Pages - Menu

Tuesday, August 4, 2015

နောက်ပိုင်းဇာတ်ကတော့ အရည်အချင်းကိုပြတာ။ ကျွန်တော်တို့နိုင်တဲ့ဝန်ရှိသလို မနိုင်တဲ့ဝန်ရှိတယ်။ ကျွန်တော့်အဘိုးဆိုသလို မဆိုနိုင်တာတွေရှိတယ်

ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
ရန်ကုန်မြို့၏ အထင်ကရနေရာတစ်ခုဖြစ်သော ကန်တော်ကြီး ကရဝိက်ဥယျာဉ်ကမ္ဘာအတွင်း၌ ဇာတ်သဘင်၏အငွေ့အသက်ကို ပေးနိုင်ရန် ဝါးထရံများဖြင့် ဇာတ်​ရုံတစ်ခုတည်ဆောက်ထားသည်။ ဇာတ်မင်းသားကြီး ရွှေမန်း (ဦး)တင်မောင်၏မြေးဖြစ်ခဲ့ပြီး မိုးရာသီ ဇာတ်သဘင်ဖျော်ဖြေမှုများကို အဆိုပါဇာတ်ရုံ၌ အပတ်စဉ်ပြုလုပ်ရန် လုပ်ဆောင်နေသူ တင်မောင်ဆန်းမင်းဝင်းနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

ရန်ကုန်လိုဖျော်ဖြေရေးအစီအစဉ် တွေ ရွေးချယ်ဖို့ရှိနေတဲ့နေရာမှာ ဇာတ်သဘင်တင်ဆက်မှုကို အ ပတ်စဉ်လုပ်တာက ဘယ်လိုစိန် ခေါ်မှုတွေရှိမလဲ။

စိန်ခေါ်မှုတော့မရှိပါဘူး။ ကျွန်တော့်အနေနဲ့ကတော့ ဒါကို မူတည်ပြီး ဇာတ်သဘင်ဒီလိုကလို့ ရတယ်ဆိုတဲ့ အတိုင်းအတာတစ် ခုကိုပြသတာပါ။ နေရာပေးမယ် ဆိုရင် အဲဒီနေရာကိုရအောင်အသုံး ချတတ်တယ်ဆိုတဲ့ လိုအပ်ချက်ကို တင်ပြတာပါ။ အမျိုးသားကဇာတ် ရုံမှမဟုတ်ဘူး။ ကိုယ့်ဟာကိုယ် ကချင်ရင် ခံ့ခံ့ညားညားနေရာတွေ မှာ ကလို့ရတဲ့အသိနဲ့ဖော်ပြတာ ပါ။ဇာတ်ရုံကို ဝါးတွေ၊ နှီးတွေကိုပဲ သုံးပြီးလုပ်ဖြစ်တာကကော ဘာ ကြောင့်လဲ။

ကျွန်တော်တို့မှာ ရွက်ထည် ရုံတွေရှိပါတယ်။ ရွက်ထည်ရုံရဲ့ System က နိုင်ငံခြားသားတွေ အတွက်ဆို ဆပ်ကပ်ရုံတွေပါ။ ဆပ်ကပ်ရုံက သူတို့အတွက် အထင်ကြီးစရာမရှိလောက်ဘူး ထင်ပါတယ်။ သူတို့က ဒါမျိုးတွေ ရဲ့ နှစ်ဆ၊ သုံးဆလောက်မြင်ဖူး ပြီးသားဆိုတော့ ဒီလိုဟာက သူတို့ မမြင်ဖူးတဲ့ဟာ။ ကျွန်တော်တို့ နိုင်ငံမှာလည်း ဒီ System နဲ့ ဒီလို လုပ်လို့ရတယ်ဆိုတဲ့ အတိုင်း အတာလေးကိုပြသတာပါ။

မိုးရာသီအပတ်စဉ် ဖျော်ဖြေရေး အစီအစဉ်အကောင်အထည်ဖော် ဖြစ်ခဲ့တာကကော ဘာကြောင့်ပါ လဲ။

တစ်နှစ် ၁၂ လမှာ ကျွန်တော် တို့က သုံးလမကဘူး။ မိုးတွင်းဆို နားတယ်။ အဲဒီသုံးလအတွင်းမှာ ထိုင်နေရမယ့်အတူတူ နေရာ ကောင်းကောင်းမှာ အလုပ်ကောင်း ကောင်းလုပ်မယ်ဆိုရင် ပိုထိ ရောက်တယ်ဆိုပြီး နေရာကောင်း ကောင်းရွေးဖြစ်တယ်။ အနုပညာ ရှင်တွေက မိုးတွင်းနားတယ်ဆိုရင် ကိုယ့်အိမ်ကိုပြန်ကြတယ်။ အဲဒီ တော့ သဘင်အသက်ခုနစ်ရက်ဆို တော့ ခုနစ်ရက်အတွင်းပျောက် သွားမှာလည်းစိုးတယ်။ ဒီမှာက ရီဟာဇယ်ပုံစံလည်းဖြစ်သလို ဖျော်ဖြေတင်ဆက်မှုကိုလည်း အပတ်တိုင်းဖြစ်အောင် ဇာတ်အဖွဲ့ တွေရဲ့စားဝတ်နေရေးအတွက် ရော အဆင်ပြေအောင် စီစဉ်ပေး ဖြစ်တာပါ။

