✔ Xposed Installer_ v2.6.1.apk
✔Gesture Navigation_ v1.0.6.apk ( Xposed Modules )
✔ နောက်ထပ် Xposed Modules တစ်ခုကတော့...
⭐Gesture Navigation ဆိုတဲ့ apk လေးပါ။ ဒီ Apk လေးက google playstore မှာ 💲2 ..ကျော်လောက် ပေးရတဲ့ ဟာလေးပါ။ ကျနော်က ခိုးလာတာ၊ ခ်..ခ်..။
မှားလို့ပါ ...ကျနော်တို့အားလုံး ဝယ်ပြီး သုံးနိုင်တဲ့ သူတွေပါပဲဗျာ။ ဒီအကြောင်းတွေ ပြောရရင် နိုင်ငံရေးတွေ ပါကုန်တော့မယ် ထင်တယ်၊ ထားပါတော့ဗျာ။
အဲဒီ Gesture Navigation apk လေးက ဘယ်လို အလုပ်လုပ်လဲ ဆိုတော့ သူ့အထဲမှာ
➡ Edge Gesture
➡ Two Finger Gestures
➡ Three Finger Gestures
➡ Four Finger Gestures
➡ Five Finger Guestures
➡ Touch Gestures
➡ Hold Gestures
➡ Status Bar Gestures
➡ Notification Panel Gestures
➡ Navigation Bar Gestures
➡ Lockscreen Glowpad Gestures တွေ ပါဝင်ပါတယ်။
✔ ကျနော် စေတနာထားတဲ့ အတိုင်း တစ်ခုတော့ ရှင်းပြပေးပါ့မယ်။
⭐ Edge Gestures ......ပါ။
Edge = အစွန်းအဖျား
Gesture = ကိုယ်ခန္ဓာ/ ခြေလက်များ၏ ထင်ရှားသော လှူပ်ရှားမှူ
အဲ့တော့ဗျာ ..အစွန်းအဖျားလေးတွေကို ကျနော်တို့ လက်ကလေးတွေနဲ့ လှူပ်ရှားရမယ် ဆိုပါတော့..
ခိ..ခိ...ကျနော် ဘာသာပြန်တာ မိုက်တယ်နော်..ရှင်းနေရော..
Gesture Navigation apk ကို ဒေါင်းယူ၊ install လုပ်ပါ။
➡Install လုပ်ပြီးရင် Xposed Installer App ကို ဖွင့်ပါ။
➡Modules ကိုနှိပ်ဖွင့်ပါ။ Gesture Navigation app ကိုတွေ့ပါလိမ့်မယ်။ အမှန်ခြစ်ပေးပြီးရင် နှိပ်ဖွင့်လိုက်ပါ။
အဲဒီမှာ စ.တွေ့ပါလိမ့်မယ်
ပထမဆုံး ဖြစ်တဲ့ Edge Gestures ကို အသုံးပြုဖို့ နားလည်သလောက်လေး ပြောပြပေးပါမယ်။
Edge Gesture ထဲမှာပဲ ပါဝင်တာ (၄) မျိုး ရှိပါတယ်..
