မငိုပါနဲ့ ကလေးရယ်
**********
မင်းကျနေတဲ့ မျက်ရည်တွေဟာ အားတွေ ဖြစ်လာဖို့ လိုတယ်။ အားငယ်သွာတာမျိုးတော့ မဖြစ်စေချင်ပါဘူး။ နေရာတိုင်းမှာ
မတူညီတဲ့ အခက်ခဲတွေရှိတယ်။ ဆင်လည်း ဆင် အခက်အခဲ၊ ပုရွက်ဆိတ်လည်း ပုရွက်ဆိတ် အခက်ခဲပေါ့။
ဒေးလ်ကာနယ်ဂျီလို လူမျိုးလည်း ငယ်ငယ်က မင်းလို ဆင်းရဲတာပဲ။ မင်းလိုပဲ ကျောင်း ကောင်းကောင်းမနေနိုင်ဘူး။ ငါထင်ပါ
တယ် မင်းလိုပဲ သူလည်း မျက်ရည်ကျမှာပါပဲ။ ဒါပေမယ့် သူ့ မျက်ရည်က အနာဂါတ်အတွက် အားအင်တွေ ဖြစ်လာခဲ့တယ်။
လူဆင်းရဲတာ အပြစ်မဟုတ်ပါဘူးကွာ။ စိတ်ဓာတ်ဆင်းရဲရင်သာ အပြစ်ဖြစ်တာပါ။ တကယ့်ချမ်းသာအစစ်က ကိုယ်ကျန်းမာဖို့ ၊
စိတ်ကျန်းမာဖို့ ပါ။ ကိုယ်လည်းကျန်းမာ၊ စိတ်လည်းကျန်းမာတော့ စိတ်မဆင်းဘူးပေါ့။ စိတ်ချမ်းသာတာပေါ့။
ပြည့်စုံတဲ့ ဘ၀မှာလည်း မပြည့်စုံမှုဆိုတာ ရှိတယ်။ ဒါ အမှန်တရားပဲကွ။ သူတို့ မှာလည်း သူတို့ အပူနဲ့ သူတို့ ပါ။ ပြောရရင် ကိုယ်
မကျန်းမာတာနဲ့ စိတ်မကျန်းမာတာနဲ့  စတာတွေပေါ့။ ဒီတော့ ချမ်းသာမှုအစစ်ဆိုက ဘာလည်းဆိုတာ မင်း သိလောက်ပါပြီ။
လူတွေမှာ အတောမတတ်နိုင်အောင် ဆန္ဒတွေ များပြားတယ်။ မင်းလည်း ဘ၀ဆိုတဲ့ ကျောင်းတတ်ရပါတယ်။ မမြင်နိုင်တဲ့
သင်ခန်စာတွေကို ဆရာမျိုးမျိုးနဲ့ သင်ယူပြီး မတူညီတဲ့ အောင်လက်မှတ်တွေ မင်း ရယူနိုင်ပါသေးတယ်။ မင်း ဆန္ဒရှိရင်ပေါ့။
ဒီတော့ မင်း မငိုပါနဲ့ ကွာ။ လက်ဖမိုးနဲ့  မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်စမ်းပါ။ တစ်ချိန်တည်းမှာ လွင့်စင်သွားတဲ့
မျက်ရည်တွေနဲ့ အတူ သောကတွေကို ဖယ်ထုတ်လိုက်ပါ။ ဖယ်ရှားပေးလိုက်တဲ့ လက်ဖမိုးလို အားအင်တွေ မင်း မွေးလိုက်ပါ။
စာအုပ်မြို့တော်မှကူးယူဖော်ပြသည်
Posted via Blogaway
No comments:
Post a Comment