Pages - Menu

Saturday, May 23, 2015

ဝါးသီးကဘယ်​လိုမျိုးလဲ

*ဝါးသီး*
ဝါးသီးဆိုရင်တောသူတောင်သားအားလုံးလိုလိုကြားဖူးနေကြပေမဲ့
မြို့မှာနေကြသူတွေအနေနဲ့ကတော့ ဝါးသီးကိုမြင်ဖူးသူအလွန်နည်းပါးပါလိမ့်မယ် တောသူတောင်သားတွေတောင် လူတစ်ရာမှာ ၉၇%လောက်ကဝါးသီးကိုမမြင်ဖူးကြပါဘူးကြားပဲကြားဖူးကြမှာပါ
ဝါးသီးကခြောက်ပြီးကြွေကျပါကပြုတ်စားနိုင်ပါတယ်
ဆန်ဖွတ်သလိုအရင်ဖွတ်ပါ ကောက်ညှင်းစားနေရသလိုအရသာရှိပါတယ် ကောက်ညှင်းလိုလဲစီးပါတယ်
ဝါးသီးဟာ ထမင်းထက် ဗီတာမင်အား အလွန်ပိုမိုပါတယ်
ဝါးပင်ဟာတစ်သက်မှာတစ်ခါပဲသီးလေ့ရှိပါတယ် ဝါးသီးများသီးပါကသီးသည့်ဝါးရုံမှာတစ်ရုံလုံးနွမ်းခြောက်ပြီးသေလေ့ရှိပါတယ် ဝါးသီးကတစ်ခြားသောအပင်များလို အသီးမအောင်မြင်ပါ အလွန်နဲပါးပါတယ် အဖူးအပွင့်များနဲ့သာခြောက်ပြီးသေလေ့ရှိပါတယ် အောက်ပါပုံကဝါးသီးကတော့အလွန်ဖွံ့ဖြိုးထွားကြိုင်းသောဝါးသီးများသာဖြစ်ပါတယ် ဝါးသီး၏မူလပမာဏမှာ ကလေးလက်သန်းလောက်ပဲရှိပါတယ်

No comments:

Post a Comment