1. Right Edge Gestures ( ညာဘက် အစွန်း လှူပ်ရှားမှူ )
2. Left Edge Gestures ( ဘယ်ဘက် အစွန်း လှူပ်ရှားမှူ )
3. Top Edge Gestures ( အပေါ်ဘက် အစွန်း လှူပ်ရှားမှူ )
4. Bottom Edge Gestures ( အောက်ခြေဘက် အစွန်း လှူပ်ရှားမှူ ) တွေပဲ ဖြစ်ပါတယ်။
အဲဒီ လေးမျိုး ထဲကနေ Right Edge Gestures ကို ရှင်းပြပေးပါမယ်။ Function တွေ များလွန်းလို့ နည်းနည်းပဲ ရှင်းပြပါရစေ။ စာတွေလည်း များနေလို့ပါနော်။
Right Edge Gestures ကို နှိပ်ပြီး ဖွင့်လိုက်ရင်
➡Right Edge Gestures
➡Left Swipe
➡Up Swipe
➡Down swipe
➡Single Tap
➡Double Tap ဆိုပြီး ဆက်တွေ့ရပါလိမ့်မယ်။
အဲဒီမှာ အပေါ်ဆုံးက Right Edge Gestures ဆိုတာ တစ်ချက်နှိပ်လိုက်ပါ။ အစိမ်းရောင် အတုံးလေး ပြနေမှ အောက်မှာ ကိုယ် သတ်မှတ်ထားတာတွေ အလုပ်လုပ်မှာ ဖြစ်ပါတယ်။ ဖွင့်ထားပေးရပါမယ်။
Right Edge Gestures က ဖုန်းကိုင်တဲ့ အခါ ညာဘက်အခြမ်းပါ။ ဟုတ်တယ်နော်..😊 ညာဘက်အခြမ်း မီးလင်းနေတဲ့ ဖုန်း screen အစပ်နား၊ ဖုန်းကာဗာ ဘောင်ရဲ့ အတွင်းဘက် အစပ်နားပဲ ဆိုပါတော့ဗျာ။
အဲ့ဒီ နယ်စပ်နားကို လက်ညိုး၊ လက်မ လေးတွေနဲ့ ထိပြီး အသုံးပြု လှူပ်ရှားပေးရပါမယ်။ Left Sipe ဘယ်ဘက်ကို ဆွဲရွှေ့ပါ၊ Up Swipe အပေါ်ဘက်ကို ဆွဲရွှေ့ပါ။ Down Swipe အောက်ဘက်ကို ဆွဲရွှေ့ပါ။ Single Tap တစ်ချက် ထိခေါက်ပေးပါ။ Double Tap နှစ်ချက်ဆင့်ပြီး ထိခေါက်ပေးပါ။
ဥပမာ..Left swipe ဆိုပါတော့၊ ခုက ညာဘက်အစွန်းနား လုပ်ဆောင်ချက်တွေကို ပြုလုပ်ပေးမှာ ဖြစ်တဲ့ အတွက် သူက Left Swipe ကို ပဲ ပေးထားပါတယ်၊ ညာဘက်အစွန်းကနေ ညာဘက်ကို ဆက်ဆွဲရင် ဖုန်း Screen အပြင်ဘက်ပဲ ရောက်သွားမှာပေါ့နော်။ ဘယ်ဘက်ကို ကိုဆွဲရပါမယ်။
Left Swipe - ကို နှိပ်လိုက်ပါ ဖုန်းထဲက Apps တွေ ပေါ်လာပါလိမ့်မယ်၊ တစ်ခုကို သက်မှတ်ပေးရပါမယ်
Up Swipe ကို နှိပ်လိုက်ပါ ဖုန်းထဲက Apps တွေ ပေါ်လာပါလိမ့်မယ်၊ တစ်ခုကို သတ်မှတ်ပေးလိုက်ပါ။
Down Swipe , Single Tap နှင့် Double Tap တွေကိုလည်း ဒီနည်း အတိုင်းပဲ သက်မှတ် ပေးရတာပါပဲ။သတ်မှတ်ပြီးရင် စမ်းကြည့်နိုင်ပါတယ်၊ ဒီ Reboot (or) Restart မလုပ်လည်း ရပါတယ် ခင်ဗျာ။