ဇာတ်သဘင်ကို ပရိသတ်စိတ်ဝင် စားမှုမြင့်တက်လာဖို့ ဘယ်အပိုင်း တွေကို တိုးတက်အောင်လုပ်ရ မယ်ထင်လဲ။

အဓိကက လူငယ်တွေစိတ် ဝင်စားအောင်လုပ်ဖို့ အရေးကြီးပါ တယ်။ လူငယ်တွေက နောက်ပိုင်း ဇာတ်ထုပ်တွေကို စိတ်မဝင်စား ဘူးတော့မဟုတ်ဘူး။ မြန်မာလူမျိုး မှန်ရင် မြန်မာအသိုင်းအဝိုင်းကို ချစ်ကြတာပဲလေ။  အဲဒီတော့ ကျွန်တော်တို့ရဲ့ တင်ဆက်မှုက ဘာတွေဆွဲဆောင်နိုင်မလဲ၊ ဘာ တွေမက်ဆေ့ခ်ျပေးနိုင်မလဲ။ ရုပ် ရှင်တစ်ကားတောင်ပျင်းလာရင် မကြည့်ချင်တော့ဘူးလေ။ အဲဒီလို မျိုးပဲ Traditional နဲ့ပတ်သက်ပြီး သူတို့လူငယ်တွေ ဘယ်လောက် မျက်စိကျနိုင်မလဲ။ တစ်နာရီစာရှိ တဲ့ဇာတ်လမ်းဇာတ်ထုပ်ကို နာရီ ဝက်စာနဲ့တင်ပြတဲ့အခါ သူတို့ရဲ့ ကြည့်အားပိုလေးနက်မယ်။ အဲဒါ မှလည်း တိုးတက်မယ်လို့ယုံကြည် တယ်။

နောက်ပိုင်းဇာတ်တော်ကြီးတွေ ကို ဇာတ်အတော်များများမှာ မက နိုင်ကြတော့ဘူးဆိုတော့ အဲဒီလို ဇာတ်တော်ကြီးတွေကို ဘယ်လိုပုံစံ ဆန်းသစ်ပြီးတင်ဆက်ပေးဖြစ်လဲ။

နောက်ပိုင်းဇာတ်တော်တွေ ကို အော်ပရာအနေနဲ့ပြန်ပြောင်း ဖြစ်တယ်။ အော်ပရာအနေနဲ့ပြန် ပြောင်းတဲ့အခါ တေးသရုပ်ဖော် ပုံစံများတယ်။ နောက်ပိုင်းဇာတ်က တော့ အရည်အချင်းကိုပြတာ။ ငိုချင်းဆိုရတယ်။ အဲဒီမှာ ကျွန် တော်တို့နိုင်တဲ့ဝန်ရှိသလို မနိုင်တဲ့ ဝန်ရှိတယ်။ ကျွန်တော့်အဘိုးဆို သလို မဆိုနိုင်တာတွေရှိတယ်။ ဇာတ်လမ်းဇာတ်ထုပ်အပေါ် မူတည်ပြီး ဆိုသင့်တာကိုဆိုပေး တယ်။

ဇာတ်သဘင်ဖျော်ဖြေမှုအစီအစဉ် တွေမှာ ခေတ်ရဲ့တောင်းဆိုမှုအရ စတိတ်ရှိုးအတွက်အချိန်ပေးပြီး လုပ်ရတာက ဘယ်လိုအကျိုး သက်ရောက်မှုတွေရှိလဲ။

ကျွန်တော့်အတွေးကတော့ ကျွန်တော်တို့က ည ၉ နာရီကနေ မနက်အထိကရတဲ့ System သမား။ အဲဒီလို System တစ်ခု ပြည့်ဖို့ဆို လူဝင်စေချင်တဲ့ဆန္ဒ လည်းပါတာပေါ့။ အဲဒီအတွက် စတိတ်ရှိုးဆိုပြီး ခေတ်အကြိုက် လုပ်ချလိုက်တယ်။ အချိန်ကိုဆွဲ လိုက်တဲ့သဘောပါ။ ဇာတ်ကြည့်တဲ့လူတွေက စတိတ်ရှိုးပါလို့ ကောင်းသွားတယ်ဆိုတဲ့အသံ တော့မထွက်ပါဘူး။ ဇာတ်ကိုဇာတ်လိုကြည့်တတ်တဲ့သူတွေအတွက် ကတော့ စတိတ်ရှိုးပါလည်း အလကားပါပဲ။ ဒါက အားလပ်ချိန်ပေးတဲ့အချိန်မှာ မညည်းညူအောင် လုပ်ရတဲ့တင်ဆက်မှုတစ်ခုပါပဲ။ ကျွန်တော်ကတော့ အဲဒီလိုခံယူ ထားတယ်။

