျွန်နူပ်ကတော့ ပုံမှန်အတိုင်းပါပဲ” လို့ ပြောမှာပဲ၊၊ ပုံမှန်စိတ်ထားနဲ့ ပုံမှန်ဆက်ဆံရေးကို ထားမယ်၊၊ တတ်နိုင်သလောက် အားလုံးအတွက် အဆင်ပြေဖို့ ကြိုးစားမှာပဲ၊၊
လူတွေကတော့ အမျိုးမျိုး ရှိပါတယ်၊၊ စိတ်ထား ကောင်းတဲ့လူလည်း ရှိတယ်၊၊ စိတ်ထား မကောင်းတဲ့လူလည်း ရှိတယ်၊၊ ဘုန်းကြီးက စိတ်ထား မကောင်းတဲ့ လူတွေကိုပါ စိတ်ချမ်းသာစေချင်ပါတယ်၊၊ သူတို့ တနေ့တခြား ပိုပြီးတော့ စိတ်ထားကောင်းတဲ့သူ၊ တနေ့တခြား ပိုပြီးတော့ စိတ်အေးချမ်းတဲ့သူ၊ တနေ့တခြား ပိုပြီးတော့ အသိဥာဏ်တွေ မြင့်မားလာတဲ့သူ သိပ်ဖြစ်စေချင်ပါတယ်၊၊ ဘာလို့လဲဆိုတော့ သူတို့ စိတ်ထားတွေ ကောင်းလာရင် သူတို့ အသိဥာဏ် ရှိလာရင် ကိုယ့်အတွက် တော်တော်အကျိုးရှိတယ်နော်၊၊ (ကိုယ်ကျိုးတော့ နည်းနည်း ပါသွားပြီ၊၊) ဒါကြောင့် မြန်မြန် စိတ်ထား ကောင်းပါစေလို့ မေတ္တာပို့ပါတယ်၊၊🙇🙇🙇
🚶 ➖➖ 🍄🍄 ➖➖ 🚶
♻️ ဆရာတော်ဦးဇောတိက ♻️
( မဟာမြိုင်တောရ )
၏
🌲“ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း ” 🌲
စာအုပ်မှ ကူးယူ ဖော်ပြပါသည်၊၊
စာမျက်နှာ( ၅၃ )
LIFE facebook pageမှကူးယူဖော်ပြပါသည်
ငါနဲ့ငါ့အရိပ်
🌓 ငါနဲ့ငါ့အရိပ် 🌗
စုပြီးတော့ စကားပြောနေကြတာကို ဘေးကနေကြည့်ရင်
ဒီလူတွေအားလုံးဟာ တစ်ခုခုကို ကြောက်နေကြတယ်လို့
ထင်ရတယ်။ ဘာကို ကြောက်နေကြတာလဲ။ ခေတ်အဆက်ဆက် လူဟာ အဖော်မဲ့နေတာကို ဖြေဖျောက်ဖို့ ကြိုးစားနေတာပါပဲ။ အဲဒီ အဖော်မဲ့နေတဲ့ခံစားချက်ကို ကဗျာဆရာတစ်ယောက်က ရိုးရိုးလေးနဲ့
ရင်ထဲမှာထိခိုက်သွားအောင် ရေးထားတဲ့ ကဗျာလေးတစ်ပုဒ် ရှိတယ်။
Me and my shadow,
Not a soul to tell our troubles to…
Just me and my shadow,
All alone and feeling blue.
(Billy Rose)
ငါနဲ့ ငါ့အရိပ်
တို့ရဲ့ ဒုက္ခတွေကို ပြောပြရမယ့်သူ တစ်ယောက်မှ မရှိဘူး။
ငါနဲ့ ငါ့အရိပ်ပဲ။
တကိုယ်တည်း။ မပျော်ဘူး။
ဘယ်ခေတ် ဘယ်အခါမှာဖြစ်ဖြစ် လူတွေဟာ အဖော်မဲ့နေတာကို လွတ်မြောက်သွားဖို့ တတ်နိုင်တဲ့နည်းမျိုးစုံနဲ့ ကြိုးစားကြတယ်။ အသင်းအဖွဲ့အမျိုးမျိုး ဖွဲ့စည်းတယ်၊ တစ်ခုမဟုတ်တစ်ခု စုပေါင်းပြီးတော့လုပ်တယ်၊ ပွဲလမ်းသဘင်တွေ လုပ်တယ်၊ အခမ်းအနားတွေ လုပ်တယ်၊ နှစ်ပတ်လည်ပွဲတွေ၊ မိတ်ဆုံစားပွဲတွေ
လုပ်တယ်။ တစ်ယောက်နဲ့တစ်ယောက် စုပြီးတော့ ဟိုလူ့အကြောင်း ဒီလူ့အကြောင်း ပြောမယ်၊ သတင်းစာထဲမှာပါတဲ့အကြောင်းတွေ ပြောမယ်၊ တီးမယ်၊ မှုတ်မယ်၊ ဆိုမယ်၊ ကမယ်။ ပြီးတော့ အခုခေတ်မှာ အင်မတန်အသံကျယ်တဲ့ ဆူညံတဲ့ သီချင်းတွေ ဆိုကြ၊ နားထောင်ကြတာဟာ တနည်းအားဖြင့် loneliness ကို ဖုံးတာပဲ။ lonely thoughts ဆိုတဲ့ ငါတစ်ကိုယ်တည်း ဖြစ်နေပါလားဆိုတာကို မတွေးမိအောင်နေဖို့၊ မေ့နိုင်ဖို့၊ အသံကျယ်ကျယ်သီချင်းတွေဖွင့်ပြီး နားထောင်နေကြတယ်။ T.V. တို့ ဘာတို့လည်း ကြည့်ပြီး ကိုယ့်ကိုကိုယ် မေ့ထားကြတာပဲ။ ဘယ်ခေတ်ဘယ်အခါမှာဖြစ်ဖြစ် lonliness ဆိုတာ ရှိတာပဲ၊ အရင်ခေတ်ကလည်း ရှိတာပဲ။ အခုခေတ်မှာ အဲဒီ loneliness က ပိုပြီးတော့ ကျယ်ပြန့်တယ်၊ နက်ရှိုင်းတယ်။ အဲဒီလို အဖော်မဲ့နေတာကို ဖြေဖျောက်ဖို့ စိတ်ကို လမ်းလွဲတဲ့နည်းတွေကလည်း
အခုခေတ်မှာ ပိုများတယ်။ ဟိုလည် ဒီလည်၊ ဟိုသွား ဒီသွား၊ ခရီးသွားကြတာလည်း ပါတယ်နော်။ သူများကိုယ့်ကို သဘောကျအောင် အာရုံစိုက်အောင် လက်ခံအောင်၊ ကျေနပ်အောင် လုပ်ကြကိုင်ကြတာလည်း ပိုများလာတယ်။ ကိုယ့်ကို သူများ
အာရုံစိုက်တယ်ဆိုရင် ကိုယ့်ရဲ့ အဖေါ်မဲ့နေတဲ့ခံစားမှု နဲနဲသက်သာသလို