ကျနော်ကတော့ Single Tap နှင့် Double Tap တွေကို မထားပဲ ( No Action ) လုပ်ထားပါတယ်။ ကီးဘုတ်ရိုက်တဲ့ အခါ အစွန်းလေးတွေကို သွား.ကလိမိတော့ သတ်မှတ်ထားတဲ့ Apps တွေက ဘွားခနဲ့ ပေါ်လာတတ်လို့ပါ။ ကိုယ့် လက် ကိုယ် ထိန်းနိုင်တယ် ဆိုရင်တော့ ထားပေါ့ဗျာ။
✅ Apk တွေကို အောက်မှာ ဒေါင်းပြီး ယူပါ ခင်ဗျာ။ လိုအပ်ချက်လေးများ အဆင်မပြေတာလေးများ ရှိခဲ့ရင်လည်း မန့်ပေးခဲ့လိုက်ပါ ခင်ဗျာ။ ✅
✔ မင်္ဂလာပါ ခင်ဗျာ။
ဒီတစ်ခါ Android ဖုန်းတွေကို Root ဖောက်ထားပြီး အကောင်းဆုံး လုပ်ဆောင်ချက် (function) တွေနဲ့ အသုံးပြုချင်တဲ့ သူငယ်ချင်းတွေ အတွက် Xposed Installer ဆိုတဲ့ လူသုံးများလာပြီ ဖြစ်တဲ့ App လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ App လေးကို ဖုန်းထဲမှာ Install လုပ်ထားရင် သူရဲ့ modules နေရာမှာ Plugin လုပ်ပြီး သုံးရမယ် Apps တွေရဲ့ လုပ်ဆောင်ချက်တွေက သူငယ်ချင်းတို့ စိတ်ကြိုက် ဖြစ်စေလိမ့်မယ် ထင်ပါတယ်။ Xposed Installer နဲ့ Plugin လုပ်ပြီး သုံးရမယ် Xposed Module Apps တွေ အများကြီး ရှိပါတယ်။ အဲဒီ အထဲက နှစ်ခုလောက်ကို တင်ပြပေးသွားပါမယ်။ ကျနော့် Blog လေးရဲ့ ရှေ့ပိုင်း Post တွေထဲမှာလည်း Wannam Xposed နဲ့ Wannam Kit ဆိုတဲ့ Xposed Moudules နှစ်ခု တင်ထားပေးပြီး ဖြစ်ပါတယ်။
✔ Xposed installer ကို အသုံးပြုဖို့အတွက် ပထမဆုံး ကိုယ့်ရဲ့ ဖုန်းမှာ Root ရှိရပါမယ်။ Xposed Installer ကို အောက်မှာ ဒေါင်းပြီးယူပါ။
ဒေါင်းလို့ ရလာတဲ့ Xposed Installer Apk ကို install လုပ်ပါ။
Xposed Installer ဆိုတဲ့ App ပုံလေး ကိုယ့်ရဲ့ ဖုန်းထဲမှာ ရောက်နေတာတွေ့ရပါလိမ့်မယ်။ ဟုတ်တယ်နော်..ခ်..ခ်။
ကဲ..ဗျာ...ဖုန်းထဲမှာ ရောက်ရှိနေတဲ့ Xposed Installer ဆိုတဲ့ App လေးကိုနှိပ်ပြီး ဖွင့်လိုက်ပါနော်..၊
အဲ့ဒီမှာ ပထမဆုံး Framework ဆိုတဲ့ အပိုင်းမှာ အနီရောင် စာတန်းတွေ ပြနေပါလိမ့်မယ်။ Not active ပါ။ Xposed modules တွေကို Plugin လုပ်ပြီး အသုံးပြုနိုင်ဖို့ အတွက် Framework က Active ဖြစ်ရပါမယ်။
➡Active ဖြစ်ဖို့ အတွက် အနီရောင်စာတန်းနဲ့ Framework ဆိုတဲ့ အပိုင်းကို နှိပ်လိုက်ပါ၊
➡Be Careful! ဆိုတဲ့ ဘောက်ကလေးတစ်ခု ပေါ်လာပါလိမ့်မယ်၊ Ok. နှိပ်ပေးလိုက်ပါ။