ဇာတ်အဖွဲ့တွေကို မြန်မာနိုင်ငံမှာ ဆုသတ်သတ်မှတ်မှတ်ပေးတာမျိုး မရှိပေမယ့် ရွှေမန်းသဘင်အဖွဲ့ကို အမေရိကန်အခြေစိုက် နယူး ယောက်အကနှင့် ဖျော်ဖြေတင် ဆက်မှုမှာ (Bessies Award)လျာ ထားခြင်းခံရတာက မြန်မာ့ဇာတ် သဘင်လောကအတွက် အားဖြစ် စေခဲ့လား။

ပိုပြီးအားတက်မိပါတယ်။ အဲဒီမှာလည်း Certificate တွေ အများကြီးလည်းရခဲ့ပါတယ်။ ဒီ ဆုကလည်း သူတို့ဆီမှာဆို အော် စကာပေါ့။ ကျွန်တော်တို့ဆီမှာက ဆို၊ က၊ ရေး၊ တီး တော့လုပ် တယ်။ ဆို၊ က၊ ရေး၊ တီးမှာ ပြိုင် တဲ့သူတချို့ကလည်း ဆို၊ က၊ ရေး၊ တီးမှာပဲ ကျင်လည် ဖစ်ခဲ့တာဆို တော့ သားလေးကိုကော လက်ဆင့်ကမ်းအမွေပေးဖို့ အစီအစဉ် ရှိလား။

လက်ဆင့်ကမ်းပေးချင်ပါ တယ်။ ဒါပေမဲ့ သူကြီးလာလို့ ဒါ ကို ဘယ်လောက်စိတ်ဝင်စားလဲ။ အဲဒါကိုမူတည်ပြီး သင်ကြားပေး မှာပါ။ မဖြစ်ဖြစ်အောင် ဖြစ်ကိုဖြစ် ရမယ်ဆိုပြီးတော့ မဟုတ်ပါဘူး။ အဲဒီလိုဆိုရင် လူတစ်ယောက်ရဲ့ ဘောင်ကျဉ်းသွားမှာကြောက်ပါ တယ်။ ငါတို့မျိုးဆက်ရှိတယ်။ မဖြစ်ဖြစ်အောင်လုပ်ရမယ်ဆိုပြီး အတွေးဝင်သွားရင် ကြိုးစားချင် စိတ်ရှိဦးတော့ စိတ်မပါရင် အလုပ်လုပ်ဖြစ်မှာမဟုတ်ဘူး။

ဇာတ်သဘင်လောကနဲ့ပတ်သက် ပြီး ဘာတွေထပ်ပြီး ဖြည့်စွက်ပြော ချင်သေးလဲ။

ဒီပွဲလေးကို ကျွန်တော့်အ တွက်ပဲဆိုရင် နှစ် ၂၀ လောက်ပဲ အလုပ်လုပ်လို့ရမှာ။ ကျန်တဲ့လူ တွေအတွက် မြေစမ်းခရမ်းပျိုးလုပ် ပေးတာပါ။ မြှင့်တင်ရေးတစ်ခုလို့ ပဲ ယူဆပါတယ်။ တစ်ယောက် တည်း ဝန်နဲ့၊ အားနဲ့တော့ တွန်းလို့ မရဘူး။ အားလုံးညီညီညွတ်ညွတ် နဲ့တွန်းမှ ရွေ့နိုင်သလို သဘင်က လူတွေအားလုံး ညီညီညွတ်ညွတ် နဲ့ တွန်းစေချင်ပါတယ်။ ကျွန်တော် လုပ်တာမိုလို့ဆိုတဲ့အတိုင်းအတာ မရှိဘဲ ဒါငါတို့အတွက်လမ်းပြပဲ။ အဲဒီလမ်းပြကလည်း တစ်ချိန်ကျ ရင် သူ့ခရီးနဲ့သူ ဆုံးသွားမှာပါ။ အားလုံးလမ်းလျှောက်ဖို့လုပ်ထား တဲ့အတွက် ဒါကိုဝင်ပြီး ညီညီညာ ညာလုပ်ပေးပါလို့ ပြောချင်ပါ တယ်။

ကျေးဇူးတင်ပါတယ်။


Posted via Blogaway

No comments:

Post a Comment