ခံစားရတယ်။ ဒါပေမဲ့ ကိုယ့်ကို ခဏလောက် အာရုံစိုက်တဲ့သူဟာ ကိုယ့်အတွက် ရေရှည်အဖေါ်ကောင်း ဘယ်ဖြစ်နိုင်မလဲ။
အခုခေတ်မှာ တစ်ယောက်တည်း အေးအေးဆေးဆေး နေတယ်ဆိုရင်ကိုပဲ ပတ်ဝန်းကျင်က တစ်မျိုးထင်တတ်တယ်။ ပတ်ဝန်းကျင်ရဲ့လက်ခံမှုကို ရအောင်၊ ပတ်ဝန်းကျင်မှာ ဝင်ဆံ့အောင် အမျိုးမျိုး လုပ်နေရတယ်။ တွေ့ဖို့ ဆုံဖို့နည်းလမ်းတွေ ဖန်တီးနေရတယ်၊၊ ဒါကြောင့် အကျွေးအမွေးပွဲ၊ အခမ်းအနားပွဲတစ်ခုခု လုပ်တဲ့အခါမှာ
စုမိကြပြီဆိုရင် မရပ်မနား စကားပြောတတ်တယ်။ သူပြောလိုက် ငါပြောလိုက်နဲ့ မဆုံးနိုင်အောင် ပြောကြတယ်၊၊ တကယ်အရေးကြီးတဲ့အကြောင်းကို ပြောနေတာလားဆိုတော့ မဟုတ်ဘူး။ သူတို့အတွက် အရေးကြီးတာက ဘာလဲဆိုတော့
မရပ်မနား စကား ပြောနေဖို့ပဲ။ ဘာအကြောင်းပြောနေတယ်ဆိုတာ အရေးမကြီးဘူး။ အရေးမကြီးတာကိုပြောဖို့က ပိုတောင်မှ လိုအပ်သလို ဖြစ်နေတယ်။ အရေးကြီးတာတွေ မပြောနဲ့၊ အရေးမကြီးတာတွေ လျှောက်ပြောနေ။ ပြောလိုက်တဲ့အကြောင်းအရာက အရေးကြီးတာ မဟုတ်ဘူး၊ အရေးကြီးတာက စကားအဆက်မပြတ် ပြောနေဖို့ပဲ။ လူကြားထဲရောက်တဲ့အခါ ဘာမှ မပြောပဲနေတာဟာ အကြီးမားဆုံး
ပြစ်မှုတစ်ခုကို လွန်ကြူးတာနဲ့ တူနေတယ်။ Silence is lonely and frightening. တိတ်နေရင် အဖော်မဲ့သွားပြီ၊ lonely ဖြစ်သွားပြီ၊ ကြောက်ဖို့လည်း တော်တော်ကောင်းတယ်။
လူကြားထဲမှာ ကိုယ်ပြောတဲ့အကြောင်းအရာကို ခံစားချက် ပြင်းပြင်းထန်ထန်နဲ့ မပြောရဘူး။ သိပ်လေးနက်တဲ့ စကား သိပ်အဓိပ္ပာယ်ရှိတဲ့ စကားကို မပြောနဲ့။ လူကြားထဲမှာ သိပ်လေးနက်တဲ့ စကား ပြောနေပြီဆိုရင် အဲဒီလူဟာ နဲနဲကြောင်နေပြီလို့ ပြောချင်ကြတယ်။ ရီစရာ မောစရာ၊ ဗဟုသုတဖြစ်စရာ ခပ်ပေါ့ပေါ့ အကြောင်းအရာတွေကိုပဲ မနားတမ်းပြော။ အဲဒါဆိုရင် သိပ်တော်တယ်၊
သိပ်လူချစ်လူခင် များတယ်။ ကိုယ်ပြောတဲ့စကားရဲ့ အဓိပ္ပာယ်ကို နားလည်ဖို့ မကြိုးစားရဘူးဆိုရင် ကိုယ်ပြောတဲ့စကားဟာ ပိုပြီးတော့ လူကြိုက်များတယ်။ ငါပြောတဲ့စကားကို ဘယ်သူမှ လေးလေးနက်နက် မစဉ်းစားဘူး၊ ဒါပေမယ့် နားထောင်တယ်၊ ရီစရာရှိရင် ရီလိုက်တယ်။ အဲဒါဆိုရင် ကိုယ့်စကားဟာ ပိုပြီးတော့ လူကြိုက်များတယ်၊ ကိုယ့်စကားဟာ လေးနက်သွားပြီဆိုရင် တော်တော် personal ဖြစ်သွားတယ်။ တချို့လူတွေဟာ လေးနက်တာကို ကြောက်တယ်။ လေးလေးနက်နက် စကားမျိုး ပြောတဲ့သူကို ကြောက်တယ်။
💥 အဲသလို စုပြီးတော့ စကားပြောနေကြတာကို ဘေးကနေ ကြည့်ရင် ဒီလူတွေအားလုံးဟာ တစ်ခုခုကို ကြောက်နေကြတယ်လို့ ထင်ရတယ်။ ဘာကို ကြောက်နေကြတာလဲ။ loneliness ကိုပဲ။💥
🚶 ➖➖ 🍄🍄 ➖➖ 🚶
♻️ ဆရာတော်ဦးဇောတိက ♻️
🍁 ( မဟာမြိုင်တောရ ) 🍁
▫️ ▫️ ၏ ▫️ ▫️
🌲“ ဘာကို တန်ဖိုးထားရမလဲ ” 🌲
စာအုပ်မှ ကူးယူ ဖော်ပြပါသည်၊၊
LIFE facebook pageမှတစ်ဆင့်ပြန်လည်မျှဝေပါသည်
ငါဘယ်လိုလူလဲ
ငါဘယ်လိုလူ ဖြစ်လာမလဲဆိုတာ ငါနေ့စဉ် အချိန်တိုင်း အချိန်တိုင်းမှာ ဘာတွေဆုံးဖြတ်နေသလဲ ဆိုတာပေါ်မှာ မူတည်နေပါတယ်။ ကိုယ့်ရဲ့ နေ့စဉ်ဆုံးဖြတ်နေတဲ့ ဆုံးဖြတ်ချက်တွေဟာ ကိုယ့်ကို ဘယ်လိုလူ ဖြစ်လာမလဲဆိုတာကို ပုံဖေါ်နေတာပဲ၊ ဖန်တီးနေတာပဲ၊၊ ဆုံးဖြတ်ချက်တွေဟာ အုတ်ချပ်နဲ့တူတယ်။ အုတ်ချပ်ကလေးတွေကို
တစ်ချပ်ချင်းစီပြီး ဆောက်သွားတဲ့အခါမှာ အိမ်တစ်အိမ်ဖြစ်လာသလိုပဲ အဲဒီ ဆုံးဖြတ်ချက်တွေ စုပေါင်းလိုက်တဲ့အခါမှာ လူတစ်ယောက် ဖြစ်လာတယ်။
ကိုယ့်ဘဝနဲ့ပတ်သက်တာ ကိုယ့်ဟာကိုယ် မဆုံးဖြတ်နိုင်တဲ့သူမှာ ဘာလွတ်လပ်မှုမှ မရှိဘူး။ ကိုယ့်ဘဝကို ကိုယ့်လက်ထဲမှာပဲ ထားပါ။