➡ပြီးရင် Install/Update ဆိုတာကို နှိပ်ပါ။
➡Superuser request တောင်းလာတဲ့ အခါ Grant (or) Allow. ကို နှိပ်ပေးလိုက်ပါ။
➡ ပြီးရင် ဘောက်ကလေး တစ်ခု ပေါ်လာပါဦးမယ် Phone ကို Reboot (or) Restart လုပ်ခိုင်းတာပါ၊ Ok ကို နှိပ်ပေးလိုက်ပါ။
ဖုန်းက Reboot ပြန်တတ်လာတဲ့ အခါ Xposed installer ကို ပြန်ဖွင့်ကြည့်ပါ အနီရောင်စာတန်း မရှိတော့ပဲ Active ဖြစ်နေရပါမယ်။
✔Xposed Installer ရဲ့ ဒုတိယ အပိုင်းကတော့ Modules ပါပဲ၊ အဲ့ဒီနေရာမှာ Plugin လုပ်ပြီး သုံးရတဲ့ Xposed Modules App တွေရဲ့ နေရာပေါ့ဗျာ၊ Xposed Modules App တွေကို ဒေါင်းယူ၊ install လုပ်ပြီးတဲ့ အခါ အဲ့ဒီ နေရာမှာ သွားပြီး၊ အသုံးပြုမယ့် Modules App ကို အမှတ်လေးကို သွားပြီး ခြစ်ပေးရပါမယ်။ ပြီးရင် Modules App ကိုနှိပ်ပြီး သူ့ရဲ့ လုပ်ဆောင်နိုင်စွမ်း ရှိတဲ့ အတိုင်းအတာ အတွင်းမှာ ကိုယ့် စိတ်တိုင်းကျ ပြုပြင်နိုင်ပါတယ်။ ပြုပြင်ပြီးတဲ့ အခါ ဖုန်းကို Reboot (or) restart. ထပ်ပြီး လုပ်ပေးရပါမယ်။ (မှတ်ချက်- အချို့ Modules Apps များက ✅အမှတ်ခြစ်၊ Reboot လုပ်ပြီးမှ ပြု ပြင်နိုင်သည်။)
✔ Xposed Installer ရဲ့ တတိယ အပိုင်းကတော့ Downloads ပါ။ ကျနော်တို့ ကြိုက်နှစ်သက်ရာ Modules Apps များစွာကို ရှာဖွေ ဒေါင်းယူ၊ Install လုပ်နိုင်ပါတယ်။ ဒါ့အပြင် Google search မှာ Xposed Modules လို့ ရိုက်ပြီး Best Xposed Modules တွေကို ရှာဖွေ ဒေါင်းယူနိုင်ပါတယ်။
....အောက်မှာ ပုံလေးတွေနဲ့ အတတ်နိုင်ဆုံး ရှင်းအောင် တင်ပြပေးထားပါတယ်။
⭐⭐ Xposed installer App ကို Android Version အနိမ့်တွေကနေ Version_4.4.4 အထိ အသုံးပြု နိုင်တဲ့ Xposed Installer_v2.6.1.apk ကို ပေးထားပါတယ်။
⭐⭐Lolipop Version တွေ အတွက်ကတော့ Xposed Installer_ v3.0-Alpha-2-3-4 စသည်ဖြင့် Lolipop Version အလိုက် ရွေးပြီး သုံးရမှာရယ် Xposed Installer - Framework ....Active ဖြစ်ဖို့ အတွက် နောက်ထပ် Tools နှစ်ခု.သုံးခု ပေါင်းထည့်ပေးမှ Active ဖြစ်ပြီး သုံးလို့ အဆင်ပြေမှာ ဖြစ်တဲ့ အတွက် အနည်းငယ် ရှုပ်ထွေးပြီး ရွာလည် စရာဖြစ်နေတဲ့ အတွက် နောက် အဆင်ပြေ အချိန်ရတဲ့ အခါ ကြိုးစားပြီး ရေးပေးပါ့မယ့်...
