MYANMAR (Zawgyi)
ပြီးနောက်...
MYANMAR (Unicode)
မင်္ဂလာပါ ခင်ဗျာ။ ဖုန်း Screen. ရဲ့ Status Bar ပေါ်မှာ ကိုယ့်နာမည်ရေးချင်တဲ့ သူငယ်ချင်းတွေ အတွက် XposedStatusText ဆိုတဲ့ Xposed Modules Apk လေးပါ။ ကောင်မလေးနာမည် ရေးချင်လည်းရေးပေါ့ဗျာ၊ ဒါကတော့ သဘောပါ မောင်။
ဒီ App လေးကို အသုံးပြုဖို့ အတွက် ဖုန်းမှာ Root ရှိရပါမယ်။ Xposed Modules App တစ်ခု ဖြစ်တဲ့ အတွက် ဖုန်းမှာ Xposed Installer Appလည်း ရှိပြီးသား ဖြစ်ရပါမယ်။ Root ရှိပြီး Xposed Installer မရှိသေးတဲ့ သူငယ်ချင်းတွေ အတွက် Xposed Installer နှင့်Xposed Modules များ ထည့်သွင်း အသုံးပြု နည်း ကို ..ဒီနေရာမှာပဲ နှိပ်ပြီး သွားရောက်လေ့လာ ဒေါင်းယူ လိုက်ပါ။
XposedStatusText apk ကို ဒေါင်းယူ၊ Install လုပ်လိုက်ပါ။
ပြီးနောက်...
➡Xposed Installer App ကို နှိပ်ဖွင့်ပါ။
➡Modules ကို ဆက်နှိပ်ပါ။
➡Install လုပ်ထားတဲ့ XposedStatusText app ကို တွေ့ပါလိမ့်မယ်။ သူ့ရဲ့ ညာဘက် အပေါ်နားက လေးထောင့်ကွက်လေးကို နှိပ်ပြီး အမှန်ခြစ်လေး ထည့်ပေးလိုက်ပါ။
➡ပြီးနောက် ဖုန်းကို reboot (or) restart လုပ်ပေးလိုက်ပါ။ ပြန်တတ်လာတဲ့ အခါ သွားနှိပ်ဖွင့်ပြီး ပြုပြင်လို့ရပါပြီဗျာ။
အောက်မှာ ပုံလေးတွေနဲ့ ပြထားပေးပါတယ်။
➡XposedStatusText App ကို ဖွင့်လိုက်ပါ။
➡Enter text to display right of clock ဆိုတဲ့ စာတန်းအောက်မှာ ရေးမယ် ဆိုရင် StatusBar နာရီရဲ့ ညာဘက်မှာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။
➡Enter text to display left of clock ဆိုတဲ့ စာတန်းအောက်မှာ ရေးမယ် ဆိုရင် StatusBar နာရီရဲ့ ဘယ်ဘက်မှာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။
➡နာရီကို ဖျောက်ထားချင်တယ် ဆိုရင်တော့ Hide Clock ဆိုတဲ့ အရှေ့က လေးထောင့်ကွက်လေးထဲမှာ အမှန်ခြစ်လေး ထည့်ပေးလိုက်ပါဗျာ။
➡Clock Colour နဲ့ Text Colour ရဲ့ အရောင်တွေ ပြောင်းချင်တယ် ဆိုရင်တော့ Default ကို နှိပ်ပြီး Colour တွေကို ရွှေးချယ် နိုင်ပါတယ်။
➡Select font file (.ttf) မှာ ကိုယ် ကြိုက်နှစ်သက်တဲ့ Font Style (.ttf-file) ကို သတ်မှတ် ပေးနိုင်ပါတယ်။
➡အားလုံး သတ်မှတ်ပြီးပြီ ဆိုရင်တော့ Apply ကို နှိပ်ပြီး ပြန်ထွက်လိုက်ပါတော့ဗျာ။ ခဏကြာတဲ့ အခါ ဖုန်းရဲ့ Status Bar ပေါ်မှာ ကိုယ် ရေးသား ပြု ပြင်ထားသလို ပေါ်လာပါလိမ့်မယ်။
အဆင်မပြေတာလေးများ ရှိခဲ့ရင် မန့်ပေးခဲ့ပါဗျာ။
No comments:
Post a Comment