ဆုံးဖြတ်စရာရှိရင် ကိုယ့်ဥာဏ်နဲ့ ကိုယ် ဆုံးဖြတ်ပါ။ ဒါမှ သတ္တိရှိတဲ့သူ ဆုံးဖြတ်ရဲတဲ့သူ ဖြစ်လာမယ်၊၊ ကိုယ့်ကိစ္စ ကိုယ့်ဆုံးဖြတ်မှ ကိုယ့်ဘဝကို ကိုယ် တာဝန်ယူတဲ့သူ ဖြစ်မယ်။ တိုင်ပင်ချင်ရင် သဘာဝကျကျ တွေးတတ် လုပ်တတ်တဲ့သူနဲ့ တိုင်ပင်ပါ။ ဒါပေမဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ ကိုယ့်ဆုံးဖြတ်ချက်ပဲ ဖြစ်ရမယ်။ ကိုယ့်ဆုံးဖြတ်ချက် မှားရင်လည်း ကိုယ့်ဟာကိုယ်ပဲ တာဝန်ယူပါ။ ဒါမှ တစ်နေ့တခြား ဆုံးဖြတ်ချက် ပိုမှန်လာလိမ့်မယ်၊၊ ကိုယ့်ဆုံးဖြတ်ချက်၊ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ့်ဘဝကို နေနိုင်မှ စိတ်ဓာတ် ရင့်ကျက်မှု ဖြစ်မယ်။ တစ်နေ့တခြား ဥာဏ်ပညာ ပိုပြီး လေးနက် ရင့်ကျက်လာမယ်။ ပိုပြီး
လွတ်လပ်လာမယ်။ ကိုယ့်ဘဝနဲ့ ပတ်သက်တာကို သူများကို ဆုံးဖြတ်ခိုင်းတာဟာ ကိုယ့်ဘဝကို ကိုယ် တာဝန်မယူတာပဲ။ ကိုယ့်ဘဝကို ကိုယ် တာဝန်မယူတဲ့သူဟာ လွတ်လပ်တဲ့သူ မဖြစ်နိုင်ဘူး။
တကယ်လွတ်လပ်တဲ့ လူသားတစ်ယောက်၊ တကယ်လူပီသတဲ့ လူသားတစ်ယောက်၊ တကယ်လူဖြစ်ကျိုးနပ်တဲ့ လူသားတစ်ယောက်၊ ကိုယ့်ဘဝကို ကိုယ် တကယ်ကျေကျေနပ်နပ်နေတဲ့ လူသားတစ်ယောက် ဖြစ်လာဖို့၊ တကယ်မြင့်မြတ်တဲ့ လူသားတစ်ယောက် ဖြစ်လာဖို့ဆိုရင် အချိန်တိုင်းအချိန်တိုင်းမှာ ချနေတဲ့ ဆုံးဖြတ်ချက်တွေကို ကြည့်ပြီးတော့ ကိုယ် ဦးတည်ထားတဲ့ဦးတည်ချက်ကို အထောက်အကူပေးမယ့် ဆုံးဖြတ်ချက်မျိုးကို ချရမယ်။
တခြားလူတွေ ဘယ်လိုပဲနေနေ ငါ့အတွက်ကတော့ ငါ့ရဲ့ စိတ်ဓာတ် ဖွံ့ဖြိုးဖို့၊ မြင့်မြတ်တဲ့စိတ်ထားနဲ့အသိဥာဏ် ဖွံ့ဖြိုးဖို့အရေးကို ငါဟာ အချိန်တိုင်း အချိန်တိုင်း လုပ်နေတဲ့သူလို့ ကိုယ့်ကိုယ်ကို သဘောထားတဲ့လူဆိုရင် အချိန်တိုင်း အချိန်တိုင်းမှာ ဆုံးဖြတ်တိုင်း ဆုံးဖြတ်တိုင်း အဲဒီဆုံးဖြတ်ချက်ဟာ စိတ်ဓာတ်နဲ့အသိဥာဏ် လေးနက်ဖို့ မြင့်မြတ်ဖို့ ဖွံ့ဖြိုးဖို့ကို အထောက်အကူပေးတဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ရမယ်။ အဲဒါဟာ exercise of freedom ပဲ။ ဒါ ကိုယ့်ရဲ့လွတ်လပ်မှုကို ကိုယ် လက်တွေ့ ကျင့်သုံးလိုက်တာပဲ။ လွတ်လပ်မှုကို ကျင့်သုံးနေမှ
လွတ်လပ်မှုရှိတယ်လို့ ဆိုနိုင်တယ်။
လွတ်လပ်မှုဆိုတာ ကိုယ့်ဘဝကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ အကောင်းဆုံးဖြစ်အောင်နေဖို့ ကိုယ်ယူရမယ့် တာဝန်ကို ခေါ်တာ။
လွတ်လပ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုကိုယ် အုပ်ချုပ်နိုင်တာကို ပြောတာ၊
ကိုယ့်ကိုယ်ကိုကိုယ် အုပ်ချုပ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုကိုယ် စည်းကမ်းရှိအောင် ထိန်းသိမ်းနိုင်တာပြောတာ။ ကိုယ့်ကိုယ်ကိုကိုယ်
လေးစားတာကို ပြောတာ။ လွတ်လပ်မှုဆိုတာ ကိုယ်လုပ်ချင်တာကို လုပ်ရတာလောက်နဲ့ မပြည့်စုံသေးဘူး၊ မလုံလောက်သေးဘူး။ ရွေးစရာတွေအများကြီးပေးထားတဲ့အထဲက ကိုယ်ကြိုက်တာကိုရွေးယူခွင့် ရှိတာလောက်နဲ့လည်း မပြည့်စုံသေးဘူး၊ မလုံလောက်သေးဘူး။ အဓိကကျတဲ့ အရေးပါတဲ့ အခြေခံကျတဲ့ လွတ်လပ်မှုဟာ ရွေးစရာတွေ အများကြီးကို အရင်ဆုံး ဖန်တီးဖို့၊ ရွေးစရာတွေကိုပဲ ကိုယ်က ဖန်တီးဖို့၊ ပြီးတော့ အဲဒီရွေးစရာတွေနဲ့ပတ်သက်ပြီး အများနဲ့ ဆွေးနွေးညှိနှိုင်းဖို့၊ ပြီးမှ ရွေးဖို့ ဖြစ်ပါတယ်၊၊ ရွေးစရာတွေကို သူများက သတ်မှတ်ပေးပြီးမှ၊ အဲဒီ သတ်မှတ်ပေးပြီးသားတွေထဲက ကိုယ်က ရွေးချယ်မယ်ဆိုရင် အဲဒါ လွတ်လပ်မှုအစစ် မဟုတ်သေးဘူး။ ဘယ်ဟာတွေထဲကရွေးရမယ် ဆိုတာကို မသတ်မှတ်ခင်ကတည်းက အဲဒါတွေကို သတ်မှတ်ရာမှာ ကိုယ်က သတ်မှတ်ခွင့်ရှိမှ လွတ်လပ်တယ်။🌿🌿🌿
➖➖➖🍄🍄➖➖➖
ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ )
၏
“ တွေးမိတိုင်း ပျော်တယ် ”
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊
LIFE facebook page မှတစ်ဆင့်ပြန်လည်မျှဝေသည်
သင့်စိတ်ကိုပြင်သင့်ပြီ
မိတ်ဆွေစာဖတ်ရင်မလောပါနဲ့
မိတ်ဆွေဖတ်လိုက်လို့လောလောလောလောဖတ်ရင်စာမှားသွားမယ် စာတစ်လုံးမှားဖတ်ရင် အဓိပ္ပါယ် တစ်ခုမှားသွားမယ်
အဓိပ္ပါယ် မှားမှတော့ ဆိုလိုရင်းလွဲပြီပေါ့ သင့်ကြောင့်မီးမလောင်ပါစေနှင့် လူတစ်ဖက်သားကိုအထင်မလွဲပါနှင့်
ကိုယ့်ကိုယ်ကို ဆန်းစစ်ပါ ငါမှန်လားမှားလား မှားရင်အမှားကိုဝန်ခံပါ မိတ်ဆွေကောင်းပီသပါ မိတ်ဆွေများစိတ်အနှောက်ယှက်ဖြစ်မဲ့အပြုမူမျိုးမလုပ်ပါနှင့် မိတ်ဆွေသူငယ်ချင်းများကို ၄÷ပါ
မလိမ်မညာပါနှင့် မကွယ်ဝှက်ပါနှင့် ရိုးသားပါ (ကျွန်ုပ်လိုနေပါငိငိ)
အမှားကိုအမှားလို့ဝန်ခံရဲ့တာ သတ္တိတစ်မျိုးပါ ရိုးသားခြင်းတစ်မျိုးပါ မာန်မာန မတက်ပါနှင့် ငါသိတယ်ငါတတ်တယ်ဆိုပြီး သူတပါးကိုနှိမ့်ချတာ ကဲ့ရဲ့တာ မျိုးမလုပ်ပါနှင့် သင်ဘယ်လောက်တတ်တတ် ဘယ်လောက်ကျွမ်းကျွမ်း တစ်နေရာမှာသင့်တတ်တော်တဲ့သူရှိနေတယ်ဆိုတာမမေ့ပါနှင့် မိတ်ဆွေသင့်စိတ်ကိုပြင်လိုက်ပါတော့
#ကြို့ပင်ကောက် သားလေးဖိုးချမ်း
ငါ့တာဝန်ဟာ ငါ့အခွင့်ထူး
🍀ကိုယ့်ကိုယ်ကို တကယ်လွတ်လပ်သလား၊ မလွတ်လပ်ဘူးလားဆိုတာ စမ်းစစ်ချင်လို့ရှိရင် ကိုယ့်စည်းကမ်းကိုကိုယ် လွတ်လွတ်လပ်လပ်
ရွေးချယ်ထားသလား၊ မရွေးချယ်ထားဘူးလားဆိုတာ စမ်းစစ်ကြည့်ဖို့လိုတယ်။🍀
🌹🌹🌹
လွတ်လပ်မှုနဲ့တာဝန်သိမှုဟာ တွဲနေတယ်ဆိုတာ ဥာဏ်ရှိတဲ့လူတိုင်း သိနိုင်ပါတယ်။ အကယ်၍ လူတစ်ယောက်ဟာ မလွတ်လပ်ဘူးဆိုရင် အဲဒီလူဟာ စက်ရုပ်ပဲ။ စက်ရုပ်တစ်ရုပ်အတွက်ကတော့ တာဝန်ဆိုတာ မရှိဘူး၊ ခိုင်းတာ လုပ်လိုက်ရုံပဲ။ အကယ်၍ လူတစ်ယောက်က သူ့ကိုယ်သူ တာဝန်မယူနိုင်ဘူးဆိုရင် သူ့ကို လွတ်လပ်မှုကို စိတ်ချလက်ချပေးထားလို့ မရဘူး။ ဒါပေမယ့် ကိုယ့်ဘဝကိုကိုယ် ရွေးချယ်ယူလိုက်ပြီဆိုရင် သူ့ရဲ့လွတ်လပ်မှုနဲ့ တာဝန်သိမှုဆိုတဲ့ စုံတွဲဟာ သဘောကျစရာကောင်းတဲ့ အတွေးအခေါ်တင် မကတော့ဘူး။ အဲဒီ လွတ်လပ်မှုနဲ့ တာဝန်သိမှုဟာ သူ့သွေးကြောထဲမှာ သွေးခုန်နေသလိုပဲ သူ့ဘဝ သူ့အသက် ဖြစ်လာတယ်။ လွတ်လပ်မှုကလည်း သူ့အသက်၊ တာဝန်သိမှုကလည်း သူ့အသက် ဖြစ်လာတယ်။ ကိုယ့်ဘဝကိုကိုယ် ရွေးချယ်လိုက်တာနဲ့ တစ်ချိန်ထဲမှာပဲ ကိုယ့်ရဲ့ personal freedom နဲ့ responsibility ကိုလည်းပဲ ရွေးချယ်လိုက်ပြီးသား ဖြစ်သွားပြီဆိုတာကို ကောင်းကောင်း နားလည်တယ်။ တာဝန်ကို မကြောက်တဲ့သူဖြစ်သွားပြီ။ လွတ်လပ်မှုကို မြတ်နိုးတဲ့သူ ဖြစ်သွားပြီ။
🌹🌹🌹
My responsibility is my privilege. ငါ့တာဝန်ဟာ ငါ့အခွင့်အထူးပဲ၊၊
တာဝန်ယူရတာကိုပဲ ဝမ်းသာစရာကောင်းတဲ့ကိစ္စတစ်ခုလို သဘောထားတယ်။ တာဝန်ယူတယ်ဆိုတာ ကိုယ်လုပ်ပေးနိုင်သမျှ လုပ်ပေးဖို့ ဖြစ်တယ်။ ကိုယ်ကျိုးအတွက် မဟုတ်ဘူး။ လုပ်ပေးနိုင်သမျှ လုပ်ပေးရတာကိုပဲ အခွင့်အရေးတစ်ခုလို့ ခံယူတယ်။ နားလည်ဖို့ နည်းနည်းခက်မယ်လို့ ထင်တယ်။ ဒါပေမယ့် သေသေချာချာ စဉ်းစားပါ၊
ဒီအချက်ကို သဘောပေါက်ပြီဆိုတာနဲ့ အင်မတန်အဓိပ္ပာယ်ရှိတဲ့ လမ်းကြောင်းပေါ်ကို ရောက်သွားပြီ။ အဲသလို ကိုယ့်ဘဝကိုယ် ရွေးချယ်လိုက်ပြီးတော့၊ ကိုယ့်ရဲ့တာဝန်သိမှုကိုပါ ကိုယ့်ဟာကိုယ် ရွေးချယ်လိုက်တဲ့လူဟာ သူ့အတွက် စည်းကမ်းတို့ နည်းလမ်းတို့
ဥပဒေတို့ဆိုတာ ပြင်ပကနေ သူ့ကိုချုပ်ကိုင်ထားတဲ့အရာတွေ မဟုတ်တော့ဘူး။ သူ့အတွက် discipline က self- discipline ဖြစ်လာပြီ။ ကိုယ့်ကိုယ်ကို စည်းကမ်းရှိရှိ ထားတော့တာ၊ ကိုယ့်စည်းကမ်းကိုကိုယ် သေသေချာချာလုပ်ပြီးတော့ ကိုယ့်စည်းကမ်းအတိုင်း ကိုယ့်ဘဝကိုကိုယ် နေတာပဲ။ သိတဲ့လူတချို့ရှိတယ်၊ အင်မတန် စည်းကမ်းရှိရှိ နေကြတယ်၊ သူတို့အတွက် သူတို့လုပ်ထားတဲ့စည်းကမ်းဟာ သာမန်လူတွေရဲ့ စည်းကမ်းထက် အများကြီး အဆင့်မြင့်ပြီးတော့ အများကြီး တင်းကျပ်တယ်။
တချို့လူတွေက ဘယ်လိုပြောသလဲဆိုတော့ “မင်းက မင်းကိုယ်မင်း ရက်စက်လွန်းပါတယ်”လို့ ပြောတယ်။ “ဒါလောက်ကြီး ကိုယ့်ကိုယ်ကို ချုပ်ချယ်နေရသလား”လို့ ပြောရလောက်တယ်။ အမှန်တော့ ချုပ်ချယ်နေတာမဟုတ်ဘူး။ သူ့ဘဝ အကောင်းဆုံး ဖြစ်လာဖို့ဆိုတာ discipline ရှိကိုရှိမှ ဖြစ်တယ်ဆိုတာ သူ ကောင်းကောင်း
သိတယ်။ အဲဒါ self-discipline ပဲ။ စားတာလည်း အကန့်အသတ်နဲ့၊ မဖြုန်းဘူး။ နေတာထိုင်တာ အကန့်အသတ်နဲ့နေတယ်၊ စာဖတ်တာလည်း အကန့်အသတ်နဲ့ဖတ်မှာပဲ။ တစ်ခုခုကို နားထောင်တယ်ဆိုရင်လဲ
အကန့်အသတ်နဲ့နားထောင်မှာပဲ။ သွားရင်လည်း ငါ တကယ်သွားဖို့ လိုရဲ့လား၊ စဉ်းစားပြီးမှ သွားသင့်မှပဲ သွားမယ်၊ စည်းမဲ့ကမ်းမဲ့ စိတ်ထင်တိုင်း ထလုပ်တယ်ဆိုတာ မရှိဘူး။ သူဟာ စည်ကမ်းကို လက်ခံတယ်။ လက်ခံရမယ်လို့ တစ်ယောက်ယောက်က အတင်းအကျပ်ခိုင်းလို့ မဟုတ်ဘူး။
သူ့ဘဝကိုသူ ဘယ်လိုလုပ်ချင်သလဲ ဘယ်လိုဖြစ်ချင်သလဲဆိုတာကို သူ့ဟာသူ ရွေးချယ်ထားပြီးဖြစ်တယ်။ အဲသလို ရွေးချယ်ထားတာဟာ လွတ်လွတ်လပ်လပ် ရွေးချယ်ထားတာ ဖြစ်တယ်။ “ငါ ဒီလို စည်းကမ်းနဲ့နေချင်တယ်။ ဒီလို စည်းကမ်းနဲ့နေမှသာ ငါ့ဘဝမှာ ငါ ဖြစ်ချင်တာတွေ ဖြစ်လာမယ်” ဆိုတာ သိပြီးတော့ လွတ်လွတ်လပ်လပ်ကြီး အဲဒီစည်းကမ်းကို ရွေးချယ်ထားတာ၊၊ ဒါကြောင့် ကိုယ့်ကိုယ်ကို တကယ်လွတ်လပ်သလား၊ မလွတ်လပ်ဘူးလားဆိုတာ
စမ်းစစ်ချင်လို့ရှိရင် ကိုယ့်စည်းကမ်းကိုကိုယ် လွတ်လွတ်လပ်လပ်
ရွေးချယ်ထားသလား၊ မရွေးချယ်ထားဘူးလားဆိုတာ စမ်းစစ်ကြည့်ဖို့ လိုတယ်။ ကိုယ့်ဘဝမှာ အကောင်းဆုံးအရာတွေ ဖြစ်လာဖို့ကို ဘယ်လိုစည်းကမ်းနဲ့ နေရမလဲ၊ ဘယ်လိုလုံ့လဝီရိယနဲ့ နေရမလဲ၊ ဘယ်လိုကြိုးစားရမလဲဆိုတာကို ကိုယ့်ဟာကိုယ်သိပြီးတော့ လွတ်လွတ်လပ်လပ် ရွေးချယ်ပြီး လုပ်နေတဲ့လူ ဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာကို ကြည့်ရတယ်။ ငါဟာ သာမန်လူတွေရဲ့ စည်းကမ်းထက် အများကြီးအဆင့်မြင့်တဲ့၊ ငါကိုယ်တိုင်လုပ်ထားတဲ့ စည်းကမ်း၊ ငါ ကျေကျေနပ်နပ်ရွေးချယ်ထားတဲ့ စည်းကမ်းနဲ့ ငါ့ဘဝကိုငါ နေနေတာ။ ဒါကြောင့် ငါ့ကို သူများအုပ်ချုပ်နေဖို့ မလိုဘူး။ ငါဟာ လွတ်လပ်တဲ့လူ ဖြစ်တယ်။✌✌✌
🏃💃🚶 ➖ 🔹🍄🍄🔹 ➖ 🚶💃🏃
♻ ဆရာတော်ဦးဇောတိက ♻
🍁 ( မဟာမြိုင်တောရ ) 🍁
▫ ▫ ၏ ▫ ▫
🌲“ ဘာကို တန်ဖိုးထားရမလဲ ” 🌲
စာအုပ်မှ ကူးယူ ဖော်ပြပါသည်၊၊
{Credit to ကိုစိုးပိုင်}
အွန်လိုင်းပေါ်မှနာမည်ကြီးစာတိုများ
အွန်လိုင်းပေါ်က နာမည်ကြီး စာတိုပေစများ
(၁)မျှော်လင့်ချက်သာရှိပါစေ ဘ၀ဆိုတာရှင်သန်လို့အကောင်းဆုံးအရာတွေပါပဲ ။
(၂)သူပြုံးမှကိုယ်ပြုံးမဲ့အစား ကိုယ်ကစပြီးပြုံးလိုက်ပါ ။
(၃)လွယ်တယ်ဆိုပြီးမပေါ့ပါနဲ့ ဘ၀ရဲ့သီအိုရီမှာအသေးအဖွဲဆိုတာ မရှိပါဘူး။
(၄)ယုံကြည်မှုရှိမှအရာရာတိုင်းကို ရင်ဆိုင်ရဲတဲ့စွမ်းအားနဲ့သတ္တိရှိမှာပါ ။
(၅)မစဉ်းစားပဲလုပ်လိုက်တာမှန်သွားရင်တောင် အကြိမ်တစ်ရာမှာတစ်ခါလောက်ပဲဖြစ်မှာပါ ။
(၆)ဖန်ခွက်ထဲမှာ ရေတစ်စက်ရှိတာဟာ လုံးဝမရှိတာထက်စာရင်တော်ပါသေးတယ် ။
(၇)ကံတရားပါကွာလို့ ပြောနေသရွေ့ ဥာဏ်သမားဖြစ်လာမှာမဟုတ်ဘူး ။
(၈)စေတနာသည် ကံတရား၏အရင်းအမြစ် ဖြစ်သည်။
(၉)သံသယပျောက်စေဖို့ အကောင်းဆုံးနည်လမ်ကတော့ လုံးဝယုံကြည်ဖို့ပဲ ။
(၁၀)ကိုယ်တိုင်ခံစားဖူးမှ ကိုယ်ချင်းစာမယ်ဆိုရင်တော့မင်းဟာလူမိုက်ပဲ ။
(၁၁)ကံကြမ္မာဆိုတာလူတစ်ယောက်ရဲ့ စိတ်ဓာတ်ကိုတောင်ပြောင်းလဲပစ်နိုင်တယ် ။
(၁၂)လိုအပ်တဲ့အခြေနေတွေအားလုံးပြည့်စုံမှ အလုပ်လုပ်မယ်ဆိုပြီးထိုင်စောင့်နေတဲ့သူဟာအလကားအချိန်ဖြုန်းနေတာပါပဲ။
(၁၃)လူတိုင်းဟာအမှားနဲ့မကင်းပေမဲ့ ခဏခဏတော့မမှားသင့်ဘူးလေ ။
(၁၄)ဘ၀ဆိုတာပညာရေးဖြစ်ပြီး လူအဖွဲ့အစည်းကတော့ကျောင်းပါပဲ ။
(၁၅)ဒုက္ခအနီးတွင် သုခရှိ၏ ။
(၁၆)ဘ၀မြင့်သွားပေမဲ့ ဘ၀င်မမြင့်ပါစေနဲ့ ။
(၁၇)ရိုးသာမှုကိုထိခိုက်လာရင် မာနဆိုတဲ့လက်နက်ကိုထုတ်သုံးရလိမ့်မယ် ။
(၁၈)ဘ၀ဆိုတာ အစမ်းသဘောအဖြစ် နေထိုင်ခွင့်မရှိတဲ့ အရာပါ ။
(၁၉)ပျက်စီးခြင်းတွေထဲမှာဆုံးရှုံးမှုအများဆုံးကတော့ စိတ်ဓာတ်ပျက်စီးခြင်းပါပဲ ။
(၂၀)အချစ်တွက်နဲ့အသက်ပင်သေသေဆိုပြီးဂုဏ်ယူမနေကြပါနဲ့ အဲဒါမိုက်ရူးရဲဆန်တာပါပဲ ။
(၂၁)နားလည်မှုရှိနေသရွေ့ မေတ္တာတရားဆိုတာမွေးဖွားနေဦးမှာပဲ ။
(၂၂)ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ အပြုံးဟာအခြေခံအကျဆုံးအရာပါပဲ ။
(၂၃)ဒေါသရဲ့နောက်ကွယ်မှာ အမှားဆိုတာအမြဲဒွန်တွဲနေလျှက်ပါ ။
Credit to Original uploader
မိဘကျေးဇူးဆပ်ထူးစေချင်
မိဘကျေးဇူး မြင့်မိုရ်ဦး ဆပ်ဖူးကြ စေချင်။
"အမေ သား မနက်ဖြန် ဘွဲ့ ယူရမှာနော်."
"အမေ သိပါတယ်သားရယ်... အဲ့ဒါကြောင့် လမ်းထိပ်က ဒေါ်ကျော့ ဆီမှာတောင် အမေ အိကျီ င်္အပ်ထားပါသေးတယ်...အမေ့ မှာ အိကျီ င်္ အသစ်မရှိတော့ဘူးလေ..."
"ဟင်..အမေ ကလိုက်မလို့ လား... အိမ်မှာ အဖ့ကိုစောင့်ဖို့လူမရှိဘဲဖြစ်မှာပေါ့.... "
" သားအဖေက သက်သာနေပါပြီသားရယ်... ၀ှီးချဲ လေးနဲ့ ခေါ်သွားရင်ရပါတယ်...."
သား ဖြစ်သူစိတ် ညစ်သွားတယ်.။
ဒီလိပွဲမျိုးကိုသူ့ မိဘတွေကို မခေါ်ချင်လို့ တော့မဟုတ်ပါဘူး...။
ဈေးထဲမှာ ကြက်သားရောင်းပြီး စကားပြောရင် အော်ကျယ်အော်ကျယ် ပြောတတ်တဲ့  အမေ နဲ့  လေဖြတ်ပြီးလို့ နလန် ထူခါစ အဖေကို သူဒီလိုပွဲမျိုးကို ပွဲမထုတ်ချင်.။
.သူငယ်ချင်းတွေ ကြားထဲမှာလည်း မိတ်ဆက်ပေးဖို့ ခက်တယ်။
.ဒါနဲ့ ဘဲ...မျက်နှာပျက်ပျက်နဲ့ သူ့ အမေ ကိုပြောလိုက်တယ်..
"မလိုက်ပါနဲ့ အမေရာ...ခန်းမထဲကို ၀ှီးချဲ လည်းဝင်လို့ ရတာမဟုတ်ဘူး..အမေတို့ လိုက်လာလို့ လည်း ဘာမှထူးခြားသွားမှာမှမဟုတ်တာ...သားတစ်ယောက်ထဲသွားမယ်..."
မိခင် ဖြစ်သူမှာ သားရဲ့ တဇွတ်ထိုးဆန်တဲ့ စိတ်ကိုသိလို့  နာကျင်မိတဲ့ စိတ်ထဲက ဒဏ်ရာကို မျက်နှာပေါ်က အပြုံးနဲ့ ဖုံးပြီး..
"အေးပါကွယ်...သားလေးသဘောပါ...သားလေး ဘွဲ့ ရရင်ဘဲအမေတို့ ကျေနပ်ပါတယ်...အမေ အိမ်မှာဘဲ သားအဖေကို စောင့်နေလိုက်ပါ့မယ်..."
သား ဖြစ်သူလည်း ကျေနပ်ပြီး အိပ်ရာ စောစောဝင် ခဲ့တယ်....မိခင် ဖြစ်သူမှာတော့ အိပ်ရာပေါ်မှာ အိပ်ပျော်နေတဲ့  ယောက်ျားကိုကြည့်ပြီး
မချိပြုံးလေးပြုံးခဲ့ရတယ်.။
.မနက်မိုးလင်းတော့ သားလေး စားဖို့ မိခင် ဖြစ်သူက မနက်စာကို အရင်ကထက်ပို ဂရုစိုက်ပြင်ပေးထားတယ်..။
ဘွဲ့ သွားယူမှာဆိုတော့ ဗိုက်နာမယ့်
အစားအစာတွေ မဖြစ်အောင်ဂရုစိုက်လို့ ပေါ့....
"သားရေ...မနက်စာအဆင်သင့်ဖြစ်ပြီနော်..."
"မစားတော့ဘူးအမေ သားသူငယ်ချင်းတွေနဲ့ ကျောင်းနားက စားသောက်ဆိုင်မှာ ချိန်းထားတယ်...အဲ့ မှာဘဲစားတော့မယ်... "
"အော်.. အင်းပါ သားရယ်.. သားလေး ဓာတ်ပုံတွေ ရိုက်ခဲ့နော်..မေမေတို့ ပြန်ကြည့်ချင်လို့ ..."
"ဟုတ်ကဲ့  ပါဗျာ.. သွားပြီနော်..."
ဒီလိုနဲ့ သားဖြစ်သူက သူငယ်ချင်းတွေနဲ့ ချိန်ထားတဲ့ စားသောက်ဆိုင်ရောက်တော့ လူတောင်တော်တော်စုံနေပြီ .။
.နာရီကိုကြည့်တော့လည်း ဘွဲ့ ယူဖို့ အချိန်ကတစ်နာရီလောက်လိုသေးတယ်ဆိုတော့ မနက်စာစားဖို့ မှာလိုက်တယ်.။
သူငယ်ချင်းဖြစ်သူတွေကိုကြည့်တော့ တစ်ယောက်ထဲလာတဲ့ သူနဲ့ မိဘ ခေါ်လာတဲ့သူနဲ့ ပေါ့.။
အဲ့ အချိန်မှာ သူ့ ရဲ့ သူငယ်ချင်းတစ်ယောက်က
သူ့ အမေနဲ့ မိတ်ဆက်ပေးတယ်..
" ဟေ့ကောင်..ဒါငါ့အမေလေ ငါဘွဲ့ ယူတာ လိုက်လာခဲ့ ပေးတာ...အမေ ဒါက သားသူငယ်ချင်းပါ..."
မိတ်ဆက်ပေးတဲ့ သူငယ်ချင်းအမေကို လက်ဆွဲနှုတ်ဆက်တော့ အဒေါ်ကလည်း ပြန်လက်ဆွဲနှုတ်ဆက်တယ်.။
ဒါပေမယ့်ညာဘက်လက်နဲ့ တော့မဟုတ်ဘူး ဘယ်ဘက်လက်နဲ့ ဆိုတော့ကောင်လေး မှာ ထူးဆန်းပြီး ညာဘက်လက်ကို ကြည့်လိုက်မိတယ်...
"ဟင်... အဒေါ့်လက်မှာ ပတ်တီး နဲ့ ပါလား ဘယ်လိုဖြစ်တာလည်း..."
ဒါနဲ့ ကောင်လေး သူငယ်ချင်းက ၀င်ဖြေတယ်။..
"ဒီလိုကွ...ငါ့အမေ က ဈေးထဲမှာ ငါးရောင်းတာ...အဲ့ ဒါမနေ့ က၀ယ်တဲ့ သူကိုငါးကိုင်ပေးတာလေ လက်ကို ဓားထိသွားတာ....အဲ့ ဒီ့ဒဏ်ရာနဲ့ ညက အဖျားတွေ တက်လို့ ကွာ..ငါ့မှာစိတ်ပူလိုက်တာ..ဒီမနက်မှ ပြန်ကောင်းလာတာ....
ဒါတောင် မလိုက်ဘူးလုပ်နေတာ...ငါကအတင်းခေါ်လာလိုက်တာလေ...ငါ့ကိုခုလို ဘွဲ့ ခန်းမထဲရောက်အောင်ငါ့အမေ ကဈေးထဲမှာငါးေ၇ာင်းပြီး ကျောင်းထားခဲ့ တာကွ....
ဒါနဲ့ မင်းအမေနဲ့ အဖေ ရောမတွေ့ ပါလား..."
ကောင်လေး မှာ သူ့သူငယ်ချင်းရဲ့ 
စကားတွေကို ကြားပြီး နောင်တတွေ များစွာနဲ့ ...
"အော်...အင်း နောက်...နောက်မှာ လိုက်လာတယ်ကွ.... ငါ့ကိုခဏ ခွင့်ပြူပါဥိးကွာ ... မင်းတို့ ဘွဲ့ ခန်းမကဘဲစောင့်နော်..."
စကားလည်းဆုံး ကားလမ်းမကို ထွက်ပြီး Taxi တစ်စီးငှားပြီး အိမ်ပြန်ခဲ့ တယ်.။
.အိမ်ပေါ်ရောက်တော့ တံခါးကြီးဖွင့်ထားတာတွေ့ တော့ အမေ နဲ့ အဖေ ခန်းကို ၀င်ဖို့ လုပ်တုန်း အခန်းထဲကအသံကြားမိတယ်.။
"ဖေကြီး ရေ သားကတော့ ဘွဲ့ သွားယူပြီတော့.... ကျွန်မ ကတော့ ဘွဲ့ ခန်းမကိုမလိုက်ရလည်း သားနဲ့ အတူတူရှိနေသလို အိကျီ င်္အသစ်တွေဝတ်ထားတယ်...ရှင့်ကိုလည်း တိုက်ပုံ အသစ်ဝတ်ပေးထားတာတွေ့ လား..."
"တွေ့ ပါတယ် မေကြီးရာ......သားလေးပြန်မလာခင်တော့ ငါတို့ တွေ အိကျီ င်္လဲရမယ်နော်...တော်ကြာ အဖေနဲ့ အမေ က အဖြစ်သည်းတယ်လို့ ပြောနေပါဥိးမယ်ကွာ..ဟားဟားး"
"ဟုတ်ပတော့....သားလေးက ရှင့်ကို စိတ်ပူပြီး ကျူပ်ကို မခေါ်တာတော့...သူ့ အဖေ တစ်ယောက်ထဲ ဖြစ်နေမယ်တဲ့ ...အဲ့ တော့မှ ကျုပ်လည်း ရှင့်ကိုသတိရပြီး နေခဲ့လိုက်တာ....သားလေးသာသတိမပေးရင်ရှင်တစ်ယောက်ထဲကျန်ခဲ့ မှာသိလား...သားလေကို ရှင်ကျေးဇူးတင်...."
"အေးပါကွာ....အေးပါ...... အင်း ငါတို့ သားလေး ဘွဲ့ ရပညာတတ်ဖြစ်ပြီနော်..."
ထိုစကားတွေ ဟာ ကောင်လေးရင်ကို သံချွန်နဲ့ ထိုးလိုက်သလိုဘဲ...မခေါ်ချင်လို့ ထားခဲ့တဲ့  မိဘ နှစ်ပါးက အပြစ်မမြင်တဲ့ အပြင်အမေ ကငါ့အပြစ်ကို မသိသလိုပါလား..။
ဒါနဲ့ အခန်းထဲဝင်ပြီး...
"အဖေ နဲ့ အမေ "
"ဟင် ..သား ဘွဲ့ ယူပြီးပြီလား မြန်လိုက်တာ..."
မိဘ နှစ်ပါးမှာ အ၀တ်အစားအသစ်တွေနဲ့ မို့ လို့ မနေတတ်မထိုင်တတ်။
.သားလေး မေးလာရင်ဘယ်လို ဖြေရပါ့လဲ လို့ တွေးနေချိန်...
"အဖေနဲ့ အမေ ကို လာခေါ်တာပါ.... ဘွဲ့ ခန်းမ မှာအဖေနဲ့ အမေတို့ အတွက် နေရာရှိသလို....သားရင်ထဲမှာလည်းအမြဲနေရာရှိပါတယ်...သားကို ခွင့်လွှတ်ပါနော်...."