⭐⭐ ....ကျေးဇူးတင်ပါတယ်....⭐⭐
✔ APM+_v17.11.apk ( Xposed Modules )
✔ လျှာရှည်ပါဦးမယ် ခင်ဗျာ....
Xposed Installer အခန်း ပြီးပြီ ဆိုတော့ ပြောခဲ့တဲ့ အတိုင်း ..Plugin လုပ်ပြီး သုံးဖို့ Xposed Modules နှစ်ခု ဆက်ပြီး တင်ပေးလိုက်ပါတယ်။
1. APM+ ဆိုတဲ့ Xposed Modules apk လေးပါ။
APM+ ကို ဒေါင်းယူ၊ Install လုပ်ပါ။
➡ပြီးရင် ဖုန်းထဲမှာ Xposed Installer App ကို နှိပ်ပြီး ဖွင့်လိုက်ပါ။
➡Modules ကို နှိပ်ပါ။ APM+ App ကို တွေ့ရပါမယ်။ ညာဘက် အစွန်းက အကွက်လေးထဲမှာ အမှန်ခြစ်လေး ပေးလိုက်ပါ။ ပြီးရင် reboot (or) restart လုပ်ပေးလိုက်ပါ။( အချို့ modules app တွေက အမှန်ခြစ်၊ တစ်ခါထဲ ပြု ပြင်ပြီးမှ Reboot လုပ်လည်း ရပါတယ်။)
➡APM+ App ကို နှိပ်ပြီး ဖွင့်လိုက်ပါ။ Xposed Installer ရဲ့ Modules ထဲမှာပဲ သွားပြီး ဖွင့်တာ အသေချာဆုံးပါပဲဗျာ။
[APM+ App လေးက ဘာတွေ အသုံးပြု လို့ရသလဲ ဆိုတော့ ကျနော်တို့ ဖုန်းရဲ့ POWER ခလုတ် ( device options) ကို ဖိနှိပ်လိုက်တဲ့ အခါ ပုံမှန်အားဖြင့် power off, mobile data, Airplane mode နဲ့ reboot (or) restart စသည်ဖြင့် ပါပါတယ်။]
နှိပ်ဖွင့်ထားတဲ့ APM+ App ရဲ့ အောက်ဘက်မှာ အစိမ်းရောင် အပေါင်းလက္ခဏာ အကွက်လေးကို နှိပ်ပြီး
➡ Screenshot
➡ Screen record
➡ Flashlight
➡Quick dial ( ဖုန်းနံပါတ် တစ်ခု)
တွေကို ပေါင်းထည့်နိုင်ပါတယ်။ Theme တွေကိုလည်း ကြိုက်သလို ရွေးချယ် သုံးနိုင်ပါတယ်။ ဒါ့အပြင် အသုံးမလိုတဲ့ ဟာကို edit, move, remove လုပ်ထားနိုင်ပါတယ်။ ပြု ပြင်ပြီးပြီ ဆိုရင်တော့ ဖုန်းကို restart (or) reboot လုပ်ပေးလိုက်ပါ။ ပြန်တတ်လာရင်တော့ ကိုယ် ပြု ပြင်ထားသလို တွေ့ရပါလိမ့်မယ်။
✔ Xposed Installer ရဲ့ Modules တွေ ကို အသုံးပြုပုံကတော့ အတူတူပါပဲ ခင်ဗျာ။
Modules App တွေ ရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ လုပ်ဆောင်ချက်တွေကို သူငယ်ချင်းတို့ စိတ်ကြိုက် ပြု ပြင်ပြီး သုံးရမှာပါပဲဗျာ။ ✔
✔Gesture Navigation_ v1.0.6.apk ( Xposed Modules )
⭐Gesture Navigation ဆိုတဲ့ apk လေးပါ။ ဒီ Apk လေးက google playstore မှာ 💲2 ..ကျော်လောက် ပေးရတဲ့ ဟာလေးပါ။ ကျနော်က ခိုးလာတာ၊ ခ်..ခ်..။
မှားလို့ပါ ...ကျနော်တို့အားလုံး ဝယ်ပြီး သုံးနိုင်တဲ့ သူတွေပါပဲဗျာ။ ဒီအကြောင်းတွေ ပြောရရင် နိုင်ငံရေးတွေ ပါကုန်တော့မယ် ထင်တယ်၊ ထားပါတော့ဗျာ။
အဲဒီ Gesture Navigation apk လေးက ဘယ်လို အလုပ်လုပ်လဲ ဆိုတော့ သူ့အထဲမှာ
➡ Edge Gesture
➡ Two Finger Gestures
➡ Three Finger Gestures
➡ Four Finger Gestures
➡ Five Finger Guestures
➡ Touch Gestures
➡ Hold Gestures
➡ Status Bar Gestures
➡ Notification Panel Gestures
➡ Navigation Bar Gestures
➡ Lockscreen Glowpad Gestures တွေ ပါဝင်ပါတယ်။
✔ ကျနော် စေတနာထားတဲ့ အတိုင်း တစ်ခုတော့ ရှင်းပြပေးပါ့မယ်။
⭐ Edge Gestures ......ပါ။
Edge = အစွန်းအဖျား
Gesture = ကိုယ်ခန္ဓာ/ ခြေလက်များ၏ ထင်ရှားသော လှူပ်ရှားမှူ
အဲ့တော့ဗျာ ..အစွန်းအဖျားလေးတွေကို ကျနော်တို့ လက်ကလေးတွေနဲ့ လှူပ်ရှားရမယ် ဆိုပါတော့..
ခိ..ခိ...ကျနော် ဘာသာပြန်တာ မိုက်တယ်နော်..ရှင်းနေရော..
Gesture Navigation apk ကို ဒေါင်းယူ၊ install လုပ်ပါ။
➡Install လုပ်ပြီးရင် Xposed Installer App ကို ဖွင့်ပါ။
➡Modules ကိုနှိပ်ဖွင့်ပါ။ Gesture Navigation app ကိုတွေ့ပါလိမ့်မယ်။ အမှန်ခြစ်ပေးပြီးရင် နှိပ်ဖွင့်လိုက်ပါ။
အဲဒီမှာ စ.တွေ့ပါလိမ့်မယ်
ပထမဆုံး ဖြစ်တဲ့ Edge Gestures ကို အသုံးပြုဖို့ နားလည်သလောက်လေး ပြောပြပေးပါမယ်။
Edge Gesture ထဲမှာပဲ ပါဝင်တာ (၄) မျိုး ရှိပါတယ်..
1. Right Edge Gestures ( ညာဘက် အစွန်း လှူပ်ရှားမှူ )
2. Left Edge Gestures ( ဘယ်ဘက် အစွန်း လှူပ်ရှားမှူ )
3. Top Edge Gestures ( အပေါ်ဘက် အစွန်း လှူပ်ရှားမှူ )
4. Bottom Edge Gestures ( အောက်ခြေဘက် အစွန်း လှူပ်ရှားမှူ ) တွေပဲ ဖြစ်ပါတယ်။
အဲဒီ လေးမျိုး ထဲကနေ Right Edge Gestures ကို ရှင်းပြပေးပါမယ်။ Function တွေ များလွန်းလို့ နည်းနည်းပဲ ရှင်းပြပါရစေ။ စာတွေလည်း များနေလို့ပါနော်။
Right Edge Gestures ကို နှိပ်ပြီး ဖွင့်လိုက်ရင်