မိဘ နှစ်ပါးရှေ့ မှာ ထိခြင်းငါးပါးနဲ့ ရှိခိုးမိတယ်.။
မိဘ နှစ်ပါးကတော့ ၀မ်းသာနဲ့ မျက်ရည်စတွေနဲ့ ဆုတွေပေးလို့ ..............။
(မိဘ ဆိုတာ ကမ္ဘာပေါ်မှာ အောက်တန်းအကျဆုံး အလုပ်လုပ်နေရင်တောင်အဲ့ ဒါဟာ သူတို့ အတွက်မဟုတ်ပါဘူး...သူတို့ သားသမီးတွေ အတွက်ပါ...သူတို့ သားသမီးတွေအတွက်ဘဲ မလုပ်ချင်တဲ့ အလုပ်တွေလုပ်နေရတာပါ..တစ်ကယ်တော့ လောကမှာ အစားထိုး လို့ မရတဲ့ အရာတွေထဲမှာမိဘဟာ နံပါတ်တစ်ပါ.")
----------------------------------------
Reference ►အ လွမ်း ညည်း သူ

ပရဟိတစိတ်ဓာတ်
သူ့နေရာမှာ ငါသာဆိုရင် ... ဆိုတဲ့
ကိုယ်ချင်းစာအတွေးလေး
တွေးပေးနိုင်မယ်ဆိုရင်
သူ့လိုအပ်ချက် ဖြည့်ပေးချင်တဲ့
ပရဟိတစိတ်ဓာတ်
အားကောင်းလာပါလိမ့်မယ်။
သူတို့ လိုရာ ပြည့်ကြပါစေ ... ဆိုတဲ့
မေတ္တာစိတ် သန့် သန့် လေးနဲ့ 
သူတို့ လိုချင်ရာ
သူတို့ လိုအပ်ရာကို
ကိုယ်ကျိုး လုံးဝ မမျှော်ဘဲ
ကိုယ်နိုင်တဲ့ဝန်လေးနဲ့ 
ဖြည့်ဆည်းပေးသွားမယ်ဆိုရင်
နှောင်ကြိုးမဲ့ပရဟိတ ဖြစ်နေလို့ 
စိတ်နှလုံးလည်း အေးချမ်း
နိဗ္ဗာန်လမ်းလည်း ဖြောင့်တန်းပါတယ်။
{အရှင်ဆန္ဒာဓိက( ရွှေပါရမီတောရ )}
သင့်မှာရှိတဲ့အရည်အသွေးကောင်းအောင်ပြုစုပိုးထောင်ပါ
လူတွေနဲ့ဆက်ဆံတဲ့အခါမှာ ကိုယ့်ရဲ့အရည်အချင်းတွေနဲ့
ကိုယ့်ရဲ့ဘ၀ဦးတည်ချက်ကို အခြေခံပြီးတော့ဆက်ဆံမှ
လေးနက်တဲ့ဆက်ဆံရေး ဖြစ်မယ်။ လူတွေဟာ သူများက ကိုယ့်
အကြောင်းကို ဘာပြောနေကြသလဲ၊ သူများက ကိုယ့်ကို
ဘယ်လိုထင်ကြသလဲဆိုတာကို မှီပြီးတော့ ကိုယ့်ကိုယ်ကို ဘယ်လို
လူဆိုတဲ့ စိတ်မျိုးဖြစ်တယ်။
အခုခေတ်လူတွေဟာ ပတ်ဝန်းကျင်ပေါ်မှာ၊ တခြားလူတွေပေါ်မှာ မှီခိုမှု အင်မတန် ကြီးမားလာတဲ့အတွက် ပတ်ဝန်းကျင်ကလူတွေကမှ သူ့ကို တစ်နည်းနည်းနဲ့ အသိအမှတ်မပြုလို့ရှိရင် သူ ပျောက်သွားတော့မတတ် စိတ်ထဲမှာ ခံစားရတယ်။
ဒါကြောင့် social acceptance လို့ခေါ်တဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက ကိုယ့်ကိုလက်ခံတာ၊ ကိုယ့်ကို ခဏခဏ အလည်ခေါ်တာတို့ ဖိတ်တာတို့ လုပ်တာ၊ ကိုယ့်ကို သဘောကျတာဟာ ကိုယ့်ရဲ့ အဖော်မဲ့ အထီးကျန်ဖြစ်နေတဲ့ခံစားချက်ကို ခဏ သက်သာစေတယ်။
ငါ့မှာ အဖော်ရှိတယ်ဆိုတဲ့ခံစားချက် ဖြစ်တယ်၊၊ သူ့နားမှ လူတွေ
ဝိုင်းပြီးတော့ သူပြောတာကို နားထောင်နေတယ်။
အဲဒီအဖွဲ့ထဲမှာ အုပ်စုထဲမှာ ရောနှောပြီးတော့ တသားထဲ ဖြစ်သွားတယ်။
အဲဒီလို ဝိုင်းဖွဲ့ပြီးတော့ ကိုယ့်ကိုယ်ကိုမေ့ပျောက်ပြီးတော့ ဘာမှ
အရေးမကြီးတာတွေကို အဆက်မပြတ် ပြောနေရတဲ့အချိန်မှာ
ကိုယ့်အကြောင်းကိုကိုယ် မတွေးမိတော့ဘူး၊ ကိုယ့်ဘဝကိုကိုယ်
မတွေးမိတော့ဘူး။
ကိုယ့်အဖော်မဲ့နေတာကို မတွေးမိတော့ဘူး။ အဲဒီအချိန်မှာ ခဏ
လောက် loneliness ခံစားမှုက ပျောက်သွားတယ်။ အဲဒီလို ခဏသက်သာအောင်ပဲလုပ်နေတဲ့သူဟာ ခိုင်မာရင့်ကျက်တဲ့ စိတ်ဓာတ်
ကို မရနိုင်ဘူး။
loneliness ခဏပျောက်သွားတာနဲ့အတူ လေးနက်တဲ့ဦးတည်ချက် ရည်မှန်းချက်၊ ရင့်ကျက်တဲ့ စိတ်နေသဘောထားတွေကို လေ့ကျင့်ပြုစုပျိုးထောင်ဖို့ အခွင့်အရေးတွေလည်း ဆုံးရှုံးသွားတယ်။
အဲဒါ သူပေးလိုက်ရတဲ့ cost ပဲ၊ တန်ဖိုးပဲ၊ ဘာမှမရေရာတဲ့ လူစုလူဝေး
ထဲမှာပဲ ကိုယ်ပါပျောက်သွားတယ်။ ကိုယ့်ဘ၀ပါ ပျောက်သွားတယ်။ အဲဒီလိုလုပ်လိုက်ခြင်းအားဖြင့် loneliness ဆိုတာကို ကျော်လွန်နိုင်ဖို့၊ လွန်မြောက်နိုင်ဖို့အတွက် အရေးကြီးဆုံးဖြစ်တဲ့ကိစ္စတစ်ခုကို ဆုံးရှုံးသွားပြီ။
loneliness ဆိုတာကို ကျော်လွန်နိုင်ဖို့၊ လွန်မြောက်နိုင်ဖို့ အရေးကြီးဆုံးဖြစ်တဲ့အလုပ်ဟာ ကိုယ့်စိတ်ထဲမှာရှိနေတဲ့ အရည်အသွေး
တွေ၊ အရည်အချင်းတွေကို ထွက်ပေါ်လာအောင်၊ တိုးတက်လာအောင်၊ အားကောင်းလာအောင်၊ ပြုစုပျိုးထောင်ဖို့ဆိုတဲ့ အလုပ်ပဲ။
Credit to စိတ်ပြူ တင်းပေါက်