➡Right Edge Gestures
➡Left Swipe
➡Up Swipe
➡Down swipe
➡Single Tap
➡Double Tap ဆိုပြီး ဆက်တွေ့ရပါလိမ့်မယ်။
အဲဒီမှာ အပေါ်ဆုံးက Right Edge Gestures ဆိုတာ တစ်ချက်နှိပ်လိုက်ပါ။ အစိမ်းရောင် အတုံးလေး ပြနေမှ အောက်မှာ ကိုယ် သတ်မှတ်ထားတာတွေ အလုပ်လုပ်မှာ ဖြစ်ပါတယ်။ ဖွင့်ထားပေးရပါမယ်။
Right Edge Gestures က ဖုန်းကိုင်တဲ့ အခါ ညာဘက်အခြမ်းပါ။ ဟုတ်တယ်နော်..😊 ညာဘက်အခြမ်း မီးလင်းနေတဲ့ ဖုန်း screen အစပ်နား၊ ဖုန်းကာဗာ ဘောင်ရဲ့ အတွင်းဘက် အစပ်နားပဲ ဆိုပါတော့ဗျာ။
အဲ့ဒီ နယ်စပ်နားကို လက်ညိုး၊ လက်မ လေးတွေနဲ့ ထိပြီး အသုံးပြု လှူပ်ရှားပေးရပါမယ်။ Left Sipe ဘယ်ဘက်ကို ဆွဲရွှေ့ပါ၊ Up Swipe အပေါ်ဘက်ကို ဆွဲရွှေ့ပါ။ Down Swipe အောက်ဘက်ကို ဆွဲရွှေ့ပါ။ Single Tap တစ်ချက် ထိခေါက်ပေးပါ။ Double Tap နှစ်ချက်ဆင့်ပြီး ထိခေါက်ပေးပါ။
ဥပမာ..Left swipe ဆိုပါတော့၊ ခုက ညာဘက်အစွန်းနား လုပ်ဆောင်ချက်တွေကို ပြုလုပ်ပေးမှာ ဖြစ်တဲ့ အတွက် သူက Left Swipe ကို ပဲ ပေးထားပါတယ်၊ ညာဘက်အစွန်းကနေ ညာဘက်ကို ဆက်ဆွဲရင် ဖုန်း Screen အပြင်ဘက်ပဲ ရောက်သွားမှာပေါ့နော်။ ဘယ်ဘက်ကို ကိုဆွဲရပါမယ်။
Left Swipe - ကို နှိပ်လိုက်ပါ ဖုန်းထဲက Apps တွေ ပေါ်လာပါလိမ့်မယ်၊ တစ်ခုကို သက်မှတ်ပေးရပါမယ်
Up Swipe ကို နှိပ်လိုက်ပါ ဖုန်းထဲက Apps တွေ ပေါ်လာပါလိမ့်မယ်၊ တစ်ခုကို သတ်မှတ်ပေးလိုက်ပါ။
Down Swipe , Single Tap နှင့် Double Tap တွေကိုလည်း ဒီနည်း အတိုင်းပဲ သက်မှတ် ပေးရတာပါပဲ။သတ်မှတ်ပြီးရင် စမ်းကြည့်နိုင်ပါတယ်၊ ဒီ Reboot (or) Restart မလုပ်လည်း ရပါတယ် ခင်ဗျာ။
ကျနော်ကတော့ Single Tap နှင့် Double Tap တွေကို မထားပဲ ( No Action ) လုပ်ထားပါတယ်။ ကီးဘုတ်ရိုက်တဲ့ အခါ အစွန်းလေးတွေကို သွား.ကလိမိတော့ သတ်မှတ်ထားတဲ့ Apps တွေက ဘွားခနဲ့ ပေါ်လာတတ်လို့ပါ။ ကိုယ့် လက် ကိုယ် ထိန်းနိုင်တယ် ဆိုရင်တော့ ထားပေါ့ဗျာ။
✅ Apk တွေကို အောက်မှာ ဒေါင်းပြီး ယူပါ ခင်ဗျာ။ လိုအပ်ချက်လေးများ အဆင်မပြေတာလေးများ ရှိခဲ့ရင်လည်း မန့်ပေးခဲ့လိုက်ပါ ခင်ဗျာ။ ✅
No comments:
Post